Chapter 46 Baby has a Tail?

5.8K 1.1K 34
                                    

Chapter 46 Baby has a Tail?

ကလေးလေးကတော့ သူ့တစ်ကိုယ်လုံးက ကြွက်သားတွေအကုန်လုံ လုံယွမ့်အကြည့်အောက်မှာ တုန်ရီကုန်သလို ခံစားနေရသည်။ သူ့မှာ ကျောက်တုံးတစ်တုံးလိုပဲ လှုပ်လို့ကို မရပေ။ ပြီးတော့ လုံယွမ့်အကြည့်အောက်မှာ ရီရှောင့်ကို ကူပေးဖို့လဲ မတောင်းဆိုရဲ။

လုံယွမ်က ကလေးဆီက အမြီးကို မြင်တော့ သူ့မျက်ခုံးတွေ မမြှင့်တက်ပဲ မနေတော့ပေ။ သူမြင်တာတော့ မမှားပါဘူးနော် ကလေးမှာက…နဂါးအမြီးလေးနဲ့လား??

အဲဒါ ဘာမျိုးစိတ်လဲ

လုံယွမ်က ကလေးကို စိုက်ကြည့်နေကာ ရီရှောင်မနိုးစေရပဲ အိပ်ယာကနေ ထွက်လိုက်သည်။ ပြီးတော့ အိပ်ယာကို တစ်ပတ်ပတ်ကာ ကလေးလေး လှဲနေသည့် ဘက်ကို သွားပြီးတော့ အမြီးကနေ ကောက်မလိုက်သည်။

ဆိုးလိုက်တဲ့ မကောင်းတဲ့ ဦးလေးကြီး၊ ကလေးကို ညှင်းပန်းနှိပ်စက်တယ်

သူ့အမြီးကို ကိုင်ဆွဲခံလိုက်ရချင်းမှာပဲ ကလေးလေးရဲ့ တစ်ကိုယ်လုံးက ရုတ်တရတ် ပျော့သွားကာ ဘာအားမှ ထွက်မလာတော့။ သူ့ခြေလက်တွေ အကုန် ပျော့ခွေသွားကာ အောက်ကို တွဲလောင်းလေး ကျနေပြီး သူ့မျက်နှာကလည်း မျက်ရည်မကျပဲ ငိုနေသလို ဖြစ်လာသည်။

သူက အခုလေးမှာ မွေးတာကိုး အမြီးက ဖယ်လို့လဲ မရသေးဘူးလေ။ စိတ်ရှုပ်လိုက်တာ အား အရမ်း အရမ်း စိတ်ရှုပ်တာပဲကွာ။ သူ့ ကို ဒီ မကောင်းတဲ့ ဦးလေးကြီးက အနိုင်ကျင့်တာ သူ့မေမေကို တိုင်ကို တိုင်ရမယ်။

လုံယွမ်က ကလေးရဲ့ အမြီးကနေ ကိုင်ကာ တစ်ကိုယ်လုံးကို အခန်းအတွင်းပိုင်း မီးမှိန်မှိန်မှာ ကြည့်လေသည်။ အမြီးကလွဲလျှင် သူ့လက်ထဲက အရာလေးက အခြားကလေးတွေနဲ့ မကွဲပြားပေ။ လုံယွမ့်ရဲ့ အမူအယာက ရှုပ်ထွေးနေကာ ကြည့်ရတာတော့ ကလေးရဲ့ အမြီးက သူ့ရဲ့ အားနည်းချက်ပဲ ဖြစ်လိမ့်မည်။ အယ်လဖာရဲ့ အဖျတ်အမှောင့် အင်အားကြီး ကြမ်းတမ်းရက်စက်ရဲ့ မကောင်းဆိုးဝါးများနဲ့ ယှဉ်ရင် သူ့လက်ထဲက ဟာလေးက မထိခိုက်နိုင်တဲ့ သိုးငယ်လေးပဲ။

ဒါပေမယ့် အမြီးနဲ့ကတော့ အခြားသူတွေရဲ့ မျက်လုံးထဲ ပေါ်လာခွင့် သူမပေးနိုင်ပေ။ ဘယ်သာမာန်ကလေးက သူတို့အနောက်မှာ အမြီးပေါက်နေလို့လဲ။

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now