Chapter 1

24.5K 1.6K 27
                                    

Chapter 1 – Escape

အခန်း ၁ - ထွက်ပြေးလွတ်မြောက်ခြင်း

ရီရှောင် ဝမ်းနည်းသောအသွင်ကို ဖြတ်ချပြီးတော့ သူ့နောက်မှ ကြီးမားလှသော တစ်ယမ်းယမ်း ဖြစ်နေသော လက်များကို သူ့ပခုံးပေါ်တွင် သယ်ယူထားသော အဝေးပစ် ဖိုတွန်အမြောက်ဖြင့် ပစ်ခတ်လိုက်သည်။ (လျှပ်စစ်သံလိုက်စွမ်းအင်သုံး အမြောက်)

ရင်းနှီးနေသော ပေါက်ကွဲမှုကြီးက သူ့နောက်တွင် ရုတ်တရုတ် အသံဟိန်းထွက်လာပြီး ရီရှောင် သည်လည်း ထွက်ပေါ်လာသော လေအားဖြင့် အမြန်တွန်းလိုက်ခြင်း ခံရသည်။ သူ၏ ညစ်ပတ်နေသော မျက်နှာပေါ်မှ အသက်ရှင်ချင်သော စိတ်ဆန္ဒကြောင့် တောက်လောင်နေသော နက်မှောင်လှသည့် မျက်လုံးတစ်စုံ က သိပ်မဝေးသော နေရာတွင် ရပ်နားထားသော အာကာသယာဉ်ငယ်လေး တစ်စင်းကို အကြည့်ရောက်သွားသည်။ အဲဒါက သူ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက် ပဲ ဖြစ်သည်။

ရီရှောင် က တစ်ရက်ကျော်လောက် ရေမသောက်ခဲ့ရသောကြောင့် ခြောက်သွေ့ပြီး အဖတ်များ ကွာနေသော နှုတ်ခမ်းကို သပ်လိုက်သည်။ သူက ဘဝမျှော်လင့်ချက်နှင့် နီးစပ်နေသော်လည်း သတိဝီရိယနှင့် ရှိနေဦးဖို့တော့ မစွန့်လွှတ်ပေ။ ထို သတိဝီရိယကပဲ ငရဲ ရောက်နေသလို ကာလအတွင်းတွင် ရုတ်တရတ် ပေါ်ပေါက်လာသော မကောင်းဆိုးဝါး၏ ပါးစပ်ထဲတွင် သူအဆုံးမသတ် သွားရခြင်း ဖြစ်သည်။

ရီရှောင် အာကာသယာဉ်ဘေးသို့ အပြေးသွားကာ နံရံပေါ်တွင် အနည်းငယ် မြင့်တက်နေသော ဖုံးကွယ်ထားသော ခလုတ်လေးတစ်ခုကို နှိပ်လိုက်ကာ သူ့လက်ချောင်းများက ချက်ချင်းပေါ်လာသော မျက်နှာပြင်ထက်တွင် ခပ်မြန်မြန်လေး ကခုန်သွားသည်။ နောက်ဆုံးတော့ သူ့ရင်ဘတ်က ဒင်္ဂါးပြား တစ်ပြား အရွယ်လောက် ရှိသော သတ္တုလေး တစ်ခုကို ဆွဲထုတ်ကာ မျက်နှာပြင်၏ ညာဘက်အောက်ထောင့်လေးမှ ဘက်မှ ထောင့်မှ ဝက်အူရစ်သဏ္ဍာန်လေးထဲ ဖိနှိပ်လိုက်သည်။

"အချက်အလက်များ အတည်ပြုပြီးပါပြီ။ ပထမအဆင့် စစ်သား ရီရှောင် အာကာသယာဉ်ပေါ်မှ လုပ်ငန်းဆောင်တာများ ကို ဖွင့်ရန် ဆန္ဒရှိတာ သေချာပါရဲ့လား" အေးစက်စက် နှင့် အမျိုးသမီးတစ်ယောက်၏ လျှပ်စစ်သံ ထွက်လာသည်။

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now