Chapter 29 Fighting for Everyone

5.1K 1K 25
                                    

Chapter 29 Fighting for Everyone

အခန်း ၂၉ လူတိုင်းအတွက် တိုက်ခိုက်နေတာ

လက်သီးစုပ်အရွယ် အသားပေါ်က အပေါက်ကြီးက မီးခိုးရောင်စွပ်ခွက်လက်တံကြီး ပေါ်မှာ ဖြစ်တည်သွားကာ အဲဒိကနေ အပြာရင့်ရင့်အချွဲတွေ ဆက်တိုက်စီးကျလာသည်။ အကောင်ကြီးက သူ့ရဲ့ သွေးထွက်နေသည့် လက်တံကို ရှည်လျားကျဉ်းမြှောင်းလှသည့် ခပ်ကွေးကွေးမျက်လုံးလေးနှင့် တစ်ခဏလောက် ငေးစိုက်ကြည့်လိုက်ပြီးတော့ ဒေါသကြောင့် အပြာရောင် သွေးကြောကြီးက သူ့နှဖူးမှာ ပေါ်ထွက်လာသည်။

“အားလုံး ၊ မြန်မြန်လေး အဖွဲ့လေးခုခွဲလိုက်။ တစ်ဖွဲ့က ငါ့ဆီလာ။ တစ်ဖွဲ့က တစ်ဖီဆီ၊ နောက်တစ်ဖွဲ့က ဖတ်ဆီ နောက်ဆုံးအဖွဲက လင်းစလေ ဆီသွား။ ငါက အရှေ့ကို တာဝန်ယူမယ်။ တစ်ဖီက ညာဘက်၊ ဖတ်က အနောက်ဘက် လင်းစလေက ညာဘက်ကို တာဝန်ယူ” ဒီလိုင်က မြန်မြန်လေး နေရာခွဲဝေမှုတွေကို အဆုံးသတ်လိုက်ပြီးတော့ ညွှန်ကြားချက်တွေ ကောက်ထည့်ပြီးတော့ မက္ခကို ကျွမ်းကျင်စွာ မောင်းနှင်ပြီး ခုန်တက်ကာ ညာဘက် ဆယ်မီတာအကွာကို မြန်မြန်လေး ရှောတိုက်ထွက်သွားကာ အကောင်ကြီး၏ လက်တံများကို ရှောင်ရှားလိုက်သည်။ 

ဒီလိုင့်၏ အမိန့်အောက်က စစ်သားများက အချိန်တိုတိုလေး အတွင်းမှာကို နေရာခွဲဝေခြင်းခံလိုက်ရကာ ဒီလိုင်က ယာယီတာဝန်ပေးလိုက်သည့် အဖွဲ့ခေါင်းဆောင်များဆီကို စုစည်းကာ သူတို့တာဝန်ကျရာသို့ အမြန်သွားကြသည်။

ဒီလိုင့်ဘက်ကို တုန့်ဆိုင်းဆိုင်း လှည့်ကြည့်ပြီးမှ တစ်ဖီက သူ(မ)ကို ခွဲဝေပေးထားသည့် စစ်သားများကို အမြန်ဦးဆောင်ကာ အကောင်ကြီး၏ တစ်ဖက်ဆီသို့ သွားလိုက်သည်။ သူ(မ) အံသြသွားတာကတော့ အကောင်ကြီး၏ နောက်ကျောကို တိုက်ခိုက်ရန် တာဝန်ကျသည့် အထဲက နှစ်ဦးက သူတို့မက္ခကို တော်တော်လေး ကောင်းမွန်စွာ ရေရေလည်လည် ကျွမ်းကျွမ်းကျင်ကျင် မောင်းနှင်နိုင်ကာ လက်တံကြီးတွေက သူတို့၏ အရိပ်တွေကိုတောင်  ဖမ်းမိဖို့ ခက်ခဲနေသည်။

သူတို့ထဲတွင် တစ်ယောက်က အနက်ရောင်မက္ခကို မောင်းနှင်သူက အလွန်အမင်းအားကောင်းလှသည်။ သူ့ရဲ့ ကျွမ်းကျင်လိမ္မာလှသော နည်းစနစ်တွေက ဗိုလ်မှူးကြီး ဒီလောက်လောက် နီးပါးကို ကောင်းလှသည်။ ……. မဟုတ်ဘူး။ ဗိုလ်မှူးကြီးဒီလိုင့်ထက်တောင် သာလောက်သေးသည်။ ပိုတော်လောက်သည်။

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now