Chapter 59 Can We Go?

4K 936 28
                                    

Chapter 59 Can We Go?

ချန်ဟော် သူ့ကို အခန်းထဲကို ခေါ်လာစဉ်တည်းက ရီရှောင် နိုးနေနှင့်ပြီး မည်သည့်အရိပ်အမြွက်မျှ မပြတာသာ ရှိသည်။ ချန်ဟော်က သူ့ကို ခုံတန်းလေးပေါ် သယ်သွားတော့လည်း သူ အိပ်ပျော်နေယောင်သာ ဆက်ဆောင်နေခဲ့သည်။

ဘုရင့်ရဲ့ လက်အေးအေးများ သူ့မျက်နှာကို ရောက်နေချိန်တွင် သူ့အတွင်းစိတ်ထဲက တုန့်ပြန်မှုကို ထိန်းချုပ်ဖို့ ကြိုးစားနေရသည်။ လုံယွမ်က လွဲလျှင် သူ့ကို ဘုရင်က ထိလိုက်ချိန်တွင် ရီရှောင့်ရင်ထဲမှာ ခုခံချင်စိတ်က ပြင်းပြင်းပြပြသာ ခံစားရသည်။ သူ့ကိုယ်သူ ထိန်းချုပ်နိုင်ဖို့သာ မကြိုးစားခဲ့လျှင် သူ့မျက်နှာကို အထက်အောက် စုန်ချီဆန်ချီ သပ်နေသည့် လက်ချောင်းအေးအေးတွေကို သူ့လက်နှင့် ရမ်းဖယ်လို့ ရိုက်ချပစ်လောက် နိုင်သည်။

ဒါပေမည့် ဘုရင် ပြောတာကို သူကြားသည့် အခါတွင်ကျတော့ သူအံသြမိဆဲပင်။ သူ့အမေက ဘုရင့်ရဲ့ နှမတော် လား?  ဒါ့ဆို သူက ဘာလဲ? ပြီးတော့ ဘုရင်ကလည်း သူ့ကို တကယ်ကြီး သူ့အတွက် သားမွေးပေးစေချင်တာလား အဲဒါကြီးက တော်တော့်ကို မယုံနိုင်စရာ ကောင်းသည်။

သူက ယောက်ျားတစ်ယောက်လေ။ ဂြိုလ်သားမျိုးစိတ် တစ်ခုကို သူ မွေးဖွားပေးခဲ့တယ် ဆိုပေမယ့် အဲဒါကလည်း စကြာဝဋ္ဌာကနေ အပြင်လောကထဲကနေ သူ့ဗိုက်ထဲကို တိုက်ရိုက်ကြီး စွဲကပ်တာ အခြားတစ်ယောက်ယောက်နှင့် တူယှဉ်တွဲလို့ ရတာမှ မဟုတ်ပဲ။ ဘုရင့်ရဲ့ စကားတွေရဲ့ အဓိပ္ပါယ်က သူနဲ့ အဲလိုနည်းကြီးနဲ့ နေချင်တာလား….

ရီရှောင့်၏ နှလုံးသားက ရွံရှာစိတ် ပြင်းပြင်းကြီး ပြည့်နှက်လာသည်။ ဆွေမျိုးက ဝေးရအောင် ဘုရင်က သူ့ဦးလေး ဒါပေမယ့် သူက သူ့အမေကို လိုချင်နေပုံ ရသည် ဟုတ်သား.. ဘုရင့်ညီမလေ.. ဟိုအရင်ထဲက သူ့အတွက်သား မွေးခိုင်းချင်တာ။ ဒါပေမယ့် သူ(မ)ကို ဖမ်းလို့ မရတော့ သူ့အမေနေရာမှာ သူ့ကို အစားထိုးဖို့ အသင့်ဖြစ်နေသည်။

ရီရှောင့် မျက်တောင်များက ထိန်းမရအောင် တုန်ရီလာပြီး ဘေးမှာ ကျနေသည့် သူ့လက်ချောင်းတွေလည်း တောင့်တင်းနေသည်။ ကံကောင်းလို့ ချန်ဟော်က ဒူးထောက်နေပြီး မော့မကြည့်လို့ ဘုရင်ကလည်း သူ့ကို ကျောပေးပြီးတော့ အဝေးကို လျှောက်သွားနေလို့ သူနိုးနေတာကို သတိမပြုမိကြပေ။

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now