Chapter 20

5.2K 1K 17
                                    

Chapter 20 Danger

အခန်း ၂၀ အန္တရာယ်

အစိမ်းရောင် မျက်နှာပြင်ပေါ်တွင် လုံယွမ် မောင်းနှင်နေသော မက္ခက အဖြူအစက်လေး အဖြစ် အလယ်ဗဟိုတွင် ပေါ်လာကာ အဖြူရောင် အလင်းတစ်လိုင်းက စက်ဝိုင်းအသေးလေးကနေ စတင်ကာ အပြင်ဘက်သို့ ပျံနှံသွားသည်။ စက္ကန့် အနည်းငယ် ကြာသောအခါ မျက်နှာပြင်ပေါ်တွင် နောက်ထပ် အဖြူအစက်လေး နှစ်စက်လဲ ပေါ်လာသည်။

လုံယွမ်က ရှဲရွန်၏ နေရာကို ပြသော အဖြူစက်လေးကို တစ်ချက် ကြည့်လိုက်ကာ ဘယ်ဘက် အောက်ထောင့်နားမှာ ပေါ်နေသော အဖြူအစက်လေး ဆီကို အတိအကျကြီး သေချာ ကြည့်နေသည်။ ပြီးတော့ သူက ရှာဖွေရေး မျက်နှာပြင်တွင် ပေါ်လာသော အဲဒိ  မက္ခတည်ရှိနေရာ နေရာ၏ မြေပုံကို အမြန်ခေါ်ယူကာ ရီရှောင် ရှိနေသော နေရာကို အကြမ်းဖျင်း အတည်ပြုနိုင်လိုက်သည်။ 

လုံယွမ်က အနက်ရောင် မက္ခနှင့် အတူ လှည့်ကာ မျက်နှာပြင်ပေါ်တွင် ညွှန်ကြားချက်တွေ အမြန်ထဲ့လိုက်ပြီး ရီရှောင် ရှိရာသို့ အမြန် ပြေးသွားတော့သည်။ သူ့ လှုပ်ရှားမှုကြောင့် ထောက်လှမ်းရေး မျက်နှာပြင်ပေါ်က အဖြူရောင် အစက်နှစ်စက်ကြားက အကွာအဝေးက အလျင်အမြန် တိုတောင်းလာသည်။ နောက်ဆုံးတော့ သစ်ရွက်များ သစ်ကိုင်းများဖြင့် ဖုံးလွှမ်းနေသော မြက်ခင်းပြင်ပေါ်က လေသင်္ဘောတစ်စီး အဖြစ် အသွင်းပြောင်းနေသော အဖြူရောင် မက္ခကို လုံယွမ် တွေ့သွားသည်။

ရီရှောင် မောင်းနှင်သော မက္ခက အကောင်းပကတိပုံပဲ ဖြစ်နေပေမယ့် ကြည့်ရတာ အားကုန်သွားလို့ မြက်ခင်းပြင်ပေါ်တွင် ဒီအတိုင်းကြီး ရှိနေရပုံ ရသည်။ 

ရုတ်တရတ် လုံယွမ့် မျက်လုံးများက မျက်နှာပြင်ပေါ်ကို ဖျတ်ခနဲ အကြည့် အရောက်သွားသည်။ တစ်စုံတစ်ခုက မျက်နှာပြင်ဆီိကို ဦးတည်းလျှောက်လှမ်းလာလာသည်။

 အဲဒါက အနားမှာ ရှိနေသော အကောင်တွေ ဖြစ်ကာ အနီရောင် ဖြင့် ပေါ်နေသည်။ ပြောရမယ် ဆိုရင်တော့ သူတို့ အခုလေးတင် သတ်လိုက်သော အကောင်၏ အဖော်များက ထိုနေရာကို အလွန်လျင်မြန်သော အလျင်ဖြင့် ချဉ်းကပ်လာတာပင်။

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now