Chapter 55 Fighting the Monsters

4K 949 23
                                    

Chapter 55 Fighting the Monsters

လုံယွမ် မောင်းနှင်သည့် မက္ခက ပုံသဏ္ဍာန်အားဖြင့် ထူးခြားလှသည်။ မထုံတတ်တေးဘီလူး တစ်ကောင်ဘေးနားကို ဝှီးခနဲ ရောက်သွားပြီး ဘီလူးရဲ့ လက်တစ်ဖက်ကို ထိုးစိုက်လိုက်သည်။ ဘီလူးဆီက နားကွဲလုမတတ် အော်သံကြီး ထွက်လာပြီးတော့ လုံယွမ်မောင်းနှင်နေသည့် မက္ခဆီသို့ နီမြန်းသည့် မျက်လုံးများက စိုက်ကြည့်နေသည်။ ဒါဏ်ရာကနေ တစိမ့်စိမ့်နဲ့ သွေးပြာတွေ စီးကျလာပြီး ဒါဏ်ရာအောက်က အရိုးဖြူဖြူတွေတောင် မြင်နေရသည်။

လုံယွမ်က မောင်းနှင်သည့် ထိုင်ခုံတွင် အမူအယာမရှိ ထိုင်နေပြီး သူ့ရှေ့က သုံးဖက်မြင်ပုံရိပ် တစ်ခုလုံးကို နေရာယူထားသည့် ဘီလူး၏ မျက်နှာစိမ်းစိမ်းကြီး ကို ကြည့်နေသည်။ သူ မြန်မြန်လေး အပြီးသတ်လိုက် ချင်သည်။ အလင်းဓါးမဟုတ်တဲ့ အခြားလက်နက်တွေ သုံးလိုက်လို့ နန်းတော်ပတ်လည် သစ်တောအပြင်က သေးသေးပိစိကွစိတွေ ဒါမှမဟုတ် သူ့နောက်ဘက်က နန်းတော်ထဲက လူတွေကို ထိခိုက်မိသွားမှာ စိုးရိမ်နေရလို့သာ မဟုတ်ရင် ဒီဘီလူးကို တန်းပြီး အခွံဆွဲချွတ်ပစ်တယ်။

ဘီလူးက မုန်းတီးစိတ်ဝင်းဝင်းတောက်လျက် လုံယွမ့်ကို စိုက်ကြည့်နေသည်။ ကိုယ်ရံတော်တွေက သူ့ကို အမာရွတ်တွေ ကျန်ရစ်စေခဲ့ပေမယ့် အပေါ်ယံ ခြစ်မိတာလေးတွေတင်။ သူ့ရှေ့က လူ လုပ်လိုက်သလို ဒါဏ်ရာကြီးမျိုး တစ်ခုတောင် မရှိ။ တစ်ချက်လေးနှင့် တင် ဘီလူးက တော်တော့်ကို ပြင်းပြင်ထန်ထန် ဒဏ်ရာ ရသွားသည်။ သူ့ကိုယ်လုံးကသာ မကြမ်းမခံဘူးဆိုရင် သူ့လက်မောင်းတစ်ခုလုံး အပါအဝင် သူ့ကိုယ်တစ်ခြမ်းလုံး ပြတ်တောင် ကျနိုင်သည်။

ဘီလူးက အခုလေးတင် ရောက်လာသည့် လူကို အထင်မသေးရဲတော့ချေ။ ဒီဂြိုလ်ကနေ မြန်မြန်လေး ထွက်သွားချင်ပေမယ့် ဒီလူသားက သူ့ကို ဆိုးဆိုးရွားရွားဖြစ်အောင်လုပ် လုပ်ရဲနေသည်။

ဘီလူး၏ မျက်လုံးများက မှေးကျဉ်းသွားပြီး မျက်လုံးနီနီက ပိုပိုပြီး ထင်ရှားလာသည်။ ဒီလူက သူ့ဒေါသကို လာစွနေတာပဲ။ ဒီကနေ မပြန်ခင် ဒိလူကို သတ်သွားချင်တယ်။

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now