Chapter 7 The Baron

7K 1.4K 12
                                    

Chapter 7 – The Baron

အခန်း ၇ - ဘယ်ရွန်

"အင်ပါယာ ပထမအဆင့် ထောက်လှမ်းရေး အေဂျင်စီ နဲ့ ဆက်သွယ်ဖို့ ဘယ်ရွန့်အကူအညီ လိုအပ်လို့ပါ" ရီရှောင်၏ မျက်နှာက လမ်းမီးရောင်အောက် မှိန်မှိန်အောက်မှာ တော်တော်လေး နှစ်သက်ကြည်နူးစရာလေး ဖြစ်နေသည်။ လုံခြုံရေးထဲ ပါနေသော လူတော်တော်များက သူ့မျက်နှာကို လှမ်းမကြည့်ရလျှင်တောင် မနေနိုင် ဖြစ်နေကြသည် "အယ်လဖာမှာ အရေးပေါ်အခြေအနေ ဖြစ်နေလို့ပါ"

"ဘာ"

ရီရှောင်က သူ့ရဲ့ ဆက်သွယ်ရေးစက်ကို ထုတ်ယူပြီးတော့ သူ့အချက်အလက်တွေကို တာဝန်ရှိသူအား ပြသလိုက်သည်။ "ကျွန်တော်က အယ်လဖာမှာ လေ့ကျင့်ရေးဆင်းနေတဲ့ ပထမအဆင့် စစ်သားရီရှောင်ပါ။ ကျွန်တော့ကို အခု ဝင်ခွင့်ပေးလို့ ရပြီလား"

တာဝန်ခံက ရီရှောင့် ကိုယ်ရေးအချက်အလက်များကို သေချာကြည့်ရှုပေမယ့် နည်းနည်းလေးတောင် မရွေ့သေးပေ။

သူ့ရှေ့က လူကို အတည်ပြုစစ်ဆေးပြီးလျှင်တောင် ဘယ်ရွန့်အမိန့်က မလိုက်နာဖို့ မလွယ်ကူချေ။ သူက အခု အိပ်ယာထဲမှာ သူ့ရဲ့ လက်တလောကမှ ရရှိထားသော အိမ်မွေးသတ္တဝါလေးနှင့် တိုက်ပွဲဝင်နေကာ ဒီညနေ သူ့ကို ဘယ်သူမှ လာရောက် မနှောင့်ယှက်ရဟု အမိန့်ထုတ်ထားသည်။

သူက "ဘယ်ရွန်က အခု အနားယူနေတယ်။ သတင်းစကားကို ပြန်ပြောပေးပါ့မယ်။ မနက်ဖြန် ပြန်လာခဲ့ပါ" ဟုသာ ပြောနိုင်တော့သည်။

ရီရှောင့်မျက်လုံးများက အေးစက်သွားကာ သူ့မျက်လုံးနက်နက်များက ရုတ်တရတ် ရန်လိုကာ "ငါက အင်ပါယာကို ဒီသတင်း တတ်နိုင်သမျှ မြန်မြန် အကြောင်းကြားရမှာ။ နှောင့်နှေးမိသွားရင် ဖြစ်လာမယ့် အကျိုးဆက်ကို ခင်ဗျား တာဝန်ယူနိုင်လား" သူ့ရဲ့ သွယ်လျလျ ခန္ဓာကိုယ်က တန်းတန်းမတ်မတ်နှင့် ထိုသူ့ကို အေးစက်စက် ကြည့်လိုက်သည်။

"...နားလည်ပြီ ခဏလောက် စောင့်ပေးပါ" ရီရှောင့် မျက်လုံးများက အေးစက်စက်အကြည့် ပစ်လွှတ်ခြင်း ခံလိုက်ရသော လူက ခေါင်းညိမ့်ကာ ခပ်မြန်မြန်ပဲ အဝေးမှာ ပျောက်ကွယ်သွားတော့သည်။

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now