Chapter 2 Baby

12.4K 1.6K 37
                                    

Chapter 2 – Baby
အခန်း ၂ ကလေးလေး
ကန့်သတ်မဲ့ အနက်ရောင် စကြာဝဋ္ဌာကြီးထဲတွင် နတ်ဘုရားမ၏ မျက်ရည်စက် တစ်စက်နှင့် တူသော အပြာရောင် ဂြိုလ်တစ်လုံး ရှိနေသည်။ ထိုဂြိုလ်ကြီးမှ ခပ်ဖျော့ဖျော့ တောက်ပနေသော အရောင်တစ်ခုက ကန့်သတ်မဲ့ မှောင်မိုက်ခြင်းထဲ ထွန်းလင်းနေသည်။
ဆီရူလီယမ် ဆိုသော အမည်နာမအတိုင်းပင် သူ့ရဲ့ ၉၅ ရာခိုင်နှုန်းကျော်ကို ရေထုဖြင့် ဖုံးလွှမ်းထားသည်။ ဂြိုလ်တစ်ခုလုံးက လှပသော အပြာရင့်ရောင် ဖြစ်နေသည်။ တစ်ခုတည်းသော ကုန်းမြေကလည်း တစ်မီလီယံ စတုရန်း ကီလိုမီတာ ရှိပြီး အပြာရောင် ပင်လယ်ထုကြီးထဲတွင် လိပ်ပြာတစ်ကောင်က အတောင်ပံ့ ဖြန့်ကျက် ထားသလို တိတ်တဆိတ် မျောလွင့်နေသည်။
ဆီရူလီယမ်မှ အုပ်ချုပ်သူ၏ အိမ်ကလည်း ထိုမြေပေါ်တွင် တည်ရှိသည်။ ကုန်းမြေထုက တော်တော်လေး သေးငယ်လှပေမယ့် ဆီရူလီယမ်တွင် နေထိုင်သူက နှစ်ဘီလီယံကျော်လောက် ရှိနေသေးကာ အဲဒိအထဲတွင် မီးခိုးရောင် နေထိုင်သူ ဦးရေ မပါဝင်သေး။
အင်ပါယာ၏ အစွန်းသတ်နားက အယ်လဖာလို ဂြိုလ်တစ်လုံး ဖြစ်သောကြောင့် ဆီရူလီယမ် တွင် အင်ပါယာ၌ မနေထိုင်နိုင်သော အဆင့်နိမ့် ပြည်သူ အများအပြား နေထိုင်ကာ ထိုအထဲတွင် ဥပဒေကို ချိုးဖောက်ထားပြီး ထွက်ပြေးသူများလဲ ဒီကို ပြေးကာ နေထိုင်ကြသည်။
အင်ပါယာအစိုးရအဖွဲ့က ဆီရူလီယမ်ကို လူကောင်းသူကောင်း မရှိသော မြေဟု သတ်မှတ်ထားသည်။ ဆီရူလီယမ် သို့ ထွက်ပြေးလာသော ပြစ်မှုကျူးလွန်သူတိုင်း က ထပ်မံ အဖမ်းမခံရပေ။ ဒါပေ့ါ သူတို့က ဒီမှာ သူတို့ ဘဝရဲ့ ကျန်ရှိသော အချိန်လုံးသာ ကုန်ဆုံးရတော့မည်။ ဆီရူလီယမ်မှ ခြေတစ်လှမ်း ထွက်လိုက်သည်နှင့် အင်ပါယာမှ ဖမ်းဆီးရေးက အသက်ဝင် နေမည် ဖြစ်သည်။
ထိုကဲ့သို့ အသိအမှတ်ပြုခံရခြင်းကြောင့် ဆီရူလီယမ် က အင်ပါယာတွင် ပရုတ်သုတ်ခ အနိုင်ဆုံး ဂြိုလ် ဖြစ်လာတော့သည်။ လမ်းပေါ်တွင် လမ်းလျှောက်သွားလျှင်တောင် အကြောင်းပြချက် မရှိပါပဲ သေဆုံးနိုင်သည်။
ငွေမင်ရောင် အသက်ကယ်အခန်းလေးက ဆီရူလီယမ်ဂြိုလ်၏ အသံကင်းမဲ့လှသော ကောင်းကင်အထက်တွေ လွင့်မျောကာ ကောင်းကင်ထက်က တိမ်ထူထူကို ဖြတ်သန်းပြီး ဆီရူလီယမ်၏ ကောင်းကင်မှ တိမ်များ ထင်ဟပ်နေသော အပြာရင့်ရောင် ပင်လယ်ကြီးအတွင်း ဖြည်းဖြည်းချင်း ကျဆင်းလာသည်။
ထောက်ထွင်းမြင်နေရသော မှန်အဖုံးက အတွင်းမှာ ရှိနေသော ညစ်ပေနေသော ယောက်ျားကို မြင်နေရစေသည်။
သူ့ရဲ့ ခပ်ထူထူနက်မှောင်နေသော မျက်တောင်များက အကြိမ်အနည်းငယ် တုန်ရီသွားကာ နက်မှောင်လှသော မီးသင့်ကျောက်နှင့် ဆင်တူလှသော မျက်ဆံတစ်စုံကို ပေါ်ထွန်းလာစေသည်။ ထိုသူ၏ မူလသွင်ပြင်ကို မမြင်နိုင်ပေမယ့်လည်း ထိုနက်ပြောင်လှသော မျက်လုံးတစ်စုံနှင့်တင် အညစ်အကြေးများအောက်မှာ ဖုံးကွယ်ထားသော သွင်ပြင်က ပြီးပြည့်စုံသောအရည်အသွေး ရှိမယ် ဆိုတာ ပြောနိုင်သည်။
ရီရှောင် က ကယ်ဆယ်ရေးယာဉ်လေးထဲတွင် ထိုင်လိုက်ကာ သူ့ရှေ့က ကောင်းကင်ပြာကြီးကို ကြည့်နေသည်။ သူ ရင်သက် ရှုမောရပါသည်။
ကောင်းကင်နှင့် ပင်လယ်ကြားက ခပ်လှမ်းလှမ်း နေရာတွင် လုံးဝန်းသော အရာတစ်ခုက ပင်လယ်ထဲတွင် မျောနေတာ မြင်နိုင်ပေသည်။
ကယ်ဆယ်ရေးယာဉ်လေး နီးကပ်လာချိ်န်မှာတော့ လုံးတုံးတုံး အရာလေးက သူ့ရဲ့ ပုံသဏ္ဍာန် အပြည့်အစုံကို ဖော်ပြတော့သည်။ နေရောင်အောက်တွင်  ရေထဲမှ ပုလဲလေး တစ်လုံး တစ်ဝက်သာ ပေါ်နေသလိုမျိုး ဖောက်ထွင်းမြင်နိုင်သော အကာအရံတစ်ခုက သူ့အောက်က လူသားများ ပြုလုပ်ထားသော သံမဏိအတုကို ဖုံးကွယ်ထားသည်။
လွန်းသဏ္ဍာန် ယာဉ်ပျံ အနည်းငယ်က ကောင်းကင်တွင် ဟိုဟိုဒီဒီ ပျံသန်းနေသည်။ ထိုအရာများမှာလည်း ဒီလို ခောတ်နောက်ကျသော မြို့ကြီးမှ လူချမ်းသာ အနည်းငယ်လောက်က ပိုင်ဆိုင်သော ပို့ဆောင်ရေး ယာဉ်များ ဖြစ်သာသည်။
ဂြိုလ်က ပိုပို တိုးတက်လာလေလေ ယာဉ်ပျံ အရေအတွက် က တိုးတက်လာလေလေ ဖြစ်သည်။ အင်ပါယာ ကြယ်မှ မြို့တော်ဂြိုလ်တွင်ဆိုလျှင် ကိုယ်ပိုင် ယာဉ်ပျံရှိ တာက အင်ပါယာကြယ်၏ ကြွယ်ဝမှု ပြယုဒါပင်။
ကယ်ဆယ်ရေးယာဉ်လေးက ဖုံးကွယ်ထားသော ဆိပ်ကမ်းတစ်ခုတွင် ဆိုက်ကပ်သွားသည်။ အခြားသော ဂြိုလ်များက ဆိပ်ကမ်းများတွင် စစ်ဆေးမေးမြန်းသော စက်များ ရှိသော်လည်း ဆီရူလီယမ်ကတော့ ချွင်းချက်ပင်။
ရီရှောင် က ဆိပ်ကမ်းကနေ လွယ်လွယ်လေး ထွက်လာနိုင်ကာ အမှိုက်များဖြင့် ပြည့်နှက်နေသော လမ်းကြားလေး တစ်ခုအတွင်း လှည့်ဝင်လိုက်သည်။ အဲဒိ လမ်းကြားလေးထဲတွင် စုတ်စုတ်ပျက်ပျက် ဝတ်ဆင်ထားသော လူတစ်ဒါဇင်ကျော်လောက် ထိုင်နေကြသည်။ အသံကြားသည်နှင့်သူတို့၏ မျက်လုံးများက ရီရှောင် ဆီကို ချက်ချင်း လှည့်လာတော့သည်။ သူတို့တွေ ထက်တောင် စုတ်ပြတ်နေသော ရီရှောင် ကို မြင်လိုက်ရသော အခါမှတော့ သူတို့ ခေါင်းတွေကို ငုံကာ ပြန်ပိုက်ပြီး ထိုက်နေကြတော့သည်။
လူအများစုက မြေပြင်ပေါ်တွင် သူတို့ အဝန်တများကို ခင်းကာ မျက်လုံးများ ပိတ်ပြီး ဟောက်တောင် နေကြသည်။
လေတဟူးဟူး တိုက်နေသော လမ်းကြားလေးကို ခပ်ကြာကြာလေး လျှောက်ပြိးသည့် အခါမှာတော့ ဆိုင်းဘုတ် ပြုတ်ကျနေသော ဟိုတယ်တစ်လုံးကို ရီရှောင် တွေ့သွားတော့သည်။
ကောင်တာ၏ အနောက်တွင်တော့ သာမာန်အရပ်အမောင်းသာ ရှိသော စက်ရုပ်တစ်ရုပ်သာ မတ်တပ်ရပ်နေသည်။ “ကြိုဆိုပါတယ်၊ ဘယ်လို ဝန်ဆောင်မှုများ အလိုရှိပါသလဲ”
ပထမဆုံး အကြိမ်အနေနှင့် အေးစက်စက် လျှပ်စစ်စကားပြောသံကြီးက ရီရှောင် အတွက် နှိုင်းယှဉ်မရအောင် ခင်မင်ရင်းနှီးသလို ခံစားရတာ ဖြစ်သည်။ သူ အခု လိုတာက အခန်းတစ်ခန်း ငှားကာ သူ့ကိုယ်ပေါ်က ညစ်ပေနေသည်များ ရှင်းရန်သာ ရှိသည်။
“အခန်းတစ်ခန်းပေး”
“ဟုတ်ကဲ့ပါ ဧည့်သည် ၊ ကျွန်တော်တို့မှာ ပထမအဆင့်၊ ဒုတိယအဆင့် နဲ့ တတိယအဆင့် အခန်းဆိုပြီး ရှိပါတယ်။ ဘယ်အဆင့်ကို လိုချင်ပါသလဲ။” အေးစက်စက် အသံကြီးက သူတို့ဆီမှာ တည်းခိုနိုင်သော အခန်းများကို သုံးဖက်မြင် ရုပ်ကြွ အဖြစ် ပြသပေးသည်။
တတိယအဆင့် အခန်းက အ်ိပ်ယာတစ်ခုတည်းပါကာ အကျယ်အဝန်းကလည်း ကြောက်မက်ဖွယ် ကောင်းအောင် ကျဉ်းမြောင်းလှသည်။ နေရာတစ်ခုလုံးက တစ်ပတ်လောက် လှည့်ကာ လျှောက်လိုက်ဖို့သာ ကြီးမားလေသည်။ ဈေးကလည်း အလွန်ကို သက်သာလှသည်။
ဒုတိယအဆင့်အခန်းက ရေချိုးခန်း တစ်ခန်းပါသည်။ အကျယ်အဝန်းကတော့ သေးနေသေးပေမယ့်လည်း တတိယအဆင့် အခန်းထက်တောင် ပိုကောင်းသည်။
ရီရှောင်က ရေချိုးခန်းပါသော အခန်းတစ်ခန်းသာ ရှာချင်တာ ဖြစ်ကာ ပတ်ဝန်းကျင်က ဘယ်လို ဖြစ်နေပစေ သူ ဂရုမစိုက်။ အခြေခံ လိုအပ်ချက်လေးတွေ ပါနေမှတော့ သူက ပထမအဆင့် အခန်းကို ကြည့်မနေတော့။
“ဒုတိယအဆင့် အခန်းတစ်ခန်းပေး” ရီရှောင် က သူ့လည်ပင်းတွင် ဆွဲထားသော ငွေရောင် သတ္တုလေးကို ထိလိုက်သည်။ သူ့လက်ထဲတွင် ထိုအရာက ဘောပင် ထည့်သော ခွက်အရွယ်လောက် အရာဝတ္ထုတစ်ခု ပေါ်လာသည်။ အဲဒါကို ဆွဲလိုက်တော့ လေထဲတွင် မျက်နှာပြင်တစ်ခု ပေါ်လာသည်။
“ကောင်းပါပြီ။ တစ်ညကို ဒင်္ဂါး ခုနစ်ဆယ် ကျပါတယ်၊ ကြိုတင်ငွေ ဒင်္ဂါးတစ်ရာ တင်ပေးရပါမယ် ကျေးဇူးတင်ပါတယ်” စက်ရုပ်မျက်နှာက ပြာတာတာ လျှပ်စစ်မျက်လုံးများက ဖျတ်ခနဲ လက်သွားသည်။
ရီရှောင် ရှေ့တွင်တော့ ဘောင်အသေးလေးနှင့် စာတန်းတစ်ခု ပေါ်လာသည်။ ကြယ်ဒင်္ဂါးတစ်ရာ ပေးချေရန် ဆန္ဒရှိပါသလား
ရီရှောင် က ပေးချေမည်ကို နှိပ်လိုက်သည်။
အဲဒိနောက်မှာတော့ မျက်နှာပြင်တွင် နောက်ထပ် အကြောင်းကြားစာ တက်လာကာ :ဒုတိယထပ် အခန်း ၁၃ ၊ လျှို့ဝှက်နံပါတ် ၃၁၂၅
အခန်းထဲကို ဝင်ပြီးနောက် ရီရှောင် က အဝတ်တစ်စုံကို ထုတ်၊ သူ့လည်ပင်းက ငွေသတ္တု လေးကို ဖြုတ်ကာ ကုတင်ပေါ်တင်လိုက်သည်။ သူကတော့ အဝတ်များကို ယူကာ ရေချိုးခန်းထဲ ဝင်သွားတော့သည်။
ရေနွေးနွေးလေးကြောင့် အရေပြားပေါ်က မီးခိုးရောင် အမဲရောင် အညစ်အကြေးများ ဖြည်းဖြည်းချင်း ကင်းစင်သွားချိန်တွင်မူ ချောမွေ့ ဖြူဖွေးလှသော အသားအရောင် ပေါ်လာတော့သည်။ ရေခိုးရေငွေ့တွေ အောက်တွင် သူ့ရဲ့ သွယ်လှ ဖြူဖွေးသော ကိုယ်လုံးက ကျောက်စိမ်း ရုပ်တုတစ်ခု အလား။ ပျော့ပြောင်းလှသော ခါးနှင့် ခြေထောက်အောက်တွင် ဖြောင့်ဆင်းလှသော တင်ပါးများက သူ့သခင်၏ ခြေထောက်များမှ အညစ်အကြေးများ ဆေးကြောနေသော လှုပ်ရှားမှုအတိုင်း ဘယ်ညာ ခါယမ်းနေသည်။ ပန်းရောင် အတွန့်လေး က သူ့တင်ပါးအောက်မှ ပြူ ထွက်လာသည်။ သူ့ပေါင်တံများက ဖြောင့်စင်း သွယ်လျလှပြီး အမွေးအမျှင်လည်း သိပ်များများစားစား မရှိပဲ အဲဒိအစား နှစ်လိုဖွယ်ရှိလှသော ဖြူစင်းတောက်ပ လှကာ အလွန်နှစ်လိုဖွယ် ရှိလှသည်။ သူ့တစ်ကိုယ်လုံးက ပြီးပြည့်စုံလှသော ရုပ်တုတစ်ခု နှင့်တောင် တူလှသည်။
ရီရှောင် က ရေချိုးပြီးတော့ မတ်တပ်ရပ်ကာ ခေါင်းခါလိုက်သည်။ သူ့ရဲ့ ထင်ရှားထှသော မေးစေ့က အနည်းငယ် မော့သွားကာ သူ့ရဲ့ ထူထဲလှသော မျက်တောင်များသာလျှင် ရေစက်များ တွဲလွဲခိုနေတော့သည်။ သူ၏ မဲနက် တောက်ပလှသော မျက်လုံးများက ခပ်ပါးပါး အဖြူရောင် မြူမှုန်များ ကြားတွင် အဖြူရောင် ပိတ်ကျဲစ တစ်စ၏ အောက်တွင် ဖုံးကွယ်ထားသော အနက်ရောင် ပုလဲလုံးလေးများနှင့် တူလှပေသည်။ ရုပ်တုအလား ခပ်ဖျော့ဖျော့် မျက်နှာလေးက ရေနွေးနွေး၏ ရေခိုးများကြာ ခြောက်သွေ့ပြီး ပန်းရောင်သန်းနေသည်။ သူ့မျက်နှာ တစ်ခုလုံးက ရေထဲက ထွက်လာသော ပင်လယ်မိစ္ဆာ တစ်ကောင်ကဲ့သို့ ဖော်ထုတ်ညွှန်းဆို မရနိုင်သောအရောင်ဖြင့် ပြီးပြည့်စုံလှသည်။
ရီရှောင် က ဝါးနေသော မှန်ကို သုတ်ပြီးတော့  မျက်လုံးနက်နက်များက အစွမ်းကုန် အေးစက်ကာ ညို့ငင်စွမ်းနှင့် ပြည့်နှက်နေသော သူ့မျက်နှာကို ကြည့်လိုက်သည်။ ဒီလို သိသာလှသော ဆန့်ကျင်ဘက်များ ထပ်ဆောင်း ပေါင်းထည့်သည်က ဒီမျက်နှာလေး၏ ထူးခြားဆန်းပြားသော ဖြားယောင်နိုင်စွမ်း ဖြစ်စေကာ လူအများကို ဆွဲဆောင်နိုင်စေဖို့ လုံလောက်သည်။
ဒီမျက်နှာက သူ့ကို တော်တော်လေး ထိခိုက်စေသည်မှာ သူ စစ်တပ်ထဲ စဝင်ကတည်းကပင် သို့သော်လည်း မည်သို မဆို သူ့ကို အခွင့်ရေး ယူချင်သူတိုင်းက သူကတော့ ရိုက်နှက်သည်သာ။ အဆုံးမှာတော့ ဘယ်သူကမှ သူ့ကို ညစ်ညမ်းသော အတွေးများ မတွေးရဲကြတော့။
“မေမေ…မေမေ…..”
နွေးထွေးသော အိပ်ယာထဲတွင် နစ်ဝင်နေရင်း ရီရှောင် မျက်မှောင်ကြုပ်ကာ တစ်ဖက် လှည့်လိုက်သည်။
“မေမေ… သားအရမ်း ဗိုက်ဆာတယ်… ကလေးလေးက အရမ်း ဗိုက်ဆာတာပဲ..မေ”
ရီရှောင် ထိတ်ခနဲ ဖြစ်ကာ မျက်လုံးဖွင့်လိုက်ပြီးတော့ ကုတင်ပေါ် ထထိုင်လိုက်သည်။
အိမ်မက်ထဲက အသံလားဟ
“မေမေ..ကလေးလေး ဗိုက်ဆာတယ်…….” ကြည်လင်လှသော ကလေးသံလေးက သူ့စိတ်ထဲ မြည်ဟီးနေသည်။
ရီရှောင် ဘေးဘီ ဝဲယာ လှည့်ကြည့်လိုက်သည် “ဘယ်သူလဲ” သူ့လက်က အိပ်ယာ ခေါင်းရင်းကို ရောက်သွားကာ သူ့ရဲ့ အလင်းဓါးရှည်ကို ဆွဲကိုင်လိုက်၏။
“ကလေးလေးက ဒီထဲမှာ-- မေမေ့ဗိုက်ထဲမှာပါ။ မေမေ ကလေးလေး ဗိုက်ဆာတယ်လို့-- ကလေးလေး က အဆီအနှစ်တွေ စားဖို့လိုနေပြီ” ကလေးသံလေး တစ်သံကို ထပ်ကြားရပြန်သည် “ကလေးလေးက မေမေ့ကို  ရှာဖို့ အချိန်အကြာကြီး ယူလိုက်ရတယ်။ မေမေ့ရဲ့ အဆီအနှစ်က ကလေးလေး မွေးဖို့ မလုံလောက်ဘူး ပြီးတော့ ကလေးလေးကလဲ မေမေ့ကို မသေစေချင်ပါဘူး…..မေမေ တစ်ပါတ်ကျော်လောက် အိပ်ပျော်နေတုန်းက ကလေးလေးက လိမ်လိမ်မာမာနဲ့ ဘာမှသိပ်မစားရဘူး။ မေမေ ကလေးလေးအတွက် အဆီအနှစ် နည်းနည်းလောက် ကူရှာပေးပါ။ ကလေးလေးက ထပ်မတောင့်ထားနိုင်တော့ဘူး”
ရီရှောင် က သူ့ဗိုက်ထဲမှာ ပျော်ရွှင်စွာ လှိမ့်နေသော တစ်စုံတစ်ရာကို ရှင်းရှင်းလင်း ခံစားမိပါသည်။
အမည်မသိတဲ့ သတ္တဝါတစ်မျိုးကတော့ သူ့ဗိုက်ထဲတွင် အသံတွေ စထွက်လာသည့်နောက် သူ့ကိုယ်လုံးက တစ်မျိုးကြီး စတင် ခံစားလာရတော့သည်။ သူ့မျက်နှာ၏ အပူချိန်က ထူးဆန်းစွာပင် မြင့်တက်လာသည်။ သူ့ပါးစပ်မှာလည်း ရက်ပေါင်းများစွာ ရေမသောက်ခဲ့ရသလိုမျိုး အာခြောက်လာလေသည်။ သူ့အနောက်ပေါက်လေး ကတောင် ထူးဆန်းလာသည်…ဖြည်းဖြည်းချင်း နူးညံလာကာ စိုစွတ်လာသည်။ သူ့အတွက် ပိုခက်ခဲလာတာကတော့ သူ့အနောက်က ဟာလာဟင်းလင်း ဖြစ်နေသည်ကို တစ်ခုခုနှင့် ဖြည့်တင်းချင်လာတာကို လက်ခံဖို့ပင်။
ရီရှောင် ရှက်သွားကာ သူ့နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူ့ခါးကို ကိုင်လိုက်ကာ မခံနိုင်တော့ပဲ ညီးသံလေး ထွက်သွားရသည်။
ဘာတွေ ဖြစ်လာတာတုန်းဟ
ရီရှောင် သူ့သွားကို တင်းနေအောင် စေ့ကာ ပြန်လှဲချလိုက်သည်။ မျက်နှာက ပန်းရောင်သန်းလျက် အောက်ကို လက်ရောက်သွားကာ သူ့ခန္ဓာကိုယ်အောက်ပိုင်းထဲကို လက်ချောင်းလေးတွေ သွင်းလိုက်တော့ အက်ရှရှ ညည်းညူသံက သူ့နှုတ်ခမ်းက ထွက်သွားလေသည်။ စိုစွတ်မှုကို ခံစားရကာ အောက်ဘက်နေရာမှ အာရုံခံစားနိုင်သော နေရာလေး၏ ဗလာကျင်းမှုက ပိုမို ကြီးထွားလာတာကို ခံစားမိသည်။ သူ့လက်တွေက တုန်ရီကာ လက်သီးကို တင်းတင်းဆုပ်ကာ သူ့ဗိုက်ကို ဒေါသတကြီး ထုလိုက်တော့သည်။
“….မေ.မေ…ကလေးလေးကို မကြိုက်ဘူးလားဟင်… ဘာလို့ ကလေးလေးကို ရိုက်နေတာလဲဟင်..”
“တိတ်စမ်း ဘယ်သူက မကောင်းဆိုးဝါးကို သဘောကျသလဲ” ရီရှောင်က သူကဗိုက်ထဲက စူးရှရှ နာကျင်မှုတစ်ခုကို ခံစားမိပြီး ကွေးတက်သွားသည်။
“ကလေးလေးက မကောင်းဆိုးဝါး မဟုတ်ပါဘူး. ကလေးလေးက စကြာဝဋ္ဌာမှာ ချစ်ဖို့အကောင်းဆုံး ကလေးလေးပါ။ အဟင့်..မေမေ..ကလေးလေးကို မမုန်းပါနဲ့..မေမေ..ကလေးလေးကို မစွန့်ပစ်ပါနဲ့နော်…” နို့သံနှင့် ကလေးသံလေးက အဆက်မပြတ် ငိုရှိုက်နေတော့သည်။
ရီရှောင်လက်တွေ ရပ်တန့်သွားသည်။ သူ့မှတ်ဥာဏ်ထဲတွင်တော့ မျက်ရည်များ ကျဆင်းနေသော ကောင်လေး တစ်ယောက်က တဖြည်းဖြည်း ပျောက်ကွယ်သွားသော သဏ္ဍာန်ပါးလေးကို ပြေးလိုက်နေလေသည်။ နောက်ဆုံးတွင် ကျောက်တုံးတစ်တုံးကို ခလုတ်တိုက်မိကာ မြေကြီးပေါ် လဲကျသွားသည် ‘မေမေ၊ မေမေ၊ မသွားပါနဲ့၊ ရှောင်ရှောင်ကို မထားခဲ့ပါနဲ့ မေမေ’
အဆုံးတွင်တော့ ကောင်လေးက သူ့အရှေ့က အမျိုးသမီးက ခေါင်းလှည့်ကြည့်တာ မမြင်ရပေ။ သူက ငိုရှိုက်ကာ ဖြည်းဖြည်းချင်း ဝေးသွားပြီး ပျောက်ကွယ်သွားသော အမျိုးသမီး၏ ပုံရိပ်ကိုသာ ကြည့်နေခဲ့ရသည်။
ရီရှောင်က စိတ်တွေ မပျော့သွားပဲ မနေနိုင်တော့။ လက်သီးတင်းတင်း ဆုပ်ထားသော သူ့လက်က ဖြည်းဖြည်းချင်း ပြေသွားကာ သူ့ဗိုက်ပေါ်သို့ အပြားလိုက်လေးသာ တင်လိုက်တော့သည်။
“အမေက ကလေးကို မကြိုက်ရင်တောင် မေမေက အဆီအနှစ်နည်းနည်းတော့ စုပ်ယူမှရမယ်..ကလေး ကလေးလေးက ဘာမှ မကူပေးနိုင်ဘူး. ကလေးလေးက အမေ့ကို မသေချင်ဘူး..ကလေးလေး ကောင်းကောင်းနေပါ့မယ်။ ဟူး..အမေက ကလေးကို မကြိုက်ရင်လေ ကလေးက မွေးပြီးတာနဲ့ ထွက်သွားပါ့မယ်။ က.ကလေး..က အမေ့ကို ဆွဲမချပါဘူးလို့…ဟီး……” နှာသံပါပါနှင့် ကလေးလေး ငိုနေသံက ကြို့ထိုးသံနှင့် ပြည့်နှက်နေသည်။
ရီရှောင် သူ့ခံစားချက်တွေကို ငြိမ်အောင် လုပ်လိုက်သည်။ သူ့ဗိုက်ထဲက ဘာမှန်းမသိသော သတ္တဝါ ဆီကနေတော့ မည်သည့် ယုတ်မာမှု ကိုမျှ သူမခံစားရပေ။ ဆန့်ကျင်ဘက် အနေနှင့် သူ တော်တော်လေး နာကျင်နေတုန်းက မအီမသာဖြစ်ခြင်းကို ဖိနှိပ်ပေးသော သိမ်မွေ့လှသည့် စိတ်ပိုင်းဆိုင်ရာ အားတစ်ခု ဝမ်းဗိုက်ကနေ တိုးထက်လာမှန်း ခံစားရသည်။
“အဆီအနှစ်ဆိုတာ ဘာအဓိပ္ပါယ်လဲ” သူ့ခန္ဓာကိုယ်၏ တုန့်ပြန်မှုကနေ ဘာလဲ ဆိုတာ သူ ခန့်မှန်းမိပါသည်။ ရီရှောင်က ရှက်ရွံ့မှုကြောင့် အနည်းငယ် နီမြန်းနေတာတောင် မေးရသေးသည်။
------
မနက် တစ်နာရီ တီးနေပြီ….
ဟိုတယ်နှင့် သိပ်မဝေးသော လမ်းကျဉ်းလေးထဲတွင်…..
ပုတုန်းရောင် ဆံပင်က ညလေညင်းကြောင့် အနောက်လန်ထွက်ကာ တောက်ပပြီး သန့်ရှင်းလှသော ပျားရည်ရောင် နဖူးကို ဖော်ပြနေသည်။ ထိုသူ၏ မျက်လုံးသူငယ်အိမ်များက သာမာန် အပြာနုရောင်ထက် ပိုပြီး အနက်ဘက် သွားကာ ကြယ်များနှင့် ပြည့်နေသော ညဘက်ကောင်းကင်ကိုလပင်။ ညအချိန်တွင်တောင် လူအများက တစ်ချက်လောက် ဝင့်ကြည့်သည်နှင့် သူ့ကို သတိပြုမိနိုင်သည်။
သူက သာမာန်ကာလျံကာပဲ သူ့ဝတ်စုံ ရှပ်အကျီ င်္တွင် သင့်တင်လျောက်ပတ်စွာ ချီနှောင်ထားသော လည်စီးကို လျှော့ချကာ စိတ်လက်ပေ့ါပါးစွာနှင့် သက်ပြင်းချလိုက်လေသည်။ အနည်းငယ် ပွင့်ဟနေသော လည်ပင်းသားကို ရွှေရောင် ငွေရောင် တောက်နေသော အလင်းရောင်တွင် ရိပ်ခနဲ ရိပ်ခနဲ မြင်နိုင်သည်။
ရီရှောင်က မှောင်မဲလှသော လမ်းကြားလေးတွင် ပုန်းအောင်းကာ သူ့ကိုယ်လုံးကလဲ အမှောင်ထဲတွင် လုံးဝကို တသားတည်း ဖြစ်နေကာ အသက်ရှူသံတောင်မှ ပေါ့ပါးလှသည်။ အမှောင်ထဲတွင် ပုန်းအောင်းနေသော ကျားသစ်လိုပင် ထက်မြသော လက်သည်းများကို ဖုံးကါယ်ကာ ပျော့ပြောင်းလှသော ဖဝါးများနှင့်သာ ရှေ့ကို ချီတက်ပြိး သားကောင်နားကို တိတ်တဆိတ် ချဉ်းကပ်နေသည်။ သားကောင်က သူ့သတိလက်လွတ် ဖြစ်သွားသည်နှင့် သားကောင်ကို တစ်ချက်တည်း ဖမ်းထည့်လိုက်တော့သည်။

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now