Chapter 68 Mother

4.7K 936 26
                                    

Chapter 68 Mother

ဘုရင့်ကို ကူညီရန် လာကြသူများ အားလုံးကိုလဲ လင်းယွင်အပြတ်ရှင်းလိုက်သည်။

လုံယွမ်က ရွှမ်ဖုန့် အားတွေ အကုန်လုံး သုံးလိုက်ရသည်။ နောက်ဆုံးလက်ကျန်လေးတွင် ရွှမ်ဖုန်က အောက်ကို ဆင်းလာကာ မြေပြင်ပေါ် ဒူးတစ်ဝက်ထောက်လိုက်သည်။ အလင်းဖြူတစ်ခုက ရွှမ်ဖုန့်ကိုယ်ကနေ ထွက်လာပြီး လုံယွမ် မြေပေါ် လုံခြုံစွာ သက်ဆင်းလားသည်။ အဲဒိနောက် နောက်ထပ် အလင်းဖြူတစ်ခု ဖျတ်ခနဲ လက်သွားသည်။ မူလက အရပ်ရှည်ရှည် မက္ခအနက်ရောင်ကြီးမှ ရွှေရောင်အမွှေးများနှင့် ချူဟွာဟွာခွေးတစ်ကောင် အဖြစ်ပြောင်းသွားကာ မြေပေါ်လှဲနေသည်။

သူ့မျက်လုံးတွေကို ပိတ်ထားကာ ပုံမှန် တက်ကြွလန်းဆန်းနေသော အားအင်တွေ လုံးဝကုန်ခန်းကာ သူ့ကိုယ်ကလည်း ပျော့ကာ မှောက်ရက်လေး နောက်ခြေတစ်ဖက်မှာလဲ အပေါက်ကြီးတစ်ခုနှင့် အထဲက စက်တစ်ရှူးတွေတောင် မြင်နေရသည်။ လုံယွမ် ရွှမ်ဖုန်ကို မကြိုက်ပဲ မနေတာ ဒါ ပထမဆုံး အကြိမ်ဖြစ်လေသည်။ သေချာလေး ဆောင့်ကြောင့်ထိုင်ကာ မလှုပ်မယှက် ရွှမ်ဖုန်ကိုယ်ကို ယူလို့ သူ့ရဲ့ သိုလှောင်လည်ဆွဲထဲ ပြန်ထည့်လိုက်သည်။

ရီရှောင်လဲပဲ မက္ခထဲကနေ ထွက်လာကာ လုံယွမ့်ဆီကို သွားလေသည်။

အဲဒါကိုလဲ မြင်ရော ကလေးလေးက ချက်ချင်း ရီရှောင့်ဘေးကို ပြေးကာ ရီရှောင့်ပေါင်ကို ကျုံးဖက်ကာ သူ့ကို မျက်လုံးဝိုင်းကြီးများနှင့် မော့ကြည့်နေသည်။ ရီရှောင်က ခဏလောက် ရယ်မောကာ ဆောင့်ကြောင့်ထိုင်ပြီး ကလေးကို ကောက်ချီလိုက်သည်။ ပြီးတော့ တုန့်ဆိုင်းမှု နည်းနည်းနှင့် မျှော်လင့်ချက်တွေ ရောနှောလှစွာ လင်းယွင်သွားရာ အရပ်မျက်နှာကို လှမ်းကြည့်နေသည်။ ကလေးလေး ပြောလို့ သူ့အမေလဲ ပါလာတာ သိထားပေမယ့် လင်းယွင်ကို မြင်ယုံသာမြင်လိုက်ရသည်။ သူ(မ)ပုံက ဒီလိုမျိုး ဖြစ်နေပေမယ့် ရီရှောင်ကတော့ တစ်ချက်တည်းနှင့် တင် မှတ်မိပါသည်။

သူ့ကို လင်းယွင် ထားပြီး ထွက်သွားတာ ဘုရင့်ကို ရှောင်ရှားချင်တာကြောင့် ဆိုလို့ သူ့ကို ဒီလိုကြီး ထားခဲ့တဲ့ အတွက် မုန်းတီးတာတွေ သူ ရှိမနေတော့။ သို့သော်ငြားလည်း အဲဒိအချိန်တုန်းက ဘာမှ မပြောထားပဲ သူ့ကို လုံးလုံးလျားလျားကြီး စွန့်ပစ်ခဲ့သည်။ ရီရှောင်က လင်းယွင်ကို မြင်မြင်ချင်း မှတ်မိတယ် ဆိုပေမယ့် သူကတော့ တုန့်ဆိုင်းနေဆဲပင်။

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now