Chapter 31 Ready to Go Home

5K 1K 8
                                    

Chapter 31 Ready to Go Home

အခန်း ၃၁ အိမ်ပြန်ဖို့ အသင့်

အာကာသယာဉ်က ဌာနချုပ်ကို ရောက်ချိန်တွင် သူ့အရှိန်ကို လျော့ချကာ အမြင့်ကိုလဲ နှိမ့်ချလိုက်ပြီး သိပ်မဝေးသော နေရာက အလယ်ပိုင်းဆိပ်ကမ်း ဆီသို့ ဦးတည်ပြီး ရွေ့လျားသွားသည်။

အထွေထွေ ဌာနချုပ်၏ ပူဖောင်းနေသော ဝမ်းဗိုက်ကနေ တဖြည်းဖြည်းချင်း ပွင့်လာကာ ဆယ်မီတာ ရှည်လျားသော လေးထောင့်စင်္ကြန်ကြီး တစ်ခု ပေါ်ထွက်လာသည်။ ယာဉ်က သူ့အနေအထားကို ချိန်ညှိကာ စင်္ကြန်နှင့် ထွက်ပေါက်ကို ဆက်လိုက်သည်။ စင်္ကြန်၏ဆိပ်ကမ်းနှင့် ယာဉ်ထွက်ပေါက်နှင့် ချိန်ဆက်သွားသောအခါတွင် လေးဘက်လေးတန်က နံရံများဆီက  ပြင်းထန်သော စုပ်အားချက်ချင်း ပေါ်လာကာ ယာဉ်ထွက်ပေါက် ဧရိယာတွင် အကြားအလပ်မရှိသွားအောင် တင်းကြပ်စွာ ဖုံးအုပ်လိုက်သည်။ အဲဒိနောက် အထွေထွေ ကွပ်ကဲမှုဌာနချုပ်၏ ဝင်ပေါက်က ဖြည်းဖြည်းချင်း ပွင့်လာပြီးတော့ မူလကာ မည်းမှောင်နေသော စင်္ကြန်က တောက်ပသော အလင်းများ ဖျတ်ခနဲ လင်းထင်းလာလေသည်။

အာကာသယာဉ်၏ တံခါးက ဖြည်းညင်းစွာပွင့်ကာ ရီရှောင်လည်း စစ်သားအဖွဲ့တစ်ဖွဲ့နှင့် အတူ ထွန်းလင်းနေသော စင်္ကြန်ဆီသို့ လိုက်ပါသွားသည်။ သံမဏိနှင့် တူသော ပစ္စည်းများဖြင့် ပြုလုပ်ထားသောကြောင့်  လူအုပ်ကြီးတစ်အုပ်က နင်းလျှောက်လိုက်သည်နှင့် စင်္ကြန်တစ်ခုလုံးက ခြေသံများဖြင့် ပြည့်သွားတော့သည်။

စစ်သားများမှာ နောက်ဆုံးတော့ သူတို့ သိသော နေရာကို ပြန်ရောက်တော့ မရွှင်လန်းပဲ မနေကြတော့ပေ။

ဆယ်မီတာ စင်္ကြန်၏ အဆုံးမှာ ခပ်ဝေးဝေးဆီသို့ ကွေးညွတ်သွားသော ခပ်ကျယ်ကျယ် စက်ဝိုင်းသဏ္ဍာန်ခန်းမကြီးကို ရီရှောင် ဖျတ်ခနဲ ကြည့်လိုက်သည်။ သိပ်မဝေးသော နေရာတွင် အခြားသော အာကာသယာဉ်များမှ စစ်သားများက အခြားသော မတူညီသည့်ထွက်ပေါက်များမှ ထွက်လာသည်မို့ ကျယ်ဝန်းလှသော ခန်းမကြီးက ရုတ်တရက် အနည်းငယ် လူကြပ်သွားသလိုတောင် ထင်ရသည်။

သူ အခု ဒီကို ရောက်ပြီဆိုတော့ သူ့အိမ်ကို ပြန်သွားဖို့ အသင့်ဖြစ်နေပြီ။ အခြားသောဂြိုလ်များပေါ်တွင် လေ့ကျင့်ရေး ဆင်းနေရသောကြောင့် သူမပြန်ဖြစ်တာ နှစ်နှင့် ချီနေပြီ။ ပြီးတော့ ဒီရှင်း ကနေ ထွက်လာပြီး ကတည်းက သူ့အိမ်ဘေးခန်းမှာ နေတဲ့ အဖွားအိုင်ရင်း ဆီကို အလည်မသွားဖြစ်တော့။ အဲဒိ ကြင်နာတတ်သောအမျိုးသမီးကြီးက သူ့အမေထွက်သွားတုန်းက သူ့ကို သေချာစောင့်ရှောက်ခဲ့သည်။ သူက သူ(မ)၏ ချစ်ခင်ရသူ တစ်ယောက်နီးပါးအတိုင်းပင်။ သူ(မ)ကြောင့်သာ မဟုတ်လျှင် သူ့အမေ သူ့ကို စွန့်ပစ်ပြီးနောက် သိပ်မကြာခင်မှာပင် သူ တိတ်တိတ်လေး သေသွားလောက်သည်။

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now