Chapter 19

5.3K 1.1K 2
                                    

Chapter 19 Rescuse

အခန်း ၁၉ ကယ်တင်ခြင်း

“အကောင်ကြီးရဲ့ အာရုံက စီနဲ့ အီးအဆင့် မက္ခတွေဆီ လုံးလုံး ရောက်သွားရင် မင်းတို့တွေ ငါနဲ့ အတူတူ အကောင်ကြီးကို ပတ်ဝိုင်းထား ပြီးရင် င့ါညွှန်ကြားချက်ကို နားထောင်……” အကောင်ကြီးက သူကခေါင်းကို လှည့်သွားကာ လက်တံတွေနှင့် စီနှင့် အီးအဆင့် မက္ခတွေကို လှမ်းရိုက်ဖို့ လုပ်နေတာ မြင်တော့ “အခု အေ နဲ့ ဘီ အဆင့် မက္ခတွေ မြန်မြန် တပ်ဖြန့်ပြီးတော့ အကောင်ကြီးနားကို ဝိုင်းလိုက်”

ရီရှောင်က အမြန် ထိန်းချုပ်သည့် မျက်နှာပြင်ကို ကြည့်ကာ သူ့မျက်လုံးတွေက အပေါ်ဘက်နားက အစိမ်းရင့်ရောင် မျက်နှာပြင်ကို စိုက်ကြည့်နေသည်။ သူကရဲ့ သွယ်လျဖြူဖွေးတဲ့ လက်ချောင်းများက မျက်နှာပြင်ပေါ် သွက်လက်စွာ လှုပ်ရှားနေသည်။ ညွှန်ကြားချက်များက သူ့ခေါင်းထဲကို အမြန် ဖြတ်ပြေးသွားကာ ထိန်းချုပ်မှုမှာလည်း မှားယွင်းတဲ့ တုန့်ပြန်ချက်တွေ မရှိပေ။ ထူထဲ ရှည်လျားလှတဲ့ မျက်တောင်များက သူ့အောက်က အနက်ရောင် မျက်ဆံများကို အနည်းငယ် ဖုံးကွယ်သွားကာ စိုစွတ်လှသော ပန်းနုရောင် နှုတ်ခမ်းများက ခပ်တင်းတင်းလေး ပိတ်စေ့သွားပြီးတော့ ခေါင်းရဲ့လှုပ်ရှားမှုအတိုင်း နက်မှောင်သော ဆံပင်များလည်း အနည်းငယ် တုန်ခါသွားကာ ထိုင်ခုံအောက်က ရွှေရောင် အလင်းရောင်က အလင်းပြန်နေသည်။ 

ညွှန်ကြားချက်များကို အစီစဉ်အတိုင်း ပေးပြီးနောက်မှာ တစ်ကိုယ်လုံး ဖြူဖွေးတဲ့ မက္ခက ပျော့ပြောင်စွာ လှုပ်ရှားလာပြီး ဓါတ်ငွေ့ကြောင့် အရှေ့ကို တိုးသွားသည်။ ဥပမာ အနေနဲ့ ဆိုရရင် စီ နဲ့ အီးအဆင့် မက္ခတွေမှာ ပျံသန်းတဲ့ လုပ်ငန်းဆောင်တာ နှင့် လေထဲတွင် တည်ငြိမ်စွာ နေနိုင်သော စွမ်းရည် မရှိပါပဲ မြေပြင်တွင်သာ တိုက်ခိုက်နိုင်သည်။ ထို့ကြောင့် စီနှင့် အီးအဆင့် မက္ခများကို ခြေလျင်တပ် ဟုလည်း ခေါ်ဝေါ်သည်။ အေနှင့် ဘီအဆင့် မက္ခများက အဲဒိ တားဆီးချက်များကို လုံးဝ ချိုးဖောက်ကာ လေထဲတွင် လွတ်လပ်စွာ ပျံသံန်းနိုင်ကာ မက္ခ၏ သွက်လက်စွာ လှုပ်ရှားမှုနှင့် ညွှန်ကြားချက်များကို အပြီးဆောင်ရွက်နိုင်စွမ်း သည်လည်းပဲ စီ နှင့် အီးအဆင့် မက္ခ များထက် အဆပေါင်း များစွာ သာလွန်သည်။ ထို့ကြောင့် အေ အဆင့်နှင့် ဘီအဆင့် မက္ခများက မက္ခမောင်းနှင်သူ အားလုံး၏ ပန်းတိုင် ဟု ပြောကြားရလွန် မလွန်လှပဲ သူတို့၏ ဘဝတစ်လျှောက်လုံး ကိုယ်ပိုင် စိတ်ကူး အိပ်မက် ပဲ ဖြစ်သည်။

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now