Part 💭 55 (U)

9K 219 1
                                    

(Unicode)
True Love 💭❤ အပိုင်း - ၅၅

"အကိုလေး ဟင် "

ရွှေကူမှင်သက်ရသည်က အစောကအင်္ကျီမဟုတ်ပဲ နက်ပြာရောင်ရှပ်လက်ရှည်ကြီးကို စတိုင်ကျကျဝတ်ထားသည်ကြောင့်ပင်။ ရင်အုံကျယ်ကျယ်ကြီးကထင်း၍နေသလို လည်ပင်းကျယ်သီးတစ်လုံးဖြုတ်ထား၍ ဖွေးနေသည့်ရင်ဘက်ကြီးက ထင်း၍နေလေသည်။ သေချာသည်က ထိုမြင်ကွင်းကြီးကိုရွှေကူမှင်သက်၍ အကိုလေး၏ချောမောမှုကို ငေးနေမိသည်သာဖြစ်၏။

"ဟေ့.. ဖြေးဖြေးကြည့်လဲရပါတယ် ယင်ဥလေးဝင်ဥသွားပါအုံးမယ်ကွ"

"အဟမ်း ဘယ်သူကကြည့်လို့လဲ အဟွတ် အဟွတ်.."

မျက်နှာလေးရဲ၍ ချောင်းလေးတွေဟန်လုပ်ဆိုးနေသည့်အာပူကြူးလေးက ဘေးလွယ်အိတ်လေးကိုလိမ်၍ဆွဲနေလေသည်။

"ဘာလို့အလှတွေပြင်လာတာလဲ"

ရွှေကူပါးလေးကို လက်နှင့်ကိုင်၍စမ်းမိတော့ ပြုံးလာမိ၏။

"ဟီး..မိတ်ကပ်လေးနဲနဲလိမ်းလာတာသိသာနေလားအကိုလေး "

"သိသာတာပေါ့ ကိုယ်ကအာပူကြူးမျက်နှာလေးဘာမှမလိမ်းရင်လဲသိတယ် မိတ်ကပ်လိမ်းထားရင်လဲချက်ချင်းသိတယ် ဟောဒီ့ကနှုတ်ခမ်းလေး နှုတ်ခမ်းနီဆိုးထားရင်ပိုတောင်သိသေးကွ"

အကိုလေးက ခါးလေးကိုင်း၍ ရွှေကူ့မျက်နှာရှေ့ပြုံးပြုံးကြီးနှင့်ကြည့်ကာ နှုတ်ခမ်းလေးကို လက်နှင့်တို့ထိ၍ပြောလာလေသည့်အခါ ရွှေကူအကိုလေး၏မျက်လုံးလေးကိုပြန်ကြည့်မိသည်။

ပြုံးနေသည့်နှုတ်ခမ်းကအပြုံးလေးက မျက်လုံးတွင်ထင်ဟပ်နေသည့်အခိုက်တန့်လေးဟာ ရွှေကူ့အတွက်ရင်ခုန်ဖွယ်ရာအတိဖြစ်နေလေ၏။

အို ..အကိုလေး၏ရုပ်ရည်သွင်ပြင်က တစ်နေကုန်ထိုင်ကြည့်လျှင်တောင် ငြီးငွေ့ဖွယ်ရာမရှိ တစ်စိမ့်စိမ်ကြည့်နေနိုင်မည့် ရုပ်ရည်မျိုးမို့ ရွှေကူငေးမိပြန်သည်။

ကွန့်မြူးကိုပြုံးပြုံးလေးနှင့်ကြည့်နေသည့်အာပူကြူးလေးက ဆက်ခနဲကွန့်မြူးပါးကိုနမ်း၍ထွက်ပြေးသွားသည့်အခါ အနောက်တွင်အသဲတွေအူတွေတဖြုတ်ဖြုတ်ကြွေ၍ကျန်ခဲ့ရသည်။

True Love 💭 (Completed)Where stories live. Discover now