Part 💭 38 (U)

9.7K 197 8
                                    

True love 💭❤ အပိုင်း - ၃၈
(Unicode)

ဘာမှမဖြစ်ပါဘူးဆိုသည်ကို စိုးရိမ်လွန်သည့်ကောင်မလေးက အတင်းဆေးရုံသို့သွားခိုင်းသည်ကြောင့် ကွန့်မြူးမှာဆေးရုံသို့မောင်းနေရခြင်းဖြစ်တော့သည်။ အဲ့ကောင်ရန်စတာနှင့် ကိုယ့်စိတ်မထိန်းနိုင်တာကြာလျှင် ကြားထဲကစိုးရိမ်ပူပန်များကာ စိတ်ဆင်းရဲနေမည်မှာ ကောင်မလေးသာဖြစ်မည်။  ဒီပုံအတိုင်းဆိုမဖြစ်တော့ပါဘူး အိမ်မြန်မြန်ပြောင်းမှ ကောင်မလေးဘဝလေးအေးချမ်းတော့မှာဖြစ်သည်။

ရွှေကူကဘာမှမလုပ်တတ် သံဆိပ်တတ်၍ တစ်ခုခုဖြစ်သွားလျှင်ရွှေကူရင်ကျိုးရမှာဖြစ်သည်။ အကိုလေးရယ် ရွှေကူ့ကြောင့်တော့ ဒေါသဖြစ်ပြီးအဲ့လိုအနာတရဖြစ်အောင်မလုပ်တော့ပါနဲ့လားအကိုလေးရယ်။ ပတ်တီးမစည်းတတ်စည်းတတ်နှင့်စည်းပေးထားသည့် လက်ကဒဏ်ရာနှင့် ကားမောင်နေသူမှာ ရွှေကူ့ကိုဘာမှမဖြစ်ပါဘူးဆိုသည့်အကြည့်နှင့် ငဲ့ငဲ့ကြည့်နေတတ်သလို ရွှေကူ့မှာလဲ စိတ်အားတင်း၍ အကိုလေးကိုသာတရိပ်ရိပ်ကြည့်နေမိ၏။

"လက်ကစိုးရိမ်စရာတော့မရှိပါဘူး အရိုးတွေဘာတွေလဲမထိဘူးဆိုတော့ ပတ်တီးစီးပေးလိုက်မယ်နော်ငါ့ညီ"

"ဆရာ ဆေးထိုးဖို့ရောမလိုဘူးလားဟင်"

လက်လာပြသည့်ကောင်လေးဘေးမှရပ်နေကာ မအီမသာနှင့်ဝင်ပြောလေသူ​ အိမ်ကအိမ်သူလေးလိုအရွယ်လေးနှင့်ခလေးမကို မင်းခတစ်​ယောက်ကြည့်၍ပြုံးလိုက်တော့သည်။ ရှေ့ကကောင်လေးကလဲ ပြုံးပြုံးကြီးနှင့် ဆေးထိုးပေးဖို့မျက်လုံးတွေစုံမှိတ်ပြလာသည်ကြောင့် ဆေးထိုးပေးပေးလိုက်ရတော့သည်။

ရွှေကူသက်ပြင်းလေးခုမှချနိုင်တော့သည်။ ကိုကြီးခေါင်လွင်မိုးကမရှိဘူးဟုပြော၍ အသိဆရာဝန်ဆီညွှန်းပေးလိုက်၍ ရွှေကူတို့နှစ်ယောက် ရှေ့ကဆရာဝန်ဆီရောက်နေရခြင်းဖြစ်သည်။ တော်သေးသည်က ဆရာဝန်ကြီးကသဘောကောင်းသလို သေချာလေးလဲရှင်းပြသည်မို့ ရွှေကူအကိုလေးအပေါ် စိုးရိမ်စိတ်တို့လျှော့သွားရတော့သည်။

"ကိုယ်ဘာမှမဖြစ်ဘူးလေကွာ "

အလုပ်စားပွဲ၏ ရှေ့တည့်တည့်တွင်ထိုင်ကာ မျက်ခုံးလေးကျုံ့၍ကြည့်နေသူကောင်မလေးမှာ မျက်မှန်လေးနှင့်ချစ်စရာကောင်းလှသည်။ ကိုယ်တော့လေ အဲ့မျက်မှန်လေးတပ်ထားလျှင် ကောင်မလေးပိုလှသည်လို့ထင်မိသည်။

True Love 💭 (Completed)Where stories live. Discover now