Chapter 62 Infiltration

3.9K 852 42
                                    

Chapter 62 Infiltration

သူ့အရှေ့က အစောင့်နှစ်ယောက် ပျောက်သွားသည်။ သူတို့တွေ အဆိုင်းတော့မည့်ဟန် ရှိသည်။ ကလေးလေးက ဘေးဘီကို နိုးနိုးကြားကြားနှင့် ကြည့်ရှုလိုက်သည်။ ပြီးတော့မှ သူ ပုန်းနေသည့် ခြုံပုတ်အောက် ကနေ တွားသွားထွက်လာပြီး ဘေးနားကို ဘယ်ကြည့် ညာကြည့် အကြိမ်အနည်းငယ် လုပ်လိုက်သေးသည်။ အမြန်ကုန်းထပြီး လေပြင်းလေး တိုက်သလို ဝူးခနဲ သစ်ပင်ကြီး၏ အောက်သို့ တရှိန်ထိုး ပြေးသွားလေသည်။

အပင်ထိပ်မှာ သရဖူ အကြီးကြီး ရှိနေသည့် သစ်ပင်ကြီးကို မော့ကြည့်ပြီး ပင်စည်ပေါ်ကို သူ့လက်လေး တင်လိုက်ပြီးနောက်မှာ သူ့မျက်လုံးဝိုင်းကြီးတွေက ဖျတ်ခနဲ လင်းတစ်ချက် ဖြစ်သွားသည်။ သူ့ရဲ့ ပင်ကိုယ်က လုံးလုံးပြည့်ပြည့် ကိုယ်လုံး ပျောက်သွားပြီးတော့ ပတ်ဝန်းကျင်နှင့် တစ်သားတည် ဖြစ်သွားသည်။ နောက်ထပ် အစောင့်တစ်ဆိုင်း ရောက်လာချိန်တွင် ဒီပေါက်စလေး ပင်စည်ကနေ သူတို့ မျက်စိရှေ့တွင် တွယ်တက်သွားတာ သတိမထားမိကြတော့ချေ။

XXXXXXX

ရီရှောင် အနားယူပြီး အားတွေ ပြန်ရအောင် စုနေတာကနေ မျက်လုံးဖွင့်လိုက်သည်။ သူ နောက်ဆုံးအကြိမ် ဖြတ်ခနဲ ထွက်ပြေးဖို့ အသင့်ဖြစ်နေပြီ။ မျှော်လင့်ချက်က အလွန်နည်းပါးလှပေမယ့် ဘာအခွင့်အရေးမှ အလဟသတ် မဖြစ်ချင်ဘူး ဖြစ်နေသည်။ အိပ်ယာကနေ ထထိုင်လိုက်တော့ သူကကိုယ်မှာ ဝတ်ထားတာက အပြာရောင်ဝတ်စုံ ဆိုတော့ သူ့အသားအရည်တွေက ပိုတောင် ဖြူလျော်နေသလို ထင်ရသည်။

ခြေဗလာနှင့် မတ်တပ်ရပ်လိုက်ပြီး ရီရှောင့် အေးစက်စက်မျက်လုံးများက သူ့ရှေ့က အနည်းငယ်ဖွင့်ထားသည့် အခနးတံခါးကို ကြည့်ကာ မတုန်မလှုပ်ကြီး လျှောက်လှမ်းလိုက်သည်။ လမ်းမှာတော့ သူ့ပေါင်က တစ်ခုခ ကို တိုးသွားသလိုမျိုး သူ့ပေါင်ကို တိုက်ရိုက်ကြီး လာဖက်တဲ့ အရာတစ်ခု ပျော့ပျော့နှင့် နွေးထွေးတဲ့ အရာတစ်ခု သူ့ခြေထောက်ကို လာထိသည်။

“မေ..မဟုတ်ဘူး ဖေ့! ကလေးလေးက ဖေ့ကို အရမ်းလွမ်းတာပဲ…” နူးညံ့ညံ့ ကလေးသံလေး တစ်သံ ရီရှောင့် နားထဲ ဝင်လာပြီးတော့ နဂိုက တိုးယိုပေါက် ဖြစ်နေသည့် သဏ္ဍာန်လေးတစ်ခု အခန်းထဲတွင် တဖြည်းဖြည်း ပြန်လည် ပေါ်ထွက်လာသည်။

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now