True love 💭❤ အပိုင် - ၃၁
(Unicode)မာမီတို့ထွက်သွားသည့်အချိန်ထဲက အခန်းအတွင်းအောင်းနေသည့်ကောင်မလေးကယခုညတောင်ရောက်နေပြီကို ထွက်မလာသေးပေ။ ကွန့်မြူးမှာလဲရေမိုးချိုးပြီး၍ ထိုင်နေသည်မှာလဲညောင်းချိနေပြီဖြစ်တော့သည်။
"ဘာလဲကွာ မာမီတို့မရှိတုန်းအဖြေတောင်းပါမယ်ဆိုမှကွာ "
တစ်ယောက်ထဲရေရွက်လိုက်ကာ ကောင်မလေးရဲ့ရှောင်နေပုံကိုညူစူနေမိတော့သည်။ အဖြေလေးတောင်းပါမယ်ဆိုမှပေါ်ကိုမလာတော့သည့်ကောင်မလေးကြောင့် အိမ်ပေါ်သို့တတ်လာခဲ့တော့သည်။
*ဒေါက် ...ဒေါက်...*
"ကောင်မလေး ကောင်မလေးထမင်းစားရအောင်လေကွာ "
ပြန်ထူးသည့်အသံလေးကိုနားစွင့်နေပေမယ့်လဲ ဘာအသံမှထွက်မလာပဲတိတ်ဆိတ်နေလေတော့သည်။ ကိုယ့်ကိုစမ်းနေတာပေါ့လေ။
"ကောင်မလေး ကိုယ်ဗိုက်ဆာနေပြီကွ ထမင်းလဲမရှိဘူး ကိုယ့်ကိုချက်မကျွေးတော့ဘူးလားကောင်မလေးက"
ရွှေကူမှေးခနဲအိပ်ပျော်သွားပေမယ့်လဲ အကိုလေးခေါ်သံကြောင့်ပြန်၍လန့်နိုးလာကတော့သည်။ ရှေ့ရက်တွေကအိပ်ရေးပျက်တာတွေများတာကြောင့် ရွှေကူ့မှာလူကမလန်း၍ အိပ်ချင်နေရသည်ကိုအကိုလေးကလာခေါ်နေလေတော့သည်။
"ကိုယ့်ကိုကြောက်လို့လားကွ ဟွန် .."
ကြောက်လို့ပေါ့လို့။ ညနေကလူယုတ်မာကြီးလိုပြုံးပြပြီးတော့များ မေးရက်တယ်လူကိုကြောက်လို့လားတဲ့။
ရွှေကူ့မှာတံခါးကိုမဖွင့်ပေးပဲတံခါးနားရပ်၍ အပြင်ကဘာထပ်ပြောအုံးမလဲစောင့်နားထောင်နေလိုက်တော့သည်။
"မကြောက်ပါနဲ့ကွာ ကိုယ်ကောင်မလေးခွင့်ပြုချက်မရပဲလက်ဖျားလေးနဲ့တောင်မထိပါဘူးကွာ ကိုယ်တဂယ်ပြောတာပါကွ"
ရွှေကူပြုံးလိုက်မိသည်။ ရွှေကူ့အကိုလေးက အဲ့လောက်ဆိုးတဲ့လူမဟုတ်မှန်းရွှေကူသိတာပေါ့။
"အခုတော့ထွက်လာတော့နော် မာမီကထမင်းမချက်သွားဘူးအဲ့တာကောင်မလေးချက်ပေးပါအုံး ကိုယ်ဗိုက်တအားဆာနေလို့"