52

4.7K 244 26
                                    

Unicode









52

လူရှင်းသော ကော်ဖီဆိုင်တွင် ထိပ်ထားပျိုနှင့် ခေးမီမီသွင်တို့နှစ်ဦးသား မျက်နှာချင်းဆိုင်ထိုင်လျက်။ ပျိုမျက်နှာခပ်နွမ်းနွမ်းလေးကိုမှ မီဟာတစိမ့်စိမ့်ငေးကြည့်နေသည်။ ချစ်ရသူက မျက်နှာလေးညှိုးငယ်နေတာတောင်ဘဲ လှရက်နိုင်သေးသည်။

''စိတ်ညစ်နေတာလား ပျို''

မီ့အမေကို ခေါင်းအသာခါပြလာသည့် ပျို။ သူမရင်ထဲ ပူလောင်မှုတွေရှိနေတာ မီကိုမသိစေချင်ပေ။

''တို့အဆင်ပြေပါတယ် မီ''

''ပျိုဟာလေ ကိုယ့်ကို မညာတတ်ဘဲညာနေပြန်ပါပြီ''

''တို့မညာပါဘူးကွယ်....''

''ပျို....မီ့ကို ချစ်လားဟင်...''

''တို့ မီ့ကို သိပ်ချစ်တာပါ''

''ဒါဆို မလိမ်ပါနဲ့ ဘာတွေဖြစ်နေလဲ ပြောပြလေနော်''

ပျိုမျက်နှာညှိုးငယ်စွာ မျက်ရည်ဥတို့ ရစ်ဝိုင်းလျက် မီ့အားကြည့်လာသည်။

''တို့လေ မင်းနဲ့မဝေးချင်ဘူး မောင်၊ မောင့်မိဘတွေကိုရော တို့အဖေ့ကိုရော ရင်မဆိုင်ရဲဘူး ၊ တို့ကြောက်တယ်''

မီ့ထံမှ ရီသံချိုချိုဟာ တလွင့်လွင့်ထွက်လာချေပြီ။ ပျိလက်ကို ခပ်တင်းတင်းဆုပ်ကိုင်ကာ ပျိုအားနှိမ့်သိမ့်စကားဆိုပြန်ပါသည်။

''မောင်လည်း ပျိုနဲ့မခွဲနိုင်ပါဘူး၊ ပျိုကြောက်ရင် မောင့်အနောက်မှာဘဲနေ၊ မောင်ပျို့ကို ကာကွယ်ပါ့မယ်''

မောင်ဆိုသော စကားလုံးဟာ သူတို့နှစ်ယောက်လုံး အမြဲခေါ်ပြောလိမ့်မရှိပေမဲ့ အလေးအနက်စကားဆိုတိုင်း ပျိုရောသူရောသုံးတတ်သည့် အသုံးနှုန်းဖြစ်သည်။ ပျိုအားချိ့စွာ ပြုံးလိုက်မိသည် ။ မောင်နှင့်ကိုစိုင်းထခေတ်မှိုင်းတို့ကိစ္စကို မောင်ပြောပြလာကတည်း ပျိုရင်ထဲ မအေးမြနိုင်တော့ချေ။ စိုးရိမ်လွန်းသည်ဘဲပြောပြော ပျိုသည် ခေးမီမီသွင်ဆိုသော အမျိုးသမီးငယ်အား လက်လွှတ်ဖို့မဖြစ်နိုင်တော့ပေ။

''မောင်....တို့ကို လမ်းမခွဲဘူးမလား''

''မောင် ဘယ်တော့မှ ပျိုကိုလက်လွှတ်ပေးမှာ မဟုတ်လို့ မောင့်ကို စိတ်ချလက်ချသာ ချစ်နိုင်ပါတယ် ပျိုရဲ့''

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Where stories live. Discover now