Chapter 6 Memories

7.8K 1.4K 7
                                    

Chapter 6 – Memories

အခန်း ၆

ရီရှောင်က ညောင်ရွက်သဏ္ဍာန် မှန်ပြတင်းဘေးနားက နှင်းဆီနီရောင် ထိုင်ခုံတွင် မှီကာ ထိုင်နေသည်။ ပြတင်းပေါက်၏ အောက်တွင်တော့ ထိတွေ့ရုံဖြင့် ထိန်းချုပ်နိုင်သော မျက်နှာပြင် တစ်ခုရှိသည်။

မျက်နှာပြင်ကို ထိနှိပ်ရုံဖြင့် လေသင်္ဘောအပြင်မှ သူတို့ မြင်ချင်သော မြင်ကွင်းကို ချိန်ညှိ ပေးနိုင်သည်။ မြင်ကွင်း၏ တန်ဖိုးကို အမြင့်ဆုံး ထားလိုက်လျှင်တော့ လေသဘောင်္တစ်ခုလုံးက ဖော်ထွင်းမြင်နိုင်သော အနေအထားဖြင့် ပြောင်းသွားလိမ့်မည်။ အဲဒါက လေထဲတွင် ပျံသန်းနေရသကဲ့သို့ ဘေးက ပျံသွားသော ငှက်များကိုတောင် မြင်နိုင်လိမ့်မည်။

ရီရှောင်က သူ့နောက်ကျော က ကလေးတစ်ယောက်၏ ရင်တုန် ကြောက်လန့်နေသံကို နားထောင်နေသည်။ "မေမေ၊ သားခြေထောက်တွေက ပင်လယ်ကြီးပေါ်မှာနော် အရမ်းလှတာပဲ။ အဲဒိငှက်ကလဲ အရမ်းလှတယ်။ .ဟ..ဟ..မေမေ ကြည့်ပါဦး အဲဒါက ဘာကြီးလဲ"

အဲဒိနောက်မှာ မိခင် ဖြစ်သူ၏ ခပ်တိုးတိုး စကားပြောသံလဲ ပါလာကာ အဲလို နူးညံ့သော အသံက သူ့မှတ်ဥာဏ်တွေထဲက သူ့မိခင်၏ အသံနှင့်တောင် ဆင်နေသေးသည်. ရီရှောင်က မှတ်ဥာဏ်များကြောင့် အနည်းငယ် သတိလက်လွတ်တောင် ဖြစ်သွားသည်။

နောက်တော့ သူက ချက်ချင်း သူကအတွေးတွေကို ရပ်တန့်လိုက်ကာ လက်တန်းအောက်တွင် လက်သီးကို ကျစ်ခနဲ ဆုပ်လိုက်မကာ သူ့လက်သည်းတွေက လက်ဝါးထဲကို နစ်ဝင်သွားလေသည်။ သူ့ရင်ဘတ်က တင်းကြပ်မှုကို ခံစားမိသည်။ မှတ်ဥာဏ်ထဲက သူ့မိခင်၏ သွင်ပြင်က အနည်းငယ် ဝေဝါးကာ မေ့လုနီးနီး ဖြစ်နေပေမယ့် သူ(မ)ချန်ထားသော အနွေးဓါတ်တွေကိုတော့ သူခံစားမိနေသေးသည်။

"ရှောင်ရှောင်..မေမေက သားကို အချစ်ဆုံး..." သူမမှတ်မိနိုင်တော့သော မျက်နှာ ပေါ်က အပြုံးက ကလေးကို သူ(မ)ဘယ်လောက်တောင် အလိုလိုက်သည်ကို ပြနေကာ ကောင်လေး၏ မျက်နှာပေါ်ကို နမ်းလေသည်။ အဲဒိနောက် သူ(မ)က တခစ်ခစ်ရယ်နေသော ကောင်လေးကို ကောက်မကာ သူ့ကို ပတ်လည်ဝေ့ယမ်းလိုက်လေသည်။

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now