Chaptet 27 Super Monster

5.1K 962 5
                                    

Chapter 27 Super Monster

အခန်း ၂၇ 

မီးခိုးရောင်နဲ့ အညိုရောင် စပ်ထားသော အကောင်ဆန်းကြီးကတော့ နောက်ဆုံးမှာ သူ့တစ်ကိုယ်လုံးကို ဖော်ပြခဲ့ပြီ။ မနက်ခင်း တက်သစ်စ နေရောင်ခြည်က ကြီးမားလှသော ကိုယ်ထည်ကြီးကို ဖုံးလွှမ်းသွားကာ သူနှင့် မီတာ တစ်ထောင် အကွာအဝေးမှာ ရှိနေတဲ့ သူတို့တွေ အပေါ်ကို ပါ အရိပ်ကြီး ဖုံးသွားရသည်။  သုံးဖက်မြင် ပုံရိပ်မှာ ဖော်ပြနေသော ပုံရိပ်တွေကလည်း အဲဒိ ဧရာမ အကောင်ကြီး၏ ပုံရိပ်သာ အပြည့် ဖြစ်သွားသည်။ နည်းနည်းလေးပဲ လှုပ်လိုက်တာတောင် မြေပြင်ကြီးက လှုပ်ခါနေသည်။ သူ့လက်တံကြီးတွေ အောက်က သစ်ပင်တွေကလဲ ချက်ချင်း အမှုန်တွေ အပိုင်းအစတွေ အဖြစ်ပြောင်းကာ ပျောက်ကွယ်ကုန်သည်။

အနီရင့်ရင့်မျက်လုံးများက သူ့မျက်လုံးအိမ်ထဲမှာကို  လခြမ်းကွေးသဏ္ဍာန် ကျဉ်းမြောင်းကာ သူတို့ကို အမူအယာ ကင်းမဲ့စွာ ငေးကြည့်နေသည်။ ခပ်ဖြဲဖြဲ ဧရာမ ပါးစပ်ပေါက်ကြီးကလဲ မထင်မဲ့မြင်ပြုဟန်နှင့် တူလှသော အပြုံးတစ်ခု ကို ဖော်ပြနေသေးသည်။

“အားလုံး အသာရပ်နေ” ရှဲရွန့် အသံက အကောင်ကြီး၏ ဖိအားအောက်မှာ ခပ်အုပ်အုပ် ထွက်လာသည်။

ဒီလို အတ္တဘောခန္ဓာကိုယ် အကောင်ကြီးရဲ့ အရှေ့မှာ အရာအားလုံးက သေးသေးလေးတွေနှင့် အလင်းမှုန်လေးတွေလောက်သာ ဖြစ်နေသည်။ သူ့မျက်လုံးထဲမှာတော့ သူ့လက်တံတွေ လှုပ်လိုက်တာနဲ့ သူတို့ကို အသာလေး ဖိခြေလိုက်လို့ ရသည်လို့ ထင်လောက်သည်။

ရန်သူက မလှုပ်လျှင် သူကလည်း လှုပ်မှာတော့ မဟုတ်။

ထိုအချိန်မှာတင် အချိန်တွေက ရပ်တန့်နေသည်ဟု ထင်ရကာ မက္ခတွေအားလုံးက အကောင်ကြီး၏ မီတာ တစ်ထောင် အကွာအဝေးမှာတင် ရပ်တန့်နေသည်။ အကောင်ကြီး သည်လည်းပဲ ထူးဆန်းစွာနဲ့ ဘာမှ လှုပ်ရှားမှု မရှိပဲ သူ့လက်တံကြီးတွေတောင်မှာ မြေပေါ်မှာ လှုပ်ရှားမှု မရှိပဲ အသာ လဲလျောင်းနေကြသည်။

အကောင်ကြီးကို သူတို့ကို သတိအနေအထားနဲ့ ကြည့်နေတာ ရီရှောင် မြင်နိုင်သည်။ သူ့လက်တွေက ထိန်းချုပ်ရေးမျက်နှာပြင်ပေါ်မှာ လျော့တိလျော့ရဲ ဖြစ်မနေပဲ အကောင်ကြီး လှုပ်လိုက်တာနှင့် သူအမြန် ညွှန်ကြားမှုတွေ လုပ်မှာ ဖြစ်သည်။

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now