Extra Three {The END}

8.1K 1.1K 69
                                    

Extra Three {END}

ကလေးလေး တစ်ယောက် သူ့ရှေ့က ဖန်သားအဖုံးပေါ်မှာ မျက်နှာတစ်ခုလုံးကို အပ်ထားနေသည်။ အပြာနုရောင် အရည်တွေ ပြည့်နေသည့် ထုလုံးရှည် မှန်အဖုံး၏ အလယ်မှာတော့ ကိုယ်သေးသေးလေး တစ်ခုက ကျုံ့ကျုံ့လေး ကွေးလို့နေသည်။ လူလုပ်ထားသည့် ချက်ကြိုးရှည်ကတော့ သူ့ချက်လေးကနေ ဖန်အဖုံးအပေါ်ထိကို တန်းနေကာ နေ့တိုင်း ချက်ကြိုးမှ တဆင့် သန္ဓေသားဆီသို့ လိုအပ်သည့် အာဟာရတွေကို သင့်တင့်သည့် စီးဆင်းနှုန်းနှင့် အဆက်မပြတ် စီးဆင်းကာ သူ့ရဲ့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်းကို ထိန်းသိမ်းလို့ ထားသည်။

မိခင်ကိုယ်ထဲမှ သဘာဝကလေးငယ်နှင့် ယှဉ်လျှင်တော့ ဒီလိုမျိုး ပါတ်ဝန်းကျင်အတုနှင့် ကြီးထွားလာသော ကလေးမျိုးက မွေးဖွားချိန်တွင် ပိုပြီးအားနည်းတတ်ကာ အခြားသော သာမာန်ကလေးများထက် ပိုပြီး ကြာကြာ နေရတတ်သည်။ ပြီးတော့ သူမွေးချိန်မှာတော့ သူ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်တွေကတော့ သာမာန်ကလေးငယ်များနှင့် ကွာခြားမှု လုံးဝရှိတော့မည် မဟုတ်။

ရီရှောင့် ကိုယ်ခန္ဓာက ဘီတာဂြိုလ် မှ သားဖွားမျိုး ကိုယ်ခန္ဓာကို ရရှိထားပေမယ့် ဘီတာမှ လူများနှင့် လက်ထပ်မှသာ ကလေး ရရှိနိုင်မည် ဖြစ်သည်။ အခုတော့ သူက လုံယွမ်နှင့် လက်ထပ်လိုက်သဖြင့် သာမာန်ယောက်ျားများနှင့် ကွာခြားချက် မရှိဘူးဟု ပြောလို့ရကာ ကိုယ်ဝန်မဆောင်နိုင်တော့ပေ။

ထို့ကြောင့် သူနှင့် လုံယွမ်က သူတို့၏ သုတ်ပိုးကို ပဲ ထောက်ပံ့ပေးနိုင်ကာ အင်ပါယာမှ အမျိုးသားအချင်းချင်း လက်ထပ်ထားသူများလိုပဲ သူတို့၏ ကလေးများကို ဒီလို လူများဖန်တီးထားသော အနေအထားနှင့်သာ ယူနိုင်သည်။

ကလေးလေးကတော့ ဖန်အဖုံးထဲက ကလေးလေးကို အကြာကြီး ကြည့်နေပြီးတော့ ခေါင်းလေးငုံ့ကာ သူ့လက်ချောင်းများကို ဆွဲပြီး “အင်း.. နောက် ..ရက်နှစ်ဆယ် နေရင် ကလေးလေးက ကလေးနဲ့ တွေ့နိုင်တော့မှာ..” ပြောပြီးတော့ ဖန်အဖုံးနား ထပ်ကိုင်းသွားကာ အထဲတွင် ကွေးတွေနေသာ ကလေးငယ်ကို ကြည့်ပြန်သည်။ နောက်ဆုံးကျမှသာ အထဲက ကလေးလေးကို လက်ဝေ့ယမ်းပြပြီး “ကလေးလေးက ညီလေးကို မနက်ဖြန်ကျမှ အဖော်လာလုပ်ပေးတော့မယ်နော်.. အာ့ကြောင့် လိမ်လိမ်မာမာနေရမယ်နော်”

🎉 You've finished reading ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - Complete 🎉
 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now