Chapter 64 Escape

3.7K 867 23
                                    

Chapter 64 Escape

ရီရှောင် ခပ်မြန်မြန် ကလေးလေး၏ လည်ပင်းမှ သိုလှောင်ရေးလည်ဆွဲထဲကနေ စောင်တစ်ထည် ထုတ်ယူပြီးတော့ လူတစ်ယောက် သဏ္ဍာန်ဖြစ်သွားအောင် ရှည်ရှည်လေး လိပ်လိုက်ကာ နောက်ထပ် စောင်တစ်ထည်နှင့် ဖုံးအုပ်လို့ သူ အိပ်နေသယောင် ဆောင်ထားလိုက်သည်။ အဲဒါကလည်း အပြင်ဖက်မှ အစောင့်များက သူ့တံခါးကို ည ၁၁ နာရီရနေ ၁၂ နာရီကြား ညတိုင်း လာဖွင့်ကာ သူ အထဲမှာ ရှိနေသလား ဆိုတာ လာကြည့်ကြလို့ ဖြစ်သည်။ သူ အိပ်နေတာ မြင်သွားသရွေ့ ပြန်လာပြီး စစ်ဆေးတာမျိုး မလုပ်ကြပေ။

ပြီးတော့မှ ရီရှောင်က ကလေးလေးကို ကောက်ချီကာ ပြတင်းပေါက် ဘောင်ပေါ်ကို ကျင်ကျင်လည်လည်လေး လှည့်ထိုင်လိုက်သည်။ သူ့ခြေထောက်နဲ့ အဝေးကြီက မြေပြင်ကို ကြည့်လိုက်ပြီးနောက် သူ့ရင်ထဲမှာ ရုတ်တရတ် ထိတ်ခနဲ ဖြစ်ပြီး ကြက်သီးများ ဖျင်းဖျင်းထသွားသည်။ သူ့အခန်းက အပင်၏ အပြင်ဖက်အကျဆုံး သစ်ကိုင်းများတွင် ဖြစ်တာကြောင့်နှင့် ဒီလိုနည်းနှင့် အောက်ကို ဆင်းရလိမ့်မည်ဟု သူမထင်ထားပေ။ တစ်ချက်လောက် ဖျတ်ခနဲ ကြည့်လိုက်တော့ သူမြေပြင်ကို မြင်နိုင်သလိုချိန်တွင် သူ့အခန်းနှင့် ဝေးလှသည့် အပင်၏ ပင်မ ပင်စည်ကြီး ကတော့ ချိုင့်ခွက်လို့ နေသည်။ သူက လေ့ကျင့်ထားသူ ဖြစ်ပေမယ့် ဒီလို အနေအထားကြီးမှာတော့ ဒီလွတ်မြောက်လမ်းကိုတော့ လက်လျော့ရုံသာ တတ်နိုင်သည်။

အခုတော့ သူ့ကို ဒီနည်းနှင့် အောက်ကို ခေါ်သွားပေးနိုင့်သည့် စွမ်းရည်ရှိသည့် ကလေးလေးရယ် အစောင့်တွေ ထူထပ်စွာ ချထားသည့် တံခါးရယ် ဆိုလျှင် ဒီနည်းလမ်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။

ရီရှောင့်က သူ့ကိုယ်သူ အနားစွန်းလေးတွင် ကြိုးသိုင်းလိုက်ပြီး အပြင်ဖက်ကို တွန်းလိုက်ကာ သူ့ကိုယ်ကို အပြင်ဖက် ချက်ချင်း ကိုင်းချလိုက်သည်။ ရုတ်တရတ်ကြီး အပြင်ကို ခုန်ထွက်လိုက်တော့ သူ့ကိုယ်လုံးက လျင်မြန်စွာပဲ အောက်ကို ပြုတ်ကျသွားသည်။ အဲဒိလေးတွင်ပဲ ရီရှောင့် ဖက်ထားသည့် ကလေးလေး၏ ကိုယ်လုံးမှ လက်တစ်ချောင်း အရွယ်လောက် တောက်ပနေသည့် အဖြူရောင် ချည်မျှင် အတော်များများ ထိုးထွက်လာသည်။ ထိုချည်မျှင်များက ဆန့်ထွက်သွားကာ ခပ်လှမ်းလှမ်းက သစ်ပင် ပင်စည်ကို သွားရစ်ပတ် သွားသည်။ ရီရှောင့် ကိုယ်လက နည်းနည်းလေး ပိုပြီး ကျသွားပေမယ့် ထောက်ခနဲ တစ်ချက် ဖြစ်သွားပြီး ထပ် ကျမသွားတော့ချေ။

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now