Chapter 25 Sneak Attack

5.3K 1K 40
                                    

Chapter 25 Sneak Attack

အခန်း ၂၅ အလစ်ဝင်တိုက်ခြင်း

ကုန်းမြေကို သမုဒ္ဒရာကြီးက ပတ်လည် ဝိုင်းထားတာကလွဲလျှင် အယ်လဖာကြီး တစ်ခုလုံး နီးပါးကို ထူထဲလှသော သစ်တောကြီးများက ဖုံးအုပ်ထားသည်။ ထို့ကြောင့် လေထု၏ အရည်အသွေးကလဲ အလွန်အမင်း ကောင်းမွန်လှသည်။ (T/N ငါတို့ နိုင်ငံက ဟိုလူတစ်စုသာ ပို့လိုက်လို့ကတော့ အကုန်ရောင်းစားမှာပဲ) 

ဒီလို ကောင်းမွန်သာယာလှသော ညလေးတစ်ညဆိုလျှင် အနက်ရောင် ပိုးထည်စပေါ်က မရေမတွက်နိုင်တဲ့ စိန်ပွင့်လေးများ တလက်လက် တောက်ပနေသလို ကောင်းကင်ပေါ်က လင်းလက် တောက်ပနေသော ကြယ်များကိုတောင် ထင်ထင်ရှားရှား မြင်နိုင်လှသည်။

ဒီအချိန်ကတော့ ညတစ်ည၏ တော်တော်လေး ဥာဥ့်နက်နေပြီမို့ သစ်တော တစ်ခုလုံးကလည်း တိတ်ဆိတ်နေသည်။ အလင်းဒိုင်းကာ ကြီး အောက်ထဲက စစ်သားအများစုမှာလဲ သူတို့ တဲတွေထဲ ဝင်ကာ အနားယူနေကြပြီ။ စစ်သားလေးယောက်သာ ဒိုင်းကာ၏ အစွန်းနားက မီးပုံတစ်ခုတွင် ဝိုင်းဖွဲ့ ထိုင်နေကြသည်။

ဒိုင်းကာထဲမှ အလင်းရောင်ကို အပြင်မှ မမြင်နိုင်သလို မီးခိုးများကိုလဲ အထူးကရိယာများ သုံးထားလို့ မပေါ်လာပေ။ ထို့ကြောင့် အပြင်ဘက်မှ ကြည့်လျှင် ဒီနေရာကလည်း အနက်ရောင် ဧရိယာတစ်ခုပဲ ဖြစ်ကာ ဒီလို တိတ်ဆိတ် မှောင်မဲလှသော ကျန်သစ်တောအုပ်နှင့် ဘာကွာခြားချက်မှ မရှိချေ။ ဒီဟာကလည်း အနားယူနေသော စစ်သားများကို အမှောင်ထဲမှာ သိသိသာသာ ထင်းနေသော ပစ်မှတ်အဖြစ် မှတ်ယူဆ ခြင်းကနေ ကာကွယ်ပေးရန် နည်းလမ်းကောင်း တစ်ခု ဖြစ်သည်။ ညဘက်မှာ လုံလောက်အောင် အနားမယူနိုင်လျှင် နောက်တစ်နေ့ တိုက်ခိုက်ရာတွင် ခက်ခဲပေလိမ့်မည်။ 

အလင်းဒိုင်းက အကောင်များစွာ၏ တိုက်ခိုက်ခြင်းကို ကြံကြံခံနိုင်ကာ တိုက်ပွဲအတွက် လုံလောက်သော အချိန် ဆွဲထားနိုင် သော်လည်း ရှဲရွှန်ကတော့ အလုံးစုံ စိတ်ချစေရရန် ညစောင့် စစ်သားလေးယောက် ချန်ထားမြဲ ဖြစ်သည်။

ဥာဥ့်က တဖြည်းဖြည်းနှင့် နက်လာကာ သစ်တောထဲမှာလဲ မြူခိုး ခပ်ပါးပါးလေး စတင် ပြည့်နှက်လာကာ မြေပြင်ထက်တွင် ရစ်သိုင်းနေသည်။

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now