Chapter 65 Villain

3.7K 894 23
                                    

Chapter 65 Villain

ရီရှောင့် နဖူးပြင်တွင် ချွေးတွေ ဖုံးလွှမ်းကာ ထင်ရှားလှသည့် မေးရိုးပေါ်မှ တဆင့် ချွေးပေါက်များ မြေပြင်ပေါ်ကို ကျဆင်းသွားသည်။ သူ့ရင်တွေကတော့ ဘုရင်ကြီး သူ့ဆီ နီးကပ်လာတာနှင့် အမျှ နှလုံးခုန်တာ ပိုပိုမြန်လာသည်။

ဒီကနေ လွတ်ဖို့ အရမ်းနီးကပ်နေတာမကိုမှ ဒီအချိန်လေးမှာ ဒီလို ကိစ္စမျိုး ဖြစ်လာမယ်လို့ ထင်မထားပေ။ ရီရှောင် အံကြိတ်ကာ သူ့ရင်ထဲတွင်တော့ ခါးသီးမှုအချို့ ခံစားနေရသည်။ သူ့လက်ဖဝါးသာ ရှရာ ဖြစ်မသွားရင် ပေါ်သွားမှာ မဟုတ်လောက်ပေ။

လုရင်က လက်ကို ဆန့်ထုတ်ကာ ရီရှောင် ရှိရာဘက်ကို လှမ်းဆွဲသည်။ သူ့ဖျော့တော့တော့ လက်ချောင်းများက တိတိကျကျကိုပဲ ရီရှောင့် ပခုံးကို ဆွဲမိသွားသည်။ သို့သော် တစ်ချိန်တည်းမှာပဲ ရီရှောင့် သူ့နောက်ကျောတွင် တစ်စုံတစ်ခုကို သယ်ထားလောက်သည်ဟု သူခံစားမိပြန်သည်။ ဘုရင်ကြီး၏ မျက်ခုံးများ မြင့်တက်သွားပြီး သူ့နောက်ကျောက အရာကိုပါ လှမ်းဆွဲရန် အခြားလက်တစ်ဖက်ကိုပါ ဆန့်ထုတ်လိုက်သည်။

ရီရှောင့် နောက်ကျောကို မှီထားသော ကလေးလေးက ရီရှောင့် ပခုံကို ကို လှမ်းဖိသော ဘုရင်ကြီး၏ လက်ကို ချက်ချင်း လှမ်းဆွဲလိုက်သည်။ လျှပ်စီးပြာ တစ်လွှာက ဖြူဖွေးနူးညံ့သော လက်တွေ ပေါ်လာသည်။ ဘုရင်ကြီး၏ မျက်နှာက ပြောင်းသွားကာ သူ့လက်ကို ပြန်ဆွဲရုတ်လိုက်သည်။ သူ့လက်ပေါ်မှာ လျှပ်စီးကြောင်း တစ်ခုကို သူ သေချာခံစားမိတာပါ။ ရီရှောင့် ပခုံးပေါ်က အရာလေးက ဘာလေးလဲ?

အခုတော့ သူ ပေါ်သွားပြီ ဖြစ်တာမို့ ကလေးလေးက ထပ်ပြီး ပုန်းခိုမနေတော့ပဲ ရီရှောင့်နောက်ကျောကနေ ခုန်ချပြီး ဘုရင့်မျက်နှာကို ဖုံးကွယ်ရန် သူ့လက်တွေကို ဖွင့်ချလိုက်သည်။ “လူဆိုးကြီး င့ါဖေဖေကို အနိုင်မကျင့်နဲ့”

“ကလေးလေး” ထင်သာမြင်သာ ပုံစံနှင့် ရီရှောင် တအံတသြနှင့် နောက်ကို လှည့်လိုက်သည်။

ဘုရင်ကြီးက ရီရှောင့်ပေါင်လောက်ပဲ အရပ်ရှည်သည့် ရီရှောင့်ရှေ့က အသေးလေးကို ကြည့်လိုက်သည်။ ပြီးတော့ ရီရှောင့်ကို ကြည့်လိုက်ပြန်သည်။ ဒီအသေးလေးက လူသားနဲ့လဲ မတူတာ သေချာပါပြီးတော့ သူတို့ဂြိုလ်ပေါ်က သူတွေနှင့်တောင် ပိုတူသေးသည်။ ပြီးတော့ သူက ရီရှောင့်ကို သူ့အဖေလို့ ခေါ်လိုက်တာပဲ။ သူ့ကို ရီရှောင်မွေးထားတာလား?

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now