Chapter 34 Royal Guard

5.3K 1K 17
                                    

Chapter 34 Royal Guard

အခန်း ၃၄ တော်ဝင်ကိုယ်ရံတော်

ရီရှောင်တစ်ယောက် ခမ်းနားလှသော နန်းတော်၏ အရှေ့တွင် ရပ်နေကာ ခေါ်မှာကို စောင့်နေသည်။ နန်းတော်ပတ်လည်မှာက ထူထဲလှသော တောအုပ်တစ်ခု ဖြစ်တာမို့ မိုးထိအောင် မြင့်မားနေသော အဆောက်အဦးများနှင့် မိုးပျံယာဉ်များ နှင့် နှိုင်းယှဉ်လိုက်လျှင် ကမ္ဘာတစ်ခု ခြားနေသလားတောင် ထင်မြင်ရသည်။

အနက်ရောင်စစ်ဝတ်စုံများ ဝတ်ဆင်ထားသော ကိုယ်ရံတော် တစ်လိုင်းက မြင့်မားလှသော နန်းတော်တံခါးရှေ့တွင် မားမားမတ်မတ်ရပ်နေကာ မျက်လုံးများက အသေနှင့် ခံစားချက်မဲ့နေပုံက လူသားများထက် စာလျှင် ရုပ်သေးရုပ် နှစ်လိုင်းနှင့်တောင် တူသေးသည်။

ခဏနေသော်အခါ ညွှန်ကြားချက် တောင်းခံရန်အထဲဝင်သွားသော ကိုယ်ရံတော်က ပြန်ထွက်လာကာ ရီရှောင့်ရှေ့ကို မတ်တပ်ရပ်ပြီးတော့ အလေးပြုသည်။ ယခု လက်ရှိရှိနေသော သူက မင်းသား၏ ကိုယ်ရံတော် အဖွဲ့မှူး အသစ်ဖြစ်ကြောင်း အတည်ပြုပြီးတဲ့ အခါတွင် ရီရှောင့်ရာထူးက သူ့ထက် အဆင့်ပေါင်းများစွာ မြင့်မားတာမို့ အလေးပြုခြင်းက လိုအပ်သည့် ယဉ်ကျေးမှုဓလေ့ထုံးစံ ဖြစ်သွားသည်။

"ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါ။ အဝတ်အစားတွေကိုလဲ မှာထားပြီးပါပြီ။ အဝတ်လဲခန်းထဲမှာ အဝတ်လဲပြီးတော့ မင်းသားကို အကြောင်းကြားပေးပါ"

ရီရှောင်က သူ့ကို ရုံးထဲ ခေါ်လိုက်တာနှင့် သူမလာခင် သူ့အဝတ်အစားတွေကို ကြိုတင် လုပ်ပေးတာကို နည်းနည်းတော့ထူးဆန်းသည်ဟု ထင်သော်လည်း ဒီတစ်ကြိမ်က ကိုယ်ရံတော်မှူး အဖြစ် တာဝန်ထမ်းဆောင် ရမည့် ပျော်ရွှင်မှုက သူ့ရင်ထဲက သံသယ အနည်းငယ်ကို ဖုံးလွှမ်းသွားသည်။

ကိုယ်ရံတော်များနောက်ကနေ နန်းတော်ထဲက အခန်းတစ်ခန်း ထဲကို လိုက်သွားပြီး သေသေသပ်သပ် ခေါက်ထားသည့် အနက်ရောင်စစ်ဝတ်စုံ ကို အမြန်လဲလှယ်လိုက်သည်။ အဖြူရောင် ရှပ်အကျီ နှင့် လည်စီးကို ဝတ် နောက်ဆုံးတော့ ဒူးခေါင်းအထိ ရှည်သည့် စစ်ဘွတ်ဖိနတ်ကို ဝတ်ဆင်ရသည်။ သူ့အထင်ပဲလားတော့ မသိ ဒီယူနီဖောင်းက အရင်ကထက် တော်တော်လေး ကြပ်နေသည်။ အပြင်ဝတ် စစ်ကုတ်အကျီကို ကြယ်သီးတပ်ပြီးချိန်တွင် မူလက ပိန်ပါးပြီး ကြံခိုင်လှသော ခါးလိုင်းက ပြီးပြည့်စုံသွားသည်။ ဘောင်းဘီကလည်း သူ့ခြေထောက် ကြွက်သားများကို တင်းတင်းလေး ကပ်နေတာမို့ သူ့အရေပြားနှင့် ကွက်တိ ဖြစ်လို့ နေသည်။

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now