Chapter 30 The Silver-hairef King

4.7K 1K 13
                                    

Chapter 30 The Silver-haired King

အခန်း ၃၀ ငွေရောင်ဆံပင်များဖြင့် ဘုရင်

ခပ်လှမ်းလှမ်းက နဂါးငွေ့တန်း ဂလက်ဆီတွင် အပင်များ သစ်သီးဝလံပင်များဖြင့်  ဝန်းရံထားသော လှပသည့် ဂြိုလ်တစ်ခုရှိသည်။

တော်ဝင်နန်းတော်ထဲမှ အဖြူရောင်သားမွှေးဖြင့် ဖုံးလွှမ်းထားသော မြင့်မားသည့် ရာဇပလ္လင်တွင် သွယ်လျသော ကိုယ်ထည်လေး တစ်ခု ထိုင်လျက်ရှိသည်။ သူ့ခေါင်းပေါ်မှ ရှည်လျားသော ငွေရောင်ဆံပင်ရှည်များက ကျဆင်းနေကာ မြေပြင်ပေါ်အထိ လွှမ်းခြုံနေသည်။ သူ၏ သွယ်လျသော လက်ချောင်းများကတော့ အချောသတ်ထားသော ကြည့်မှန်တစ်ခုကို ကိုင်ဆောင်ထားကာ ရက်စက်လှသောအကောင်ကြီး နောက်ဆုံးပိတ် လဲကျသွားသော မြင်ကွင်းနှင့် မက္ခတိုက်ခိုက်သူတွေ ထွက်သွားတာကို ကြည့်နေသည်။ ရွှေရောင်မျက်လုံးထဲတွင် အေးစက်စက် အရိပ်အယောင်တွေ ပေါ်ကာ “အသုံးကို မကျဘူး” လက်ကို ယမ်းကာ မှန်ကို အောက်သို့ ခပ်ပြင်းပြင် လွှင့်ပစ်လိုက်သည်။

ကျိုးပဲ့လွယ်လှသော မှန်းလေးက မြေပြင်ပေါ် ကျကာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားတော့သည်။

ထူးဆန်းသော ပုံသဏ္ဍာန်နှင့် အကောင်နှစ်ကောင်က ဒူးထောက်ကာ “အရှင်မင်းကြီး၊ ကျွန်တော်တို့လဲ အဲဒိဂြိုလ်ပေါ်မှာ အခြားဂြိုလ်တွေမှာ နေတဲ့ လူသားလို့ခေါ်တဲ့ အဲဒိသက်ရှိတွေ အပြင်က ဒီလောက် အင်အားပြင်းတဲ့ လက်နက်တွေ ရှိမှန်း မထင်ထားလို့…  ”

“ငါ အဓိပ္ပါယ် မရှိတဲ့ ဆင်ခြေတွေ နားမထောင်ချင်ဘူး။ ရှုံးနိမ့်တာက ရှုံးနိမ့်တာပဲ။ ဒီသောက်သုံးမကျတဲ့ အမှိုက်တွေက ဂြိုလ်တစ်ခုကိုများ သွေးစွန်းနေတဲ့ မြေပြင်လိုမျိုး တောင်းရဲသေးတယ်” မြင့်မြတ်လှသောဘုရင်ကြီးက ဖြည်းဖြည်းချင်း ရာဇပလ္လင်ကနေ ဆင်းလာတာမို့ အခြားသော သတ္တဝါတွေက မြေပြင်ပေါ် ချက်ချင်း ဒူးထောက်ကာ အနားရောက်လာသူကို မော့တောင် မကြည့်ရဲတော့ပေ။

သို့သော် ဘုရင်ကတော့ သူ့စိတ်ထဲက အတိုင်းမလုပ်ပေ။ အဲဒိအစား သူက ဘေးဘက်မှာ ရပ်လိုက်သည်။ ဆိုးရွားလှသော ဖိအားကြောင့် လျစ်လျူရှုလို့ မရအောင်ကို သူ့ရင်တွေ ခုန်တာ နှေးလာပြီးတော့ “ကိစ္စတစ်ခုတောင် မေ့တော့မလို့ပဲ။ ငါ့ရဲ့ ချစ်ညီမကော မင်းဖမ်းမိလား”

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now