Chapter 60 Plans

3.8K 880 12
                                    

Chapter 60 Plans

လုံယွမ်က သူ့ဆီသို့ လျှောက်လာသည့် လင်းယွင်ကို ကြည့်လိုက်ပြီးတော့ ကလေးလေးကို ကောက်မလိုက်ပြီး သူ့ပေါင်ပေါ် တင်လိုက်သည်။ ကလေးရဲ့ ခေါင်းကို ပုတ်လိုက်ပြီးတော့ လင်းယွင်ကို “အမေ၊ ဒီမှာလာပြီး ကျွန်တော့်ဘေးမှာ ထိုင်ပါလား ” (သူကတော့ monther-in-law လို့ ရေးထားတာပဲ။ ယောက္ခမ လို့ တိုက်ရိုက် ရေးလိုက်ရင်ကျတော့ အဆင်မပြေလို့ အမေပဲ ရေးထားပါတယ်)

လင်းယွင်က ပွင့်ပွင့်လင်းလင်းပဲ လုံယွမ့် ဘေးမှာ ဝင်ထိုင်လိုက်သည်။

လင်းယွင်ရော ကလေးလေးရော နေရာယူပြီးတော့ လုံယွမ့်လက်ချောင်းတွေက သူ့ရှေ့က လင်းနေသည့် မျက်နှာပြင်ပေါ် အသာပြေးလွှားလိုက်သည်။ ခပ်စောင်းစောင်း ပွင့်နေသည့် အာကာသယာဉ်၏ ခရီးသည်တင်သည့် တံခါးက အမြန်ပိတ်သွားပြီးတော့ အရှေ့က မျက်နှာပြင်ကလည်း အပြာရောင် တဖျတ်ဖျတ်လင်းနေကာ များလှစွာသော လုပ်ငန်းဆောင်တာများလည်း အောင်အောင်မြင်မြင် လည်ပတ်နေကြောင်း ပြသနေသည်။

ယာဉ်ထဲက အခန်းအပေါ်ဖက်က မျက်နှာကြက် စတင်မြင့်တက်လာချိန်တွင် အရောင်အသွေးစုံလင်လှသော ကြယ်များနှင့် ခမ်းနားထည်ဝါလှသည့် အာကာသဟင်းလင်းပြင်ကြီးနှင့် ပြည့်နှက်နေသည့် စကြာဝဋ္ဌာကြီး ပေါ်လာကာ သူရဲ့ အာကာသယာဉ်လေးက ဖြည်းဖြည်းချင်း စတင်မြင့်တက်လာပြီး ယာဉ်လေး၏ အနောက်နားမှ ယာဉ်လေးကို ရှေ့ကို ရောက်သွားအောင် တွန်းအားပေးသော အပူချိန်မြင့်မားသော ဓါတ်ငွေ့များ ထုတ်လွတ်ကာ အာကာသယာဉ်လေး ကျယ်ပြောလှသော အာကာသထဲရောက်သွားအောင် တွန်းပို့ပေးနေသည်။

လုံယွမ့်နောက်တွင်လည်း အာကာသယာဉ်အသေးလေးပေါင်း များစွာလည်း ဖြည်းဖြည်းချင်း မြင့်တက်စ ပြုလာကာ သူ့နောက်ကနေ အနီးကပ် လိုက်ပါလာပြီး အာကာသထဲ မောင်းနှင်လာကြသည်။ ဧရာမ စစ်အာကာသယာဉ်ကြီးနှင့် ယာဉ်လျှင် ဒီ အာကာသယာဉ် ဒါဇင်ပေါင်းများစွာက စကြာဝဋ္ဌာပင်လယ်နက်ကြီး ထဲက ကျောက်စရစ်ခဲလေးများ နှင့် တောင် တူလှသည်။ အဝေးကနေဆိုလျှင် စကြာဝဋ္ဌာ ထဲတွင် မျောလွင့်နေသော ဥက္ကာခဲအစုလေးတစ်စုနှင့်တောင် တူနေသည်။

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now