Chapter 36 Parasite

5.9K 1K 8
                                    

Chapter 36 Parasite

အခန်း ၃၆ ကပ်ပါးကောင်

ရီရှောင် တစ်ကိုယ်လုံး နာကျင်ပြီးတော့ နိုးလာသည်။ သူ့ခါးက နာကျင်သည်မှာ ကျိုးတော့မလိုပင်။ ပြီးတော့ သူ့ကိုယ်ပေါ်မှာ လေးလံတဲ့ ပစ္စည်းတစ်ခု ပိနေပုံလဲ ရသည်။ သူ့ခါးက လေးလံမှုတွေကို ထပ်တောင် မခံနိုင်တော့ပဲ ပိုပြီးတော့တောင် မသက်မသာ ဖြစ်လာသည်။ ပြီးတော့ သူ့နောက်က နေရာကလည်း ထုံကာ နာကျင်လှသည်။ သူ့နောက်ကျောတစ်ခုလုံးက ပြင်းပြင်းထန်ထန်ကျူးကျော်ခံရကာ လုံးဝတောင် ပြန်မပိတ်နိုင်သေးပေ။ နောက်ပေါက်ကပဲ အလွန်အကျွံ အလုပ်လုပ်ခဲ့ရသည့်ပုံတောင် မဟုတ်ပဲ သူ့ညီငယ်လေးတောင် နည်းနည်းလေး ယောင်နေပုံရသည်။

ရီရှောင် လက်ချောင်းလေးတွေ လှုပ်သွားသည်။ သူ့အသိစိတ်က နည်းနည်းတော့ ဝေဝါးနေဆဲ ဖြစ်ပေမယ့် သူ ဆက်မအိပ်နိုင်တော့။ မျက်တောင်ရှည်ကြီးများက တုန်ရီကာ သူ့အောက်က မြူဆိုင်းနေသည့် မျက်လုံးနက်နက်များ ထွက်ပေါ်လာသည်။ နဂိုက သူ့ခါးပေါ်တင်ထားသည့် လက်ဝါးကြီးများက ချက်ချင်းကို တောက်လောင်နေသည့် ရင်ခွင်ဆီသို့ ဆွဲသွင်းကာ သူ့အရေပြားပေါ် ဆွဲကပ်ပလိုက်သည်။ ယောင်နေသည့် နှုတ်ခမ်းလေးများက ခပ်မြန်မြန်ကို အနမ်းခံလိုက်ရကာ အသက်ရှူထုတ်လိုက်သော လေပူများကို ပိတ်ဆို့ တားဆီးလိုက်သည်။

ရီရှောင့်အသိစိတ်အာရုံက နောက်ဆုံးတော့ သူ့ဆီ ပြန်ကပ်သွားလေပြီ။ လက်ဖျံကို မကာ လုံယွမ့်လက်တွေကို အဝေးကို တွန်းလွှတ်ကာ ကိုယ်တစ်ပိုင်းထထိုင်လိုက်သည်။ သူ့ခါးက ကျိုးတော့မလို ဖြစ်နေကာ သူ့မျက်နှာကလည်း ဖြူနေသည်။ ခပ်ကြမ်းကြမ်းလှုပ်ရှားမှုက သူ့ခါးပေါ် အသာလေး ချည်ယုံလေး ဝတ်ဆင်ပေးထားသည့် ရေချိုးခန်းအကျီ ကို ရုတ်တရတ် ပြန်ဖြေသွားစေသည်။ ပိုးသားဝတ်စုံက ချက်ချင်း သူ့ပခုံးပေါ်ကနေ လျောကျကာ ကြာစွယ်နှင့် တူလှသော လက်မောင်းနှင့် အနီရောင်အမှတ်များ ပြည့်နေသည့် ရင်ဘတ်ကို လှစ်ဟလိုက်သည်။ သူ့ဗိုက်ပေါ်က အချိုင့်လေးတောင် ခြေရာလက်ရာများဖြင့် ဖုံးလွှမ်းနေကာ ပြီးခဲ့သည့် ညက ဒီခန္ဓာကိုယ်က ဘယ်လောက်တောင် အချစ်ခံလိုက်ရသလဲ ဆိုတာကို ဖော်ပြနေသည်။

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now