Chapter 50 Out of Wedlock Baby?

4.8K 995 24
                                    

Chapter 50 Out of Wedlock Baby?

“ဒီမှာလား?” အစေခံက ရပ်လိုက်ကာ ကလေးရဲ့ အနောက်က အိပ်ဆောင်ကို ကြည့်လိုက်သည်။ ဒီ ချစ်စရာကောင်လေး ပြောတာသာ အမှန်ဆိုရင် သူ့အဖေဆိုတာ….သူလား?
နန်းတော်အနောက်ဖက်မှာ ဘယ်သူနေသလဲ ဆိုတာ စဉ်းစားရင်းနှင့် ဆံပင်ညိုညိုနှင့် အစေခံမှာ သူ(မ)လှုပ်ရှားမှုတွေတောင် ရပ်တန်ကုန်သည်။ တော်ဝင်အရှင်မင်းသားမှာ သဘောကျတဲ့သူ ရှိတယ်လို့ သူဘယ်တုန်းကမှ မကြားခဲ့ဖူးပါဘူး။ ဆံညိုညိုလေးနဲ့ အမျိုးသမီးက နည်းနည်းလောက် ထပ်ပြီး စဉ်းစားကြည့်ပြန်သည်။ မဟုတ်သေးဘူး၊ နန်းတော်ကို ရောက်ကာစပဲ ရှိသေးတဲ့ ကိုယ်ရံတော်မှူးရီပေါ်မှာ ထားတဲ့ တော်ဝင်အရှင်သားရဲ့ သဘောထားက မရှင်းမရှင်းနဲ့။ အရင်တုန်းက အဲလို  ဘယ်တုန်းကမှ မဖြစ်ဖူးဘူး။ ပြီးတော့ ကိုယ်ရံတော်မှူး ဆိုတာက သူနန်းတော်ထဲ ဝင်ဝင်ချင်း တော်ဝင်အရှင့်သားဆီမှာ ခစားဖို့ တာဝန်ပေးတာ ခံခဲ့ရတဲ့သူလေ။ တော်ဝင်အရှင့်သားကိုယ်တိုင် သူ့ကို ကိုယ်ရံတော်မှူးအဖြစ် အမိန့်စာ ထုတ်ပြန်ပြီးတော့ သူ့နဲ့ အနီးအနားမှာ ခေါ်ထားတာ လို့တောင် ပြောကြသေးတာ။

ပြီးတော့လဲ သိပ်မကြာသေးခင်တုန်းက ကိုယ်ရံတော်မှူးရီက အပြင်ကို ထွက်သွားတယ်။ ပြန်လဲ လာရော ဒီကလေးက နန်းတော်ထဲမှာ ပေါ်လာရော။ ဒီကလေးက ကိုယ်ရံတော်မှူးရီ နဲ့ တော်ဝင်အရှင့်သားတို့ရဲ့ တိတ်တိတ်ပုန်းမွေးထားတဲ့သား များလား?

အစေခံကတော့ သူ(မ)ခေါင်းထဲက ခန့်မှန်းချက်နဲ့တင် အထိတ်တလန့်ဖြစ်သွားသည်။ ကလေးလေးကို မယုံသလိုကြည့်ပြီးတော့ “သားဖေဖေက ဒီအထဲမှာလို့ ပြောလိုက်တာလားဟင်”

“ဒါပေါ့ ကလေးလေးက မမကို မလိမ်ပါဘူး” ကလေးလေးက ပါးလေးမော်လို့ ပြောလိုက်သည်။ အစေခံက ရပ်သွားတာ မြင်တော့ သူ့မှာ နည်းနည်းတော့ စိတ်သက်သာရာ ရသွားသည်။

“သူက ဆံပင်အမဲရောင်နဲ့လား ပြီးတော့ အရပ်ကောရှည်လား ခန့်ကောခန့်လား”

“အရပ်ရှည်ရှည် ခန့်ခန့်လေး တစ်ယောက်က သားဖေဖေ။ သားဖေကြီးက လူဆိုးကြီး” ကလေးလေးက မျက်လုံးလေးလှန်ကာ သူခဏတာ လုံခြုံသွားတာ သေချာအောင် လုပ်လိုက်သေးသည်။ မတုန့်မဆိုင်းနဲ့ သူ့ဖေကြီး မကောင်းကြောင်း ပြောပြီးတော့ အကာအကွယ် ယူဖို့ စလုပ်တော့သည်။

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now