Chapter 8 Crown Prince of the Empire

7.4K 1.3K 2
                                    

Chapter 8 – Crown Prince of the Empire

အခန်း ၈ - အင်ပါယာ၏ သရဖူဆောင်းမင်းသား ( အင်ပါယာ အိမ်ရှေ့စံမင်းသား)

ချွေးစေးတွေ ဖုံးလွှမ်းနေတဲ့ ဘယ်ရွန်တစ်ယောက် လုံယွမ့် အနောက်က ထွက်လာတဲ့ ရီရှောင့်ကို မြင်လိုက်ရသည့် အခါမှာတော့ သူ့မျက်လုံးတွေက တစ်ခဏလောက် ပင့်တက်သွားပေမယ့် သူ့ကိုယ်သူ ပြန်ထိန်းလိုက်နိုင်သွားသည်။

ရီရှောင်က ဘယ်ရွန် သူ့ကို ကြည့်တာလဲ မြင်ကော အေးစက်စက်အကြည့်တစ်ချက်သာ ပေးလိုက်သည်။ သူက ဘယ်ရွန့်ရဲ့ လုံယွမ့်ကိုစကားပြောချိန်မှာ တုန်ရီနေတဲ့အသံကို သေချာပီပီသသ ကြားလိုက်ရသည်။ သို့သော်ငြားလည်း လုံယွမ်က ပထမနေ့ထဲက မင်းမျိုးမင်းနွယ် ဆွေကြီးမျိုးကြီးထဲကမှန်း သက်သေပြချက်ကြီးကို မြင်ထားကာ မင်းမျိုးမင်းနွယ်ထဲက သိပ်အရေးမပါတဲ့ မျိုးဆက်လောက်ဟုသာ လုံယွမ့်ကို ထင်ထားခဲ့သဖြင့် သူက သိပ်ပြီး အများကြီး မတွေးလိုက်ပေ။ သူ့စိတ်ထဲတွင်တော့ အယ်လဖာ အခြေအနေကို ဘယ်လို သတင်းပို့ရမလဲ ဆိုတာပဲ တွေးနေမိသည်။

သူ အယ်လဖာကနေ ထွက်လာကာ ဒီိကို လာခဲ့တာ နဲနဲတောင် ကြာနေပြီဆိုတော့ ဂြိုလ်ပေါ်က အခြေအနေများကို သိပ်သေချာ မသိတော့ချေ။

ဘယ်ရွန်ရဲတိုက်၏ ဥယျာဉ်ကျယ်ကြီးကို ဖြတ်သန်းလာပြီးတော့ သူတို့တွေက ထိန်ထိန်ညီးနေသော အဖြူရောင် အဆောက်အဦးထဲ ဝင်လိုက်ကြသည်။ ဘယ်ရွန်က လုံယွမ်နှင့် ရီရှောင့်ကို အဆောက်အဦး၏ ဘယ်ဘက်မှ ရှေးဟောင်း သစ်သား ကြောင်လိမ်လှေခါး ကနေ တတိယထပ်ရှိ တောက်ပနေသော သတ္တုတံခါး တစ်ချက် ရောက်သည်အထိ တန်းတက်သွားသည်။

ဘယ်ရွန်က တံခါးရှေ့ကို တက်လှမ်းလိုက်သည်နှင့် တံခါးဆီမျ အပြာရောင် အလင်းတန်းလေး တစ်ခုက ချက်ချင်း ထွက်လာသည်။ အဲဒိအလင်းတန်းက ဘယ်ရွန့်ရဲ့ တစ်ကိုယ်လုံးကို စကန် ဖတ်လိုက်လေသည်။ အဲဒိနောက် လေထဲတွင် မျက်နှာပြင်လေးတစ်ခု ပေါ်ထွက်လာသည်။ ဘယ်ရွန်က သူ့လက်ကို ချက်ချင်းမြှောက်လိုက်သည်နှင့် လေထဲမှ ထိုမျက်နှာပြင်လေးက သူ့လှုပ်ရှားမှုအတိုင်း သူ့လက်အမြင့်လောက် ဆီကို ပြုတ်ကျသွားသည်။ ဘယ်ရွန်က သူ့လက်ချောင်းများနှင့် စကားဝှက်ကို ရိုက်လိုက်ပြီး နောက်ဆုံးမှာတော့ သူ့လက်မကိုပါ စကန်ဖတ်လိုက်သည်။

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now