Chapter 58 Ye Shao's Mother

3.9K 921 28
                                    

Chapter 58 Ye Shao’s Mother

နူးညံ့သိမ်မွေ့လှသော အသံက တစ်ခဏလောက် တန့်သွားပြီး ဆက်ပြောလေသည်။ “အိုင်းရင်း ပြောသလိုပဲ ရှောင်ရှောင်နဲ့ အန်တီနဲ့က ဒီဂြိုလ်က မဟုတ်ဘူး…” သူ(မ) ဘာ့ကြောင့် ဒီဂြိုလ်ကို ရောက်ခဲ့သလဲ ရယ် ဘယ်ကြောင့် ရီရှောင့်ကို ထားရစ်ခဲ့ရသလဲ ဆိုတာကို အရိုးရှင်းဆုံး ရှင်းပြအပြီးမှာ သိမ်မွေ့လှသော အမျိုးသမီးအသံက နောက်ထပ် ဘာပြောရမလဲလို့ စဉ်းစားနေသလို တစ်ခဏလောက် ရပ်သွားပြန်သည်။

“အန်တီ ပြောချင်တာက ရီရှောင့်ကို အတင်းဖမ်းခေါ်သွားရတဲ့ ရည်ရွယ်ချက်က အန်တီပြောတဲ့ ဘုရင်က ရီရှောင့်ကို သူ့ဆက်ခံသူ မွေးပေးစေချင်လို့ပေါ့?” ပြောနေရင်းနှင့် လုံယွမ့် မျက်မှောင်က နည်းနည်းကြုပ်သွားသည်။ ရီရှောင့်ကို သူအချိန်မှီသာ ပြန်မဆွဲနိုင်လျှင် ရီရှောင့်ကို အခြားသူတွေ ထိသွားမယ်ဆိုတဲ့ အဓိပ္ပါယ်ကြီးများ ဖြစ်သွားမှာလား?

ဒါမျိုးကို သူဘယ်တော့မှ မဖြစ်မခံဘူး။

“ရှောင်ရှောင်က အန်တီ့မျိုးရိုးကို ဆက်ခံထားတာ ပြီးတော့ အန်တီက သူ့အပေါ် ကန့်သတ်ချက်တွေလဲ ထားထားသေးတယ် ပုံမှန်ဆိုရင် သူ ဒါဏ်ရာ ရပြီး သွေးမထွက်သရွေ့ သူတို့ ရှောင်ရှောင့်ကို ရှာတွေ့မှာ မဟုတ်ဘူး။ ရှောင်ရှောင့်ကို အမှောင်ကွယ်ရာထဲမှာပဲ ထားထားပေမယ့် သူ့အကြောင်တွေ ပေါ်သွားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး…” သက်ပြင်းချပြီး အမျိုးသမီးက ဆက်ပြောလေသည်။ “အစ်ကိုတော်က လာမယ့်လ လပြည့်ချိန်မှာ အင်အားအကြီးဆုံး ဆက်ခံသူ ရဖို့ လုပ်လိမ့်မယ်။ အဲဒိမတိုင်ခင် သူ့ကို တားနိုင်သရွေ့ ရှောင်ရှောင် အဆင်ပြေမှာပါ”

“လာမယ့် လပြည့်လား” အဲဒိစကားမှာတင် လုံယွမ် ထိန်းမရအောင် မျက်မှောင်တွေ ကြုပ်သွားသည် “ရက်နှစ်ဆယ်ပဲ လိုတော့တာမလား? အန်တီပြောတဲ့ ဂြိုလ်က အခြားစကြာဝဋ္ဌာထဲမှာ ရှိတာလေ။ ကျွန်တော် ရက်နှစ်ဆယ်ထဲနဲ့ ဘယ်လို သွားနိုင်ပါ့မလဲ” သူ မလုပ်နိုင်လောက်တာကို တွေးမိတာနှင့် လုံယွမ့်နှုတ်ခမ်းတွေ စေ့တင်းသွားသည်။ မဖြစ်သေးတာတောင်မှ ဖြစ်လာနိုင်တာကို တွေးပြီး သူ့ရင်တွေ နာနေပြီ။ “ပြီးတော့ အန်တီပြောတဲ့ ဂြိုလ်ကို ဘယ်လိုသွားရမလဲ ဆိုတာ ကျွန်တော်မသိသေးဘူး။ လမ်းကြောင်းသိရင်တောင် အချိန်က ကြာဦးမှာ”

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now