Chapter 23 What if you didn't succeed?

5.5K 1.1K 7
                                    

Chapter 23 What if you didn’t succeed?

အခန်း ၂၃ မင်း မအောင်မြင်ဘူးဆိုရင် ဘာလုပ်မှာလဲ

ရီရှောင့် နောက်ကျောက ခပ်မာမာပင်စည်နှင့် သွားထိသည်။ ဝတ်ထားသော ယူနီဖောင်းကလည်း လုံယွမ့်ကြောင့်မို့ နည်းနည်းလေး တွန့်သွားသည်။ သူ့ရဲ့ နည်းနည်းလေး ရှည်နေတဲ့ ဆံပင်နက်နက်လေး တွေက သူ့ရဲ့ သန့်ရှင်း တောက်ပနေသော နဖူးကို မညီမညာလေး ဖုံးကွယ်နေသည်။ ရှည်သွယ်သွယ် မျက်ခုံးများကတော့ အခုံးသေးသေးလေး တစ်ခု အသွင် မြင့်တက်သွားကာ မျက်တောင်ရှည်ရှည်များ များတော့ စင်းကျနေသည်။ သူ့မျက်နှာ ဖြူဖြူလေးကိုတော့ အရိပ်ခပ်ပါးပါးလေး ကျနေကာ အရောင် ခပ်ဖျော့ဖျော့ နှုတ်ခမ်းပါးပါးလေးကတော့ ဘာမှ မပြောချင်တော့သည့် အနေဖြင့် တင်းတင်းစေ့နေလေသည်။

လုံယွမ်က ခေါင်းလေး ငုံကာ သူ့မျက်နှာကို အနည်းငယ် ကွယ်ကာ ကြည့်နေသည်မှာ သူ့မျက်လုံးထဲကို မည်သည့် အလင်းရောင်မျှ ပေးမဝင်စေရ။ သူ့ကို ခပ်ကြာကြာလေး ကြည့်နေပြီး ပန်းနုရောင် နှုတ်ခမ်းများက ဖျတ်ခနဲ ပွင့်လာချိန်ကတော့မှ ပြောလိုက်သည်။

“မင်း ဘာမှားနေတယ် ဆိုတာ သိလား”

ရီရှောင့် နှုတ်ခမ်းများက စေ့သွားကာ ဘာမှ မပြောတော့။

ဘာမှ တုန့်ပြန်မလာတဲ့ ရီရှောင့်ကို လုံယွမ် ခဏလောက် ငေးကြည့်နေပြီး တော့ “ဟင်?”

ရီရှောင့် က မျက်တောင်ထူထူများ အောက်က လုံယွမ့်မျက်လုံးပြာပြာ များထဲကို ကြည့်ပြီးတော့ “ကျွန်တော်ကတော့ ဘာမှ မမှားဘူးလို့ ထင်တယ်။ ကျွန်တော် အဲဒိ စစ်သားကို ကယ်ဖို့ အခွင့်အရေး ရှိနေမှတော့ ကိုယ့် မျက်လုံးရှေ့မှာ အသက်တစ်ချောင်း ပျောက်ကွယ်သွားမှာ မကြည့်နေနိုင်ဘူး။ ပြီးတော့ သူ့ကို ဘာဆုံးရှုံးမှုမှ မရှိပဲ ကယ်နိုင်ခဲ့တာပဲလေ”

လုံယွမ်က သူ့မျက်နှာကို ရီရှောင့်နားကို တိုးလာသည်။ ပထမပိုင်းက သူ့ပခုံးကို တွန်းထားသော လက်ကို အပင် ပင်စည်ဆီကို ထောက်လိုက်သည်။ အဲဒိနောက် ခပ်ဖြည်းဖြည်းပဲ နောက်ထပ် လက်တစ်ဖက်ကိုပါ ထောက်ထားကာ ရီရှောင့်ကို အတွင်းဖက်မှာ ညပ်ပိတ်ထားလိုက်သည်။ သူ့အသံက တင်းနေတဲ့ ကြိုးတပ် ကိရိယာသံလိုပဲ “မအောင်မြင်ခဲ့ဘူး ဆိုရင်ကော? အလင်းမှုန်သေနတ် ရဲ့ ပေါက်ကွဲမှုမှာ အဲဒိ စစ်သားနဲ့ အတူမင်းက သေချင်နေတာလား”

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now