Chapter 47 Punishment

5.4K 1.1K 37
                                    

Chapter 47 Punishment

ရီရှောင်က အကြာကြီးလဲ မနေချေ။ အဝတ်အစားတွေ လဲပြီးတာနဲ့ လုံယွမ့်အိပ်ခန်းထဲက ထွက်သွားတော့သည်။ လုံယွမ်က ရီရှောင် ထွက်သွားတာနှင့် အခန်းတံခါးပိတ်လိုက်သည် ရွှမ်ဖုန့်ကိုတောင် အပြင်ထုတ်လိုက်ပါသေးသည်။

ကလေးလေးက လုံယွမ့်တံခါးရှေ့မှာ မတ်တပ်ရပ်နေချိန်မှာတော့ သူ့မသက်မသာ ခံစားရတော့သည်။ သူ့အမေကို သူဖက်ထားတုန်းက သူ့နောက်ကျောက တကယ့်ကို အေးစက်တယ်လို့ ခံစားရတာပင်။ အဲဒိအချိန်တုန်းက သူ့မေမေရဲက သက်တောင့်သက်သာရှိလှတဲ့ လက်မောင်းကြားထဲမှာ နစ်ဝင်နေတာဆိုတော့ အဲဒါကို စိတ်ထဲ မထားမိပေ။

ကလေးလေးက လုံယွမ့်ကို ချောင်းကြည့်လိုက်သည်။ သူက ရွှမ်ဖုန် အမောင်းထုတ်ခံရတုန်းက လစ်ပြေးဖို့ ကြံနေတာပင် ဒါပေမယ့်သူလဲ တံခါးဝလဲ ရောက်ရော လုံယွမ်က သူ့ခေါင်းဆောင်းကို ဆွဲထားတယ်လေ။ သူ့မျက်စိအောက်ကနေ ပျောက်သွားတဲ့ ရွှမ်ဖုန့်ကိုပဲ သနားစရာမျက်လုံးလေးများနှင့် ကြည့်နေတော့သည်။

ကလေးလေးရဲ့ အမြီးက ပျော့နေသေးကာ လုံယွမ် သူ့ကို ဆွဲမတော့ ချစ်ဖို့ကောင်းဟန် ဆောင်လိုက်ပါသေးသည်။ သူ့ရဲ့ မျက်လုံးရွဲရွဲလေးတွေက ဘေးဘီကို ဝေ့ဝိုက်ကြည့်လိုက်သေးသည်။ ဒီမကောင်းတဲ့ ဦးလေးကြီး ကျေနပ်အောင် ကလေးလေး စလုပ်ရတော့မလား ဒီနေ့ ကလေးလေးမှာ သူ့မေမေကို ခဏလေးပဲ ဖက်လိုက်ရတာကို ဒီမကောင်းတဲ့ ဦးလေးကြီးက သူ့ကို အပြစ်ပေးတော့မှာလား.. ကလေးလေးက မေမေနဲ့ ပိုပြီး နေချင်တယ်ဆိုတော့ ဒီဦးလေးကြီးကို ဖားမှပဲ ရတော့မယ်…

ကလေးလေးက ဘာအမူအယာမှ မရှိတဲ့ လုံယွမ့်ကို ထပ်ပြီး ခိုးကြည့်လိုက်ကာ ပြောဖို့စကားတွေကိုလဲ ခေါင်းထဲမှာ စီလိုက်သေးသည်။ လုံယွမ်က သူ့ကို မပြီး လှည့်ထွက်တော့ သူ့လက်တွေ ခြေတွေကို လှုပ်လိုက်သည်။ ပြည့်ပြည့်ဖောင်းဖောင်း လက်လေးက လုံယွမ့်လက်ကို လှမ်းဆွဲကာ ပါးစပ်ကလဲ နစ်နာကြောင်း ပြောလိုက်သေးသည် “ဖေကြီး သား ကို ဖက်ပါ။ ကလေးလေးကို ဒီလိုကြီး သယ်တာ ကလေးလေး က သက်တောင့်သက်သာ မဖြစ်ဘူး”

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now