Chapter 33 Grama Irene

5.2K 1K 36
                                    

Chapter 33 Grama Irene

အပိုင်း ၃၃ အဖွားအိုင်းရင်း

အများပြည်သူသုံးကားပေါ်ကနေ ဆင်းပြီးတော့ ဝူတုန်အပင်တန်း လိုက်ကို လျှောက်လာပြီး အပင်တွေ နောက်က တစ်လုံးအိမ်လေး ကို မြင်ထဲအထိ လျှောက်သွားလိုက်သည်။

လမ်းလေးအဆုံးမှာတော့ စက်ရုပ်တစ်ရုပ်က ဖြည်းညင်းစွာ လှည့်ပါတ်ပြီးတော့ မြေကြီးတွေကို လှည်းကျင်းနေသည်။ ရီရှောင်က ညာဘက်ထောင့်ကို ချိုးချလိုက်တော့ ချက်ချင်းကို ဘေးချင်းကပ်ရက် တည်ရှိနေသော အိမ်နှစ်လုံးကို တွေ့ရသည်။ သူ ညာဘက်က အိမ်ကို သွားပြီးတော့ တံခါးသွားခေါက်လိုက်သည်။

“တင်းတောင်…… သခင် အပြင်ထွက်သွားပါတယ်။ ကျေးဇူးပြုပြီး ပြီးမှ ပြန်လာခဲ့ပါ”

ကြည့်ရတာ အဖွားအိုင်းရင်း လမ်းလျှောက်ထွက်သွားပုံပင်။ ရပ်ကွက် ဝင်ပေါက်နားက စူပါမားကတ်မှာ လိုတာလေးတွေ သွားဝယ်နေတာလဲ ဖြစ်နိုင်သည်။ OmniStar ကွန်ယက်ကနေ လာပဲလိုလို ဝယ်နိုင်ကာ မိနစ်အနည်းငယ် အတွင်း လာပို့ပေးပေမယ့် လူတော်တော်များများကတော့ သူတို့ဘာသာ သူတို့ ပစ္စည်းတွေကို ရွေးချယ် ဝယ်ယူရတာ ကြိုက်ကြသေးသည်။

ရီရှောင်က မရပ်ပဲနှင့် ဘယ်ဘက်က အိမ်လေးဆီ လှည့်လိုက်သည်။ သူငယ်အိမ် ဖတ်ရှုခြင်းနှင့် လက်ဗွေရာ သက်သေခံအပြီးမှာတော့ ရီရှောင် တံခါးကို ဖွင့်ကာ အထဲ ဝင်လိုက်သည်။ သူ အခန်းထဲ ဝင်လိုက်သည်နှင့် လူတစ်ဝက်လောက်ပဲ ရှည်သော ထုလုံးရှည်သဏ္ဍာန် အေပရွန်ဝတ်ထားသည့် စက်ရုပ်တစ်ရုပ်က ထောင့်တစ်ထောင့်ကနေ ထွက်လာတာ မြင်လိုက်ရသည်။ “ကြိုဆိုပါတယ် သခင်” ပြောပြီးတော့ ဖိနပ်စင်ကနေ သူ့ရဲ့ ခြေညှပ်ဖိနပ်ကို ထုတ်ပေးကာ ရီရှောင့်ရှေ့မှာ ခေါင်းကို အပေါ်အောက် လှုပ်ပြလိုက်သည်။ “ဒီည ဘာစားချင်ပါလဲ”

“မလုပ်နဲ့ ဒီည ငါ အဖွားအိုင်းရင်း ဆီမှာ စားမလို့” ရီရှောင်က ဆင်ဝင်က ဝင်ပေါက်ဝမှာ ထိုင်ပြီးတော့ သူ့ရှူးဖိနပ်ကို ချွတ်ကာ ခြေညှပ်ဖိနပ်ကို စီးလိုက်သည်။

“ဟုတ်ကဲ့ ကျွန်တော် ဘာများ လုပ်လေးရပါဦးမလဲ” စက်ရုပ်က သူ့ရင်ဘတ်က လက်တံကို ချိုးခေါက်ကာ ရီရှောင့် နောက်ကို လိုက်လာသည်။ စက်ရုပ်လက်ချောင်း သုံးခုက တစ်ပြိုင်တည်း ခဏလည်သွားသေးသည်။

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now