Chapter 18 Combat

5.7K 1.1K 4
                                    

Chapter 18 Combat

အခန်း ၁၈ - တိုက်ပွဲ

ထောက်လှမ်းရေးစက်ပေါ်က အနီရောင် အစက်များနှင့် ဟိုးအဝေးကြီးထဲကကို မက္ခများထဲမှ စစ်သားများ အားလုံး ဘယ်တော့ မှ မေ့မသွားမယ့် သတ္တဝါတွေကို မြင်လိုက်ရသည်…….

သူ့ကိုယ်လုံးက အထပ်နှစ်ဆယ် နီးပါး မြင့်ကာ သူ့ရဲ့ ခပ်ဝဝ ကိုယ်ထည်ကြီး၏ မျက်နှာပြင်က မီးခိုရောင် နံရံကြီးနှင့် တူသည်။ သူ့ကိုယ်ထည် နားမှာ ဒါဇင်ပေါင်း များစွာသော လက်တံများ က ဝေ့ယမ်း ကခုန်နေ သည်က မုန့်ညက်လုံး အကြီးကြီး ဘေးမှာ မီးခိုးရောင် အင်းစက်တွေ ဝိုင်းနေတာနဲ့တောင် တူသေးသည်။

သူ့ဘေးနားက သစ်ပင်များကလည်း မီးခြစ်ဆံများ စီပြီး ထောင်ထားသည့်အလား ညင်သာစွာ ကြုံရာ တစ်ချက် ယမ်းလိုက်သည်နှင့် သစ်ပင်တွေကို ပျော့ဖတ်များ အစြဖ် ပြောင်းသွားစေနိုင်သည်။ ထို့ကြောင့် သူ့နားက နေရာအကျယ်ကြီးက ဟာလာဟင်းလင်းကြီး ဖြစ်နေသည်။ တစ်ချက် တစ်ချက်တော့ အစိမ်းရောင် တစ်ပိုင်းတစ်စလောက် မြင်နိုင်ပေမယ့် အဲဒါတွေက လက်တစ်ဆုပ်စာလောက်ပဲ ရှိတဲ့ ပေါင်းပင် တွေပင်။

မူလက အရပ်ရှည်ကြတဲ့ မက္ခတွေက အဲလို သတ္တဝါကြီးတစ်ကောင် ရှေ့လဲ ရောက်ရော ဘီလူးတိုင်းပြည်ကို မတော်တဆ ရောက်သွားတဲ့ ဗီလိန်တစ်ယောက်လိုပင် မက္ခကို မောင်းနှင် နေတဲ့ လူသားတွေဆိုတာ အသာထားဦး…..

ကမ္ဘာပေါ်က အရာအာလုံးကို ဖျတ်ဆီးနိုင်တဲ့ ဒီလို အရာကြီးနဲ့သာ ရင်ဆိုင်လိုက်ရတော့ စစ်သားအားလုံးကတော့ သူတို့ကို သူတို့ အသေးအမွှားလေတွေလို မခံစားမိပဲ မနေနိုင်တော့ပဲ ညွှန်ကြားချက်အတိုင်း ပြုလုပ်နေသော လက်များမှာ ချွေးတွေ ထွက်လာတော့သည်။

သူတို့ ဒီအကောင်ကြီးကို နိုင်ပါ့မလား

စစ်သားတွေ အကုန် မအံသြပဲ မနေနိုင်တော့ချေ။

သို့သော်လည်း အဲဒိအကြံ ပေါ်လာသည့် အချိန်မှာပဲ အဖိနှိပ်ခံလိုက်ရသည်။ အဲဒါ အကောင်တွေက ကြောက်ဖို့ ကောင်းတောင် သူတို့ က အနိုင်ယူနိုင်ရမယ်။

သူတို့တွေ အနားကပ်လာသည်ကို အာရုံခံမိပုံ ရသည်။ အကောင်ကြီးက အနောက်ကို ဖြည်းဖြည်းချင်း လှည့်လာကာ သူတို့ကို မျက်နှာချင်းလေသည်။ ကြီးမားလှတဲ့ ကတ္တီပါသွေးရောင် မျက်လုံးများက အကြိမ်အနည်းငယ် လှည့်လည် ကြည့်ရှုပြီးတော့ သူတို့ ရှိရာ နေရာတွင် ရပ်သွားသည်။ မျက်လုံးများ အောက်က မျက်နှာ၏ နေရာများများကို ယူထားသော ပါးစပ်ပေါက် ကျဉ်းကျဉ်းက ဖွင့်လိုက်ချိန်မှာတော့ အေးစက်စက် အလင်းရောင်များ တောက်ပနေသော ထက်မြသည့် သွားတွေကို လှစ်ဟပြလာသည်။ အနံ့ကောင်းတာလေးကို ရလိုက်သည့်အလား ဧရာမမျက်လုံးကြီးများက ကျုံခနဲ ဖြစ်ကာ သူတို့ ရှိရာဘက်ကို ခပ်ထူထူ လက်တံကြီးတစ်ခုကို ဘာမပြော ညာမပြောနဲ့ ပိတ်ရိုက်လိုက်သည်။

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now