Chapter 12 Alpha

6.3K 1.2K 6
                                    

Chapter 12 Alpha

အခန်း ၁၂ အယ်လဖာ

"အယ်လဖာပေါ်မှာ အဲဒိအကောင်တွေ ဘယ်လောက်ရှိလဲ" ဒီလိုင်က စားပွဲခုံကို သူ(မ)၏ ရှည်လျားသော လက်ချောင်းနှင့် ထောက်ကာ မျက်လုံးတွေကတော့ ရီရှောင့်ကိုပဲ လေးလေးနက်နက် ကြည့်နေသည်။

"ကျွန်တော် မသိဘူး ဒါပေမယ့် ကျွန်တော် အယ်လဖာက ထွက်လာတဲ့ အချိန်တုန်းကတော့ ဂြိုလ်ကြီး တစ်ခုလုံးမှာ အဲဒိသတ္တ၀ါတွေနဲ့ အနှံတွေ့နေရပြီ။ အခုတော့အဲဒါက ကြာလှပြီ ဆိုတော့ အယ်လဖာမှာ ဘယ်လို ဖြစ်နေပြီလဲ ဆိုတာ ကျွန်တော် မသိတော့ဘူး"

ဖြစ်နိုင်တာကတော့ အခုချိန်တွင် အယ်လဖာက အကောင်ဆိုးတွေ လွတ်လပ်စွာ နေနိုင်သော ငရဲလို နေရာတောင် ဖြစ်နေလောက်ပြီ။ ပြီးတော့ သူ့အဖွဲ့သားတွေလဲ အဲဒိအကောင်တွေကို အလွယ်တကူ အနိုင်တိုက် နှိုင်မှာ မဟုတ်လောက်တော့ သူတို့တွေ ဘယ်လောက်ထိ ကျန်သေးကာ တိုက်ခိုက်နေမှန်း ပြီးတော့ ဂြိုလ်ရဲ့ ဘယ်နေရာမှာ ရှိနေကြမှန်းတောင် သူမသိတော့။

အခုတော့ အရာအားလုံးက မသိနိုင်တော့ပြီ။ သူတို့တွေ အယ်လဖာကို ရောက်ချိန်ကျမှသာ ကိုယ့်မျက်မြင် တွေ့ပြီးမှသာ ခြုံငုံ ကြည့်နိုင်ပေလိမ့်မည်။

အခုချိန်မှာတော့ အဲဒိက အခြေအနေတွေက အရမ်းကြီး မဆိုးရန်သာ သူဆုတောင်းနေနိုင်တော့သည်။

ဒီလိုင်က စိတ်ထဲတွင် တစ်ခုခု တွေးလိုက်မိပုံ ရကာ စားပွဲခုံကို လက်ချောင်းနှင့် ခေါက်လိုက်သည်။ သူ(မ) မျက်လုံးထဲတွင် အလင်းရောင်စုံ လျင်မြန်စွာကူးပြောင်းသွားပြီး နောက်ဆုံးတော့ အစိမ်းရင့်ရောင် ပြန်ဖြစ်သွားကာ "အိုကေ။ ငါ နားလည်ပြီ။ အခု မင်းက အဲဒိအကောင်တွေနဲ့ တိုက်ခိုက်ခဲ့ ဖူးတယ် ဆိုတော့ အဲဒိအကောင်တွေရဲ့ အားနည်းချက်က ဘယ်မှာလဲ ဆိုတာ သိလား"

"အားနည်းချက်??" ရီရှောင် က နှုတ်ခမ်းစေ့ပြီး တစ်ခဏလောက် စဉ်းစားကြည့်ကာ ခေါင်းခါပြပြီးတော့ "အားနာပါတယ်။ သင့်တော်တဲ့ လက်နက်က မရှိတော့ ကျွန်တော်က ခေါင်းပြုတ်သွားတဲ့ အထိ မယှဉ်နိုင်ခဲ့ဘူး။ အဲဒိတော့ သူ့ရဲ့ အားနည်းချက်က ဘယ်မှာလဲ ဆိုတာ မဆုံးဖြတ်နိုင်ဘူး ဖြစ်နေတယ်။ ဒါပေမယ့် အနည်းဆုံးတော့ ခေါင်းပေါ်က မျက်စိတို့ ပါးစပ်တို့ကတော့ အားနည်းချက် ဖြစ်နိုင်ပါတယ်"

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now