Chapter 26 Survivors

4.9K 1K 8
                                    

Chapter 26 Survivors 

အခန်း ၂၆ အသက်ရှင် ကျန်ရစ်သူများ

ထိုနေ့ည နောက်ပိုင်းမှစကာ နောက်ထပ် သုံးညဆက်တိုက် ပြန်လည် တည်ငြိမ်သွားသည်။ ညစောင့် အနေနှင့် နှစ်ဆ လုပ်လိုက်ပေမယ့်လဲ မည်သို့သော် တမူထူးခြားမှုမျှ ဖြစ်မလာပေ။

မနက်စောစောနေက သစ်ပင်ထိပ်ဖျားပေါ်သို့ ကျရောက်ကာ သစ်တောအုပ် တစ်ခုလုံးကို လွှမ်းခြုံထားသည်။ ညဘက်က ကျထားသော နှင်းစက်ရည်များက အရွက်ထိပ်ဖျားများကိုတွင် စုစည်းမိကာ မြေပေါ်သို့ ကျပြီး ပြီးခြင်း စိုစွတ်သော မြေများထဲတွင် ပျောက်ကွယ်သွားသည်။

နေ့သစ်တစ်နေ့ စပြန်ပြီ။

မနက် ၇ နာရီတွင် စစ်သားအားလုံး သူတို့တဲတွေ သိမ်းဆည်းကာ ရှဲရွန်သတ်မှတ်ထားသော နေရာတွင် တန်းစီကြသည်။

ရှဲ့ရွန် က သေသပ်စွာ စီတန်းထားသော အတန်းရှေ့တင် လက်နောက်ပြန်ထားကာ မတ်တပ်ရပ်နေသည်။ လူရေတွက်ပြီးတော့ နယ်နမိတ်သတ်မှတ်ထားသော ပစ္စည်းများကို သိမ်းခိုင်းပြီးတော့ လူတိုင်းကို သူတို့၏ မက္ခများကို ခေါ်ထုတ်စေသည်။

ရီရှောင်က ထိန်းချုပ်ခန်းထဲ ဝင်ပြီးတာနှင့် ထိန်းချုပ်ရေးကို ချက်ချင်းဖွင့်ကာ သုံးဖက်မြင်မြင်ကွင်းကို ဖွင့်လိုက်သည်။ ရှဲရွန် မောင်းနှင်နေသော မက္ခရှိရာကို ကြည့်ပြီးတော့ ချက်ချင်း ညွှန်ကြားချက်တွေ ထည့်ကာ ရှဲရွန့် ညွှန်ကြားချက်အတိုင်း လိုက်တော့သည်။

လုံယွမ်ကတော့ မက္ခ အနက်ရောင်ကြီးကို ထိန်းချုပ်ကာ ရီရှောင့်နောက်က ကပ်လိုက်သွားသည်။

ရွှမ်ဖုန်ကတော့ အကူမောင်းနှင်သူ ထိုင်ခုံမှာ ရှေ့လက်တွေ ထောက်ကာ ရပ်နေပြီး အမြီးတယမ်းယမ်းနှင့် လုံယွမ့်ကို မကျေမချမ်းကြည့်နေသည်။ “လုံယွမ်လေး ငါ့ကို ဘာလို့ မသုံးတာလဲ ဒီ အဆင့်နိမ့် မက္ခလောက် ငါ ကကြည့်မကောင်းဘူးလား” နေရာမှာတင် စက်ဝိုင်းပုံ အနည်းငယ် ပတ်ပြီးတော့ သူရှိနေရာ ထိန်းချုပ်ခန်းကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲက ခါးသီးမှုတွေက အကောင်အထည်တောင် ပေါ်လာတော့မည်။

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now