Chapter 5 Tracker

8.2K 1.4K 36
                                    

Chapter 5 - Tracker

အခန်း ၅ - ခြေရာကောက်သူ

ရီရှောင် ဆီရူလီယမ် မြေပုံကို ဆွဲထုတ်ကာ တည်းခိုရန်အတွက် အမ်ဆိပ်ကမ်းနှင့် အနီးဆုံး ဟိုတယ်ကို ရွေးလိုက်သည်။ သူက သုံးရက်တာ စောင့်ကာ လေသဘောင်္စီးပြီးတော့ ဒီနေရာကနေ ထွက်သွားဖို့သာ သူဆုံးဖြတ်လိုက် တော့သည်။

ရီရှောင် ငွေပေးဖို့ လုပ်ချိန်တွင် လုံယွမ်က သူ့ဆက်သွယ်ရေးကရိယာကို လက်တစ်ဖက်နှင့် လှမ်းဆွဲယူကာ အဲဒိက အချက်တွေကို ကြည့်လေသည်။ အဲဒိနောက် သူ့လက်ကို ရီရှောင်ပခုံးပေါ်တင်ကာ နားရွက်ကို ကိုက်ပြီး “စောင့်နေဖို့ မပြောခဲ့ဘူးလား”

ရီရှောင်က နှုတ်ခမ်းလေးပိတ်ကာ သူ့ကို အံ့သြကာ ကြည့်နေပြီးတော့ လုံယွမ် လက်ကို တွန်းထုတ်လိုက်သည်။ “ဘယ်လိုလုပ် ဒီရောက်လာတာလဲ”

သူ လုံလုံလောက်လောက် ဝေးဝေးပြေးခဲ့ရဲ့သားနဲ့။

 ရီရှောင် မျက်မှောင်ကြုပ်ကာ သူ့ခေါင်းထဲတွင် အကြံတစ်ခု ဖျတ်ခနဲ ပေါ်လာသည်။ နောက်တစ်စက္ကန့်မှာပဲ သူ့စစ်ဖိနပ်က အလင်းဓါးရှည်ကို ဆွဲထုတ်လိုက်သည်။ နောက်တစ်စက္ကန့်လဲ နေရော အပြာရောင် အလင်းဓါးသွားက လုံယွမ့်လည်ပင်းပေါ် ရောက်နေတော့သည်

 “ငါ့နောက် လိုက်လာတာလား”

လုံယွမ်က ရီရှောင်ကို တူညီသော အမူအယာနှင့်ပဲ ပြန်ကြည့်ကာ သူ့လည်ပင်းက ဓါးရှည်၏ အသွားကို လက်တစ်ချောင်းနှင့် တွန်းထုတ်လိုက်သည်။ သူ့ရဲ့ အနက်ရောင် သူငယ်အိမ်များတွင် အပြာရောင်လှိုင်းလေးများ ပေါ်လာသည်။

“မင်းသာ ငါ့ကို စောင့်ရင် ငါ ဒီလို လုပ်စရာ မလိုဘူး”

“ခြေရာခံစက် ဘယ်မှာ ထည့်ထားတာလဲ” ရီရှောင်က အံကို ကြိတ်ကာ လုံယွမ်ကို ကြည့်လိုက်သည်။ သူ့ဟန်ပန်က ထင်းရူးပင်ကဲ့သို့ ခေါင်းကြောမာကာ ဖြောင့်မတ်သော ကိုယ်ဟန်ရှိသည်။

သူ့လည်ပင်းကို ရောက်နေတဲ့ အရာက ဓါးရှည်မဟုတ်ပဲ ဘာမှ ခြိမ်းခြောက်နိုင်သော အရာမဟုတ်သလိုပင်။ လုံယွမ်က ရီရှောင်ဆီကို ဖြည်းဖြည်းချင်း လျှောက်လာကာ သူ့မျက်လုံးပြာပြာများက ရီရှောင်မျက်လုံးများကိုပဲ အသေစိုက်ကြည့်နေပြီး သူ့တစ်ကိုယ်လုံးကလဲ မမြင်နိုင်သော သိက္ခာရှိလှသော အငွေ့အသက်များ ဖြာထွက်နေသည်။

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now