Chapter 11 To War

6.3K 1.2K 2
                                    

Chapter 11 To War

အခန်း ၁၁ စစ်ပွဲသို့

နွေးထွေးသော အမျိုးသမီးတစ်ဦး၏ ကိုယ်လုံးနှင့် ထိလိုက်မိသည့် အချိန်တွင် ရီရှောင် တုန်ခနဲ ဖြစ်ကာ သူ့မျက်လုံးများကလည်း သူ့ကို ဝင်တောင် တိုက်မိတော့မည့် ရင်ဘတ်ရှိရာ အရှေ့ကို ကြည့်ဖို့ရာ ထိတ်လန့်နေသည်။ သူ ကလေးဘဝတုန်းက သူ့အမေ၏ အနွေးဓါတ်ကလွဲလျှင် မည်သည့်မိန်းမနှင့်မျှ ဒီလောက် နီးနီးကပ်ကပ် မနေဘူးပေ။

သို့သော် နောက်ထပ် ဘာလုပ်ရမလဲ လို့ သူတွေးမတွေးမိခင်တွင်ပင် သန်မာသော လက်တစ်ချောင်း၏ ဘေးတစ်ဖက်သို့ ဆွဲယူခြင်းကို ခံလိုက်ရသည်။ ထိုလက်၏ ပိုင်ရှင်ကတော့ သူ့ခါးတွင် လက်ကို ရစ်ပတ်ကာ သူ့ကို သူ့လက်မောင်းထဲ တင်းတင်းကြပ်ကြပ် ဖက်ထားပြီးပြီ။

လုံယွမ်က ပြုံးနေသော ဒီလိုင်ကို မကျေနပ်မှုများ ပြည့်နေသော မျက်လုံးများနှင့် ကြည့်လိုက်လေသည်။ သူ့မျက်လုံးများကမူ သူ့လက်မောင်ထဲမှ လူက သူ့ရဲ့ ကိုယ်ပိုင်နယ်မြေ ဖြစ်ကြောင်း တိတ်တဆိတ် ဖော်ပြနေသည်။

ဒီလိုင်က လက်ကို နောက်ပစ်ကာ ရီရှောင် ရှိရာကို မြူးတူးစွာ ကြည့်နေသည်။ သူ(မ)၏ မျက်လုံးစိမ်းစိမ်းများက သတိပေးချက်များဖြင့် ပြည့်နှက်နေသော လုံယွမ့်မျက်လုံးများထဲ ကြည့်ကာ ခေါင်းစောင်းပြီး "သူက နင်အခု ကြိုက်နေတဲ့သူလား"

ပြောပြီးတော့ သူ(မ)က သူ(မ)ရဲ့ ခေါင်းကို ပိုမို ရှက်သွားသော ရီရှောင့်ရှေ့ ပို့ကာ "ကြည့်ရတာ မင်းက သူ့ကို အရမ်းသဘောကျပုံတော့ မပေါ်ပါဘူး ဆိုတော့ကာ..ငါ့ကိုပဲ ချစ်ကြည့်လိုက်ရင်ကော ဘယ်လိုလဲ"

လုံယွမ့်နှုတ်ခမ်းများက မျဉ်းတန်းလေး တစ်ခုအသွင် ဖြစ်သွားကာ မျက်လုံးထဲတွင်လဲ သိသိသာသာ အရှိန်ပြင်းထန်နေသော နက်ပြာရောင် မုန်တိုင်းတစ်ခု တိုက်နေပုံပင်။ ရီရှောင့်ကို ဖက်ထားသော သူ့လက်များက တင်းသွားကာ သူ့မျက်လုံးများကမူ ဒီလိုင်ကို တိတ်တဆိတ် သတိပေးနေသည်။

ဒီလိုင်ကတော့ ခြေတစ်လှမ်းအသာနှင့် ဘယ်လိုနောက်ဆုတ်ရမလဲ ဆိုတာ သေချာ သိလေသည်။ သူ(မ)က ချက်ချင်းကို နောက်တစ်လှမ်းဆုတ်ကာ လုံယွမ် ပွေ့ဖက်ထားသော ရီရှောင့်ကို ပရောပရီ လုပ်နေတာ ရပ်လိုက်သည်။ သူ(မ)၏ မျက်လုံးစိမ်းတားက အကြိမ်အနည်းငယ် တဖြတ်ဖြတ်ခတ်လိုက်ကာ "အိုကေ.. ငါ့စကားကို စိတ်ထဲ မထဲ့ထားပါနဲ့ အခုအချိန်က ကျဉ်းထဲ ကြပ်ထဲ ရောက်နေတာ။ စစ်သဘောင်္ဆီကိုပဲ တန်းလိုက်လာပြီးတော့ အယ်လဖာက အခြေအနေတွေ ရှင်းပြပေးနိုင်မလား"

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now