Chapter 67 Final Battle

4.3K 912 33
                                    

Chapter 67 Final Battle

လုံယွမ်က သူ့ကိုယ်ကို အမှောင်ထဲတွင် ပုန်းထားသည်။ ရွှမ်ဖုန်၏ တမူထူးလှသော သွင်ပြင်က သူ့အနံ့ ခြေရာကိုတောင်မှ လုံးလုံးလျားလျား ဖုံးကွယ်ထားနိုင်သည်။ ဘုရင်ကြီးက သူ့ကို ခြေရာ ကောက်လို့ မရပေ။ သို့သော် ဒီစွမ်းရည်က အချိန်အကြာကြီးတော့ ထိန်းထားလို့ မရချေ။ သုံးမိနစ်ကြာပြီးနောက်တွင် သူ့ကိုယ်သူ မထုတ်ဖော်ချင်ရင်တောင် ဒီစွမ်းရည်က ကျသွားမှာပင်။

ဘုရင်ကြီးက အနားကို စေ့စေ့စပ်စပ် ကြည့်နေသောကြောင့် လုံယွမ်က တိုက်ခိုက်ဖို့ အခွင့်အလန်းကို ရှာလို့ မရနိုင် ဖြစ်နေသည်။ ခုဏကလို ဘုရင့်ကို သတ်ဖို့ အခွင့်အရေး ရသွားသည့် အချိန်လဲ ရောက်ရော ဘုရင်က သူ့ကို အံသြသွားစေသည်။ သို့သော် အခုတော့ ဘုရင်ကြီးက သူ့မှာ ဒီစွမ်းရည် ရှိတာ သိသွားပြီ ဆိုတော့ အလွယ်တကူ အရူးလုပ်လို့ မရတော့လောက်ပေ။ ဒီလို စွမ်းရည်မျိုးက အံသြဖွယ်ရာ လောက်ပဲ ကောင်းသည်။ ရန်သူက သိသွားပြီ ဆိုလျှင် အရမ်းကြီး မထိရောက်တော့ပဲ နောက်ထပ် အခွင့်ရေး ရတာကို သူစောင့်မှပဲ ရမည်။

အခုတော့ သူ့ဝှက်ဖဲက ပြပြီးနေပြီ။ လုံယွမ်က သူ့မျက်လုံးတွေကို ဘုရင်ကြီး ရှိရာကိုပဲ စိုက်ကြည့်နေသည်။ လုံယွမ့်ဘေးတွင် ရီရှောင်ထိုင်နေသော်လည်း သူ့ကြောင့် လုံယွမ် အနှောင့်အယှက် ဖြစ်သွားမှာ စိုးသောကြောင့် အသံတစ်သံတောင် မလုပ်ရဲပေ။

ရုတ်တရတ်ကြီး ဘုရင်၏ မျက်လုံးနီနီကြီးများ ကျဉ်းမြောင်းသွားပြီး အော်သံနည်းနည်း အော်ဟစ်လိုက်သည်။ အဲဒိနောက် သိပ်မကြာခင်လေးပဲ နည်းနည်းလှမ်းသော နေရာကနေ ပြန်တုန့်ပြန်တဲ့ အသံတွေ ထွက်လာပြီး ခပ်ကြမ်းကြမ်း အထိခံလိုက်ရသလို သစ်ပင်တွေ တုန်ခါကုန်ကာ မြေပြင်ဆိုလျှင်တော့ ပြောနေစရာ မလိုအောင် ခပ်လှမ်းလှမ်းနေ နေသည့် လှိုင်းလေးတွေ ရှိနေသလို အဆက်မပြတ် တုန်ခါနေသည်။

အချို့သစ်ပင်များ အနောက်ကနေ ဂျိုတွေ ပါသည့် ခေါင်းကြီးတွေ ထွက်လာပြီး ဒီဘက်ကို ဦးတည်ပြီး အမြန်ရွှေ့လာသည်။ ဘုရင်ကြီးက အကူအညီ ခေါ်လိုက်ပုံတော့ ရသည်။ လုံယွမ့်မျက်နှာက ချက်ချင်း ပြော်းသွားသည်။ ဘုရင့်ကို တစ်ယောက်ထဲ ရင်ဆိုင်ရတာတောင် ခက်ခဲနေတာကို။ ဒီစစ်ကူတွေသာ ထပ်ပေါင်းလိုက်ရင် ဘုရင့်ကို တန်ပြန်နိုင်မယ် ဆိုသည့် ယုံကြည်ချက်က ပိုတောင် လျော့ကျသွားချေပြီ။

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now