Chapter 4 Security Agency

8.6K 1.6K 48
                                    

Chapter 4 – Security Agency

အခန်း ၄ လုံခြုံရေး အေဂျင်စီ

ရီရှောင်ကတော့ ရုပ်ဆင်းသွင်ပြင်ကြောင့် လုံယွမ်ကို ရွေးချယ်မိသည်ကို နောင်တရနေသည်။ ဒီလို ကိစ္စမျိုး ဖြစ်မယ်သာ သိလျှင် သူက နည်းနည်းပို ရုပ်ဆိုးမည့် သူတစ်ယောက်ကို ရှာကာ တစ်ညတော့ သီးခံလိုက်ပြီး သတ်ပစ်လိုက်မှာပင်။

ဒါပေမယ့် အခုတော့---- သူ့ကိုသူ ထောင်ချောက်ဆင်မိသလို ဖြစ်နေပြီ။ သူ့ကိုယ်ကလဲ ဒီလူ၏ အရှက်မဲ့ ယုတ်မာ လှသော သက်သေများနှင့် ပြည့်နှက်နေသည်။ သူက လုံယွမ်ကို အရင် အတင်းအကြပ် လုပ်ချင်မိတာ မှန်ပေမယ့် ထိုသူကသာ တဖတ်သတ် အတင်းအဓမ္မ ယူလိုက်တာ ဖြစ်သည်။ သူ့မှာ အောက်ကျ နောက်ကျခံ ပြီးတော့ သူ့ကို လွှတ်ပေးဖို့ တောင်းပန်တာတောင် သူ့ခါးကို ဖိကာ အကြိမ်များစွာ အကြမ်းဖက်ဆဲပင်။ သူ့ခန္ဓာကိုယ် ကလဲ တစ်ညလုံး လူးကာ လှိမ့်ကာနှင့် ကစားတာ ခံလိုက်ရသည်။

ဒီလူ၏ လိင်စိတ်က အားကောင်းလွန်းကာ ထိတ်လန့်ဖို့တောင် ကောင်းလှသည်။

ရီရှောင်က ခေါင်းငုံကာ သူ့အဝတ်အစားများကို သပ်ယပ်အောင် လုပ်လိုက်သည်။ သူက အခု သိပ်နေလို့ မကောင်းဘူး ဆိုလျှင်တောင် မြို့၏ လုံခြုံရေးအေဂျင်စီတွင် အယ်လဖာ၏ အခြေအနေများကို အစီရင်ခံ ရဦးမည်။

အဲဒိ မကောင်းဆိုးဝါးများ အင်ပါယာတွင် ပေါ်လာချိန်တွင် ဖြစ်ပေါ်လာသော အခြေအနေကို တတ်နိုင်သမျှ မြန်မြန် သူ အကြောင်းကြားရန် လိုအပ်သည်။ သို့သော်လည်း သူရောက်သည့် ပထမဆုံးနေ့တွင် ညအချိန် ဖြစ်ကာ နောက်ကျနေပြီမို့ သူ့ခန္ဓာကိုယ်၏ ရုတ်တရတ် ပြောင်းလဲမှုများကို သိသွားရသည်။ ဒါပေမယ့် ဒီနေ့ကတော့ သူထပ်မံ နှောင့်နှေးဖို့ မဖြစ်နိုင်တော့။

သူ့ခန္ဓာကိုယ် အောက်ပိုင်းက ထူးဆန်းနေသလို ခံစားနေရပေမယ့် ရီရှောင်က သူ့ဘာသာသူ တတ်နိုင်သမျှ မတ်မတ်နေနိုင်အောင် အကောင်းဆုံး ကြိုးစားပြီးတော့ တံခါးဖွင့်ကာ အပြင်ထွက်ဖို့ လုပ်လိုက်သည်။

"ဘယ်သွားမလို့လဲ"

ရီရှောင် ခြေထောက်များ ရပ်တန့်သွားသည်။ ပြီးနောက် ကောင်တာပေါ်က အခန်းဘေလ်ကို ကောက်ယူကာ တန်းထွက်သွားသည်။ သူ့အနောက်က အရပ်ရှည်ရှည်နှင့် လူက တိတ်သွားသည် ပြီးတော့ အသံတိုးတိုးလေး တစ်သံက ထွက်ပေါ်လာပြန်သည်။

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now