Chapter 10 Colonel Delia

6.7K 1.3K 13
                                    

Chapter 10 Colonel Delia

အခန်း ၁၀ ဗိုလ်မှူးကြီး ဒီလိုင်

ဆီရူလီယမ်ပေါ်မှ အဆင့်အမြင့်ဆုံး ပစ္စည်းကရိယာများမှာ ဘယ်ရွန်ရဲတိုက်တွင် ရှိသည်။ အနောက်မြောက် ထောင့်မှာတော့ နေရာလွတ်အကျယ်ကြီး ရှိကာ စစ်သဘောင်္ကြီး သုံးစင်းလောက် ဆိုက်ရောက်ရန် လုံလောက်သော မြေနေရာ ရှိသည်။

ရီရှောင်က ဝင်ပေါက်ဝတွင် မတ်တပ်ရပ်ကာ ကောင်းကင်က အနက်ရောင် အစက်လေးတစ်စက်ကို မော့ကြည့်နေသည်။ အဆိုပါ အစက်လေးမှာ ပန်းကန်ပြားပျံကြီး အဖြစ် ပြောင်းလဲကာ ဖြည်းဖြည်းချင်း သက်ဆင်းလာသည်။ အင်ပါယာမှ စစ်သဘောင်္ပေါင်း တစ်ရာကျော် လွှတ်လိုက်သည်။ အခု ကျန်သော သဘောင်္များက ဆီရူလီယမ်၏ လေထုအပြင်ဘက်တွင် တိတ်တဆိတ် စောင့်ဆိုင်းနေချိန်တွင် တပ်ဦးစီး သဘောင်္တစ်စင်းသာ ကမ်းကပ်လေသည်။

သူတို့တွေ အကြာကြီး နေဖို့ အစီအစဉ်မရှိတာ သိသာလှသည်။

စစ်သဘောင်္ကြီးမှ လေပြင်းများကို ဘယ်သူမှ မခံနိုင်ပဲ နောက်ကို ခြေတစ်လှမ်းပြန်ဆုတ်ကြရသည်။ မားမားမတ်မတ် ရပ်နေနိုင်သော လုံယွမ် ကတော့ လေပြေညင်းလေး တိုက်ခတ်နေသည့် အလား ထင်ရသည်။

နှစ်မီတာကျော် မြင့်မားသော လေယာဉ်တံတား ပွင့်သွားပြီးနောက် လှေကားထစ်များက မြေပြင်အထိ တန်းစီ ကျဆင်းလာသည်။ အဲဒိနောက်တွင် နက်ပြာရောင် စစ်ဘောင်းဘီ ဝတ်ဆင်ထားသော လှပသော ခြေတံရှည်တစ်စုံက လေယာဉ်တံခါးအပြင်ကို ပထမဆုံး ခြေလှမ်းအနေနှင့် ပေါ်ထွက်လာကာ အောက်ကို ဖြည်းညင်းစွာ ဆင်းလာသည်။

သူ(မ)၏ ရွှေရောင်ဆံပင်ရှည်ကို မစီးနှောင်ထားပဲ ပခုံးပေါ်သို့ ရေတံခွန်ငယ်လေးအလား ကျဆင်းနေသည်။ စစ်ဦးထုတ်က သူ(မ)၏ နဖူးကို ဖုံးကွယ်ထားကာ ရွှေရောင် ဆံမြိတ်လေးသာ အနားစွန်းမှ ပြူထွက်နေသည်။ အသားဖြူဖြူ မျက်လုံးများက ကြောင်လေးတစ်ကောင်အလား စိမ်းမြကာ မျက်လုံးဖမ်းစားနိုင်သော ရင်အုံကတော့ သူ(မ)၏ လှုပ်ရှားမှုအတိုင်း လှုပ်ယမ်းနေပေသည်။ သို့သော်လည်း ဗိုလ်မှူးကြီးတစ်ယောက် ဖြစ်ကြောင်း ဖော်ပြနေသော သူ(မ)ပခုံးပေါ်မှ ကြယ်သုံးလုံးတန်းလေးကြောင့် ဘယ်သူကမှ ထိုရင်ဘတ်ကို နှစ်စက္ကန့်ထက်ပို မကြည့်ဝံ့ချေ။

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now