Chapter 61 Baby to the Rescuse?

4.3K 962 31
                                    

Chapter 61 Baby to the Rescuse?

အဲဒါကို တွေးပြီးတာနှင့် ကလေးလေးက သစ်တောထဲ သွားတော့သည်။ သူ့ခြေထောက် တိုတိုလေး နှစ်ချောင်းက ပြေးတာ အရမ်းမြန်သည်။ လုံယွမ်နှင့် အခြားသူတွေရဲ့ တော်တော်ဝေးဝေး ရောက်သွားတာ သေချာတော့မှ ရပ်လိုက်သည်။ ပြီးတော့မှ သူ့ခေါင်းလေးကို မော့လို့ ဘေးနားကို သေချာဂရုတစိုက် ကြည့်လေသည်။ သူ့နားက အခြားသစ်ပင်တွေထက် ပိုမြင့်တယ်လို့ ထင်ရသည့် အပင်ကြီး တစ်ပင်ကို အမြန်ရွေးလို့ သူ့ခြေတိုလေးတွေကို အရှိန်မြှင့်လိုက်သည်။

အပင်ထိပ်ဖျားအထိ တက်သွားကာ လက်လေးနှစ်ဖက်ကို ပုတ်လို့ ခြေတိုတိုလေး နှစ်ဖက်နှင့် အပင်ထိပ်ဖျားက အကိုင်းတစ်ကိုင်းမှာ ရပ်လိုက်ကာ အရွက်အ၇ိပ်အောက်ကနေ ဘေးပတ်လည်ကို ကြည့်လေသည်။ အနားကို စစ်ကြည့်တော့ အပင်စိမ်းစိမ်းများ၏ ထိပ်မိုး ထိပ်ဖျားတွေ အားလုံးကို သူမြင်နိုင်သည်။ အပင်တွေဆီကနေ ပျံသွားတဲ့ ငှက်တွေလဲ မြင်နိုင်သည်။ ဟိုးအဝေးတွင် ပြာလဲ့လဲ့ ကောင်းကင်ကြီးနှင့် အလင်းရောင်ကြောင့် ဖျော့တော့နေသည့် အစိမ်းရောင်က အတူတကွ ရောနှောလို့သွားသည်။ အဲဒါက ကြည့်ရတာ တော်တော့်ကို လိုက်ဖက်ညီလှသည်။

ကလေးလေးက သူ့အကြည့်တွေကို နောက်ထပ် အရပ်မျက်နှာ တစ်ခုကို ပြောင်းလိုက်သည်။ ဘေးနားက အပင်တွေထက် ပိုမြင့် ပိုကြီးတဲ့ သစ်ပင်တစ်ပင်ကို မြင်ချိန်မှာတော့ သူ့မျက်လုံးတွေက လင်းလက်တောက်ပသွားသည်။ ဒါပဲလေ.. အဲဒိမှာပဲ ကလေးလေးရဲ့ မေမေက အဲဒိနေရာမှာ။ မေမေက ကလေးလေးကို စောင့်နေမှာပဲ။ မေမေ့ကို ကလေးလေး လာကယ်ပြီနော်…

ဒီလို သတ္တိရှိလှတဲ့ သူ့ကို မြင်သွားမယ့် မေမေ့ရဲ့ မြင်ကွင်းလေးကို ပုံဖော်ကြည့်ရင်း ကလေးလေးရဲ့ နှုတ်ခမ်းစွန်းတွေက မြင့်တက်မလာပဲ မနေတော့။ ကလေးလေးက ဟိုမကောင်းတဲ့ ဦးလေးကြီးကို သူ့အဖေအဖြစ် ဝန်ခံလိုက်ရပေမယ့် သူ့မေမေရဲ့ ရင်ထဲက အရေးအကြီးဆုံးသူက သူဆိုတာ  ယုံကြည့်နေဆဲပင်။ မေမေ့ကို ကလေးလေးက အရင်ကယ်မှ ရမယ်။ ဒါမှ ကလေးလေးက ဖေကြီးထက် ပိုပြီး အသုံးကျတာ ဆိုတာ မေမေက အသိအမှတ်ပြုသွားမှာ။

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now