Chapter 66 Long Yuan Versus the King

3.9K 861 9
                                    

Chapter 66 Longy Yuan Versus the King

လုံယွမ်၏ ကာလရှည်ကြာ တင်းကြပ်နေသာ အာရုံကြောများမှလဲ ရီရှောင့်ကို မက္ခထဲ သွင်းပြီးသည့် နောက်တွင် စိုးရိမ်သောကတွေ ပြေသွားလေသည်။ သို့သော် သူ ရီရှောင့်ကို စကားတစ်ခွန်းတောင် မပြောနိုင်သေးခင်မှာပင် သူရှေ့က ဘုရင်ကြီးက အသွင်စပြောင်းလေသည်။

ဘုရင်ကြီး၏ ကိုယ်ထည်က ရှည်ထွက်လာပြီး ပိုကြီးလာကာ သူ့ခြေထောက်တွေက အနက်ရောင် မြွေအမြီး ဖြစ်လာပြီး ပိုပို ပိုပို တုတ်လာပြီးနောက် သူ့ကိုယ်လုံးက မီတာသုံးဆယ်လောက် ကြီးထွားလာပြီး လင်းယွင် ပြောင်းလဲ လိုက်သောအသွင်ထက်တောင် နှစ်ဆကြီးသေးသည်။ သူ့အပေါ်ပိုင်းက လူသားသဏ္ဍန် ရှိနေဆဲ သူ့ငွေရောင်ဆံပင်ရှည်ကြီးကတော့ သူ့အနက်ရောင် အမြွှေအမြီးနှင့် လုံးလုံးဆန့်ကျင်ဖက် ဖြစ်နေသည်။ 

ရွှေရောင်မျက်ဆံများက သွေးရောင်လွှမ်းလာပြီး လုံယွမ့်ဘက်ကို အေးစက်စက် စိုက်ကြည့်နေသည်။ လက်သည်းရှည်ကြီးများက ဓါးသွယ်ဆယ်ချောင်းနှင့် တူကာ အေးစက်နေပုံ ပေါ်သည်။ “ရီရှောင် ကိုယ့်ဘေးမှာ ကလေးနဲ့ အတူလာထိုင်” လုံယွမ်က လှည့်မကြည့်ပဲ သူ့လက်ချောင်းများက သူ့ရှေ့က ထိန်းချုပ်ရေး မျက်နှာပြင်တွင် အမြန်ပြေးလွှားနေကာ သူ့မျက်လုံးများကတော့ မက္ခရှေ့က အသွင်းပြောင်းဘုရင်ကြီး ထံတွင်သာ ရှိနေသည်။

ရီရှောင်က လုံယွမ့်ညွှန်ကြားချက်ကို လိုက်နာပြီး ကလေးကို ကောက်ချီကာ သူကဘေးက ခရီးသည်တင် ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ လုံယွမ်က သူ့ရှေ့က ကြောက်မက်ဖွယ်ရန်သူနှင့် ရင်ဆိုင်ရန် အာရုံစိုက်ထားဖို့ လိုအပ်သောကြောင့် လုံယွမ့် အနှောင့်အယှက် ဖြစ်စေမည့် အသံကို သူမလုပ်ပဲ နိုင်သမျှ တိတ်တိတ်ဆိတ်ဆိတ်ပဲ ထိုင်ခုံက လုံခြုံရေး ကရိယာများကို ဆွဲထုတ်ကာ သူနှင့်ကလေး ကို ထိုင်ခုံပေါ်မှာ မြဲနေအောင် တပ်ဆင်နေသည်။

ဘုရင်ကြီးက လုံယွမ် တည်ရှိရာ အရပ်ဘက်ကို သူ့မျက်လုံးကြီးများနှင့် စိုက်ကြည့်နေကာ သူ့နောက်ကျောက ဆံပင်ရှည်ကြီးများက လေမတိုက်ပဲတောင် ယိမ်းနွဲ့နေသည်။ ခွန်အားပြင်းပြီး ကြီးမားလှသော မြွေအမြီးက မြေပြင်ကို ရိုက်လိုက်လိုက်ချင်း တွင်းအသေးလေး တစ်ခု ဖြစ်လို့သွားသည်။ “လူသား၊ မင်း ရီရှောင့်ကို အခုလက်လွှဲပေးရင် မင်းရဲ့ အလောင်းက တစ်ခုတည်းဖြစ်အောင် ချန်ထားဖို့ စဉ်းစားပေးမယ်”

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now