Chapter(1)

388 12 0
                                    

မင်းကကိုယ့်အတွက်ပဲဖြစ်ရမယ် သက်တန့်မျှော်စင်။

မင်းသိထားဖို့က သက်တန့်မျှော်စင်ဆိုတဲ့ မိန်းကလေးက ကိုယ့်ရဲ့ပိုင်ဆိုင်မှုတစ်ခုပဲဖြစ်ရမယ်။

မင်းမမေ့ပါနဲ ကိုယ့်ရဲ့ သဝန်တိုတတ်ခြင်းတွေက မင်းကို ကိုယ်ရဲ့အသက်ထက်ပိုပြီး ချစ်မြတ်နိုးလို့ဆိုတာ။

မင်းမမေ့ပါနဲ့ မင်းကို ကိုယ်နှလုံးသားတစ်ခုလုံးနာကျင်နေရတာတောင် ရူးရူးမိုက်မိုက်နဲ့ချစ်ခဲ့တယ်ဆိုတာ။

မင်းဘယ်တော့မှ ကိုယ်ရဲ့အနားကထွက်ပြေးဖို့မကြိုးစားနဲ့ Honey....ကိုယ်မကြိုက်ဘူး။

***********

ရှင်သိလား နန်းဆက်....သက်တန့်က ရှင်တစ်ယောက်ထဲအတွက်ပဲဆိုတာ ရှင်ဘာလို့မသိနိုင်တာလဲ။

ရှင်ကအမြဲတမ်းသံသယတွေနဲ့ပူလောင်နေတတ်တာကို သက်တန့်မုန်းတယ်။

ရှင်မစိုးရိမ်ပါနဲ့နန်းဆက်။သက်တန့်မျှော်စင်က ရှင်ရဲ့ထာဝရပိုင်ဆိုင်မှုတစ်ခုအဖြစ်ရှိနေမှာပါ။

💙💙💙💙💙💙💙

သူမရဲ့မျက်နှာ‌ပေါ်သို့ ဖြာကျနေခဲ့သော နံနက်ခင်းနေခြည်နုနု၏နမ်းရှိုက်မှုနှင့်အတူအိမ်မက်အပိုင်းအစများဆီက သက်တန့်လွတ်မြောက်ခွင့်ရခဲ့သည်။သက်တန့်က မျက်နှာပေါ်သို့ဝေ့ဝဲကျနေသောဆံနွယ်လေးများကို သပ်တင်လိုက်ရင်း အိပ်ရာမှထဖို့ကြိုးစားလိုက်သည်။

ပြီးတော့ စဉ်းစားမိ၏။မိမိက ဘာလဲဟု.......။သက်တန့်က ကစဉ့်ကလျားဖြစ်နေခဲ့သော စိတ်အာရုံကို စုစည်းလိုက်ရင်း မိမိက ဘာလဲဟု စဉ်းစားမိလိုက်သောအဖြစ်ကို ဟက်ခနဲ တစ်ချက်ရယ်မိပါ၏။

အိပ်ရာနိုးနိုးချင်း ဟိုဒီလျှောက်ကြည့်ရင်း ကြောင်တောင်တောင်ဖြစ်နေသော ကောင်မလေးတစ်ယောက်က ဟာသတစ်ခုဖြစ်နေခဲ့မှာသေချာသည်။

သက်တန့်၏အခန်းနံရံအပြည့်ရှိနေသောပန်းချီကားတစ်ချို့ကို ကြည့်ပြီးသောအခါပြန်လည်စဉ်းစားမိလာ၏။ဟုတ်သားပဲ .....သက်တန့်က အောင်မြင်ဖို့ကြိုးစားနေတဲ့ ပန်းချီဝါသနာရှင်တစ်ယောက်လေ။

LET ME OWN YOU.....!!RAINBOW TOWERWhere stories live. Discover now