Chapter 37 Daily Life

5.3K 1K 5
                                    

Chapter 37 Daily Life

အခန်း ၃၇ နေ့စဉ်ဘဝ

အခန်းက အလွန်ကျယ်ပြန့်လွန်းတာကြောင့် ရေချိုးခန်းဝတ်စုံပါးလေးသာ ဝတ်ထားသည့် မိန်းကလေးက ဘယ်ရွန့်ရဲ့ တံခါးဝက ပြောင်းလဲမှုတွေကို သတိမထားမိချေ။ လိုက်ကာလေး ကာထားသည့် အိပ်ယာဝိုင်းကြီးကနေ ထကာ ခြေဗလာနှင့် သူ့နောက်ကျောအထိ လျှောက်လာပြီးတော့ သူနှင့် အပြင်ဘက်က နီညိုရောင်ဆံပင်တိုနှင့်လူ ကြားက အတိုက်အခံတွေကို ကြည့်လိုက်သည်။ သူ(မ)သည်လည်းပဲ နီညိုရောင် ဆံပင်တိုနှင့် လူကို ဝမ်းနည်းသလို အကြည့်လေး ကြည့်လိုက်သည်။ သူ(မ)က အစောင့်ကို သိသည် ပြီးတော့ ဘယ်ရွန့်ကိုလည်း ထပ်မံ နှောင့်ယှက်တာ ဖြစ်တာကြောင့် ဘယ်ရွန့်ကို စိတ်တိုအောင် လုပ်လိုက်တာလဲ ဖြစ်နေသည်။

သူ(မ)က သူ့ကို တစ်ချက်လောက် ငဲ့ညှာပေးဖို့လဲ စိတ်ခုမနေပေ။ မိန်းကလေးက ဘယ်ရွန့်လည်ပင်းကို သူ(မ)လက်နှင့် ရစ်သိုင်းကာ ဘယ်ရွန့်ရဲ့ နောက်ကျောကို သူ(မ)၏ ကြီးမားလှသော ရင်ဘတ်နှင့် ပွတ်သပ်လေသည်။ “အရှင်၊ ညလေးကို အလိုလိုက်ချင်တယ်လို့ မပြောခဲ့ဘူးလားဟင်.. အခုများ လုပ်ချင်နေ….” သို့သော် နောက်တစ်စက္ကန့်မှာပဲ သူ(မ)ကို ဘယ်ရွန်က ကြမ်းပေါ်ကို တွန်းချလိုက်တော့သည်။ ဘယ်ရွန်က သူ(မ)ကို သူ့မျက်လုံးထဲမှာလဲ ဘာနှစ်သက်ခြင်းတွေ မှ မရှိတော့တဲ့ အေးစက်စက် အကြည့်ကြီးနှင့် ကြည့်လေသည်။ ထိုအကြည့်က အလွန်အေးစက်သည်မှ လူသေတစ်ယောက်ကို ကြည့်နေတာနှင့် တောင် တူသေးသည်။

ဘယ်ရွန့်မျက်နှာချင်းဆိုင်းတွင် မတ်တပ်ရပ်နေသည့် နီညိုရောင် ဆံပင်တိုနှင့် လူက သူ့အိတ်ကပ်ထဲကနေ လျှပ်စစ်သံလိုက်သေနတ်ကို ဆွဲထုတ်လိုက်သည်။ နောက်တစ်စက္ကန့်မှာတင် မိန်းမလှလေး မျက်နှာပေါ်က အပြုံးလေးက အေးခဲသွားကာ သွေးတွေ အများကြီး သူ(မ)ရင်ဘတ်ကနေ စိမ့်ထွက်ကာ မျက်လုံးတွေ ပြူးကျယ်နေအောင် ပွင့်ပြီးတော့ သူ(မ)ခန္ဓာကိုယ်က ကြမ်းပေါ်ကို ပစ်လဲကျသွားသည်။

ဘာ့ကြောင့် အသတ်ခံလိုက်ရသလဲ ဆိုတာတောင် မိန်းကလေး နားမလည်လိုက်ပေ။ ဘာသတိပေးချက်မှ မရလိုက်..

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now