Chapter 69 Wedding

6.8K 969 56
                                    

Chapter 69 Wedding

အင်ပါယာကြယ်တွင် နေထိုင်ကြသူ မည်သူမဆို ထိုနေ့ရက်ကို မေ့သွားကြလိမ့်မည် မဟုတ်ပေ။ မရေမတွက်နိုင်သော ငွေရောင်လေယာဉ်တွေ နှစ်တန်း တန်းစီကာ အင်ပါယာကြယ်၏ ကောင်းကင်ထက် လူးလိမ့်လို့ နေသည်။ အင်ဂျင်ခန်းအောက်ကို ဖွင့်လိုက်တော့ မရေမတွက်နိုင်သည့် အဖြူနှင့် အနီရောထားသည့် ပွင့်ဖတ်များ ကြဲပြန့်ကာ မြို့တော်၏ ကောင်းကင်တစ်ခွင် သိပ်သည်းလှစွာ ဖုံးလွှမ်းသွားသည်။ ပန်းမိုး တွေ ရွာကျသည်နှင့်တောင် တူလှသေးသည်။

တေးသံခပ်တိုးတိုးကလဲ မြို့တော်တစ်ခွင် ပျံလွင့်လို့ မရေမတွက်နိုင်သည့် ခိုဖြူများက မြို့တော်၏ ဆိပ်ကမ်းရှည်ကြီး တစ်လျှောက် ပွင့်ဖတ်များအကြား ခေါက်တုန့်ခေါက်ပြန် ပျံသန်းနေသည်။

နန်းတော်သို့ သွားရာ လမ်း၏ ဘေးနှစ်ဖက်တွင် အဖြူနှင့် အနက်ရောစပ်ထားသည့် စစ်ယူနီဖောင်းများနှင့် စစ်သားများ မတ်တပ်ရပ်လို့ နေသည်။ အပေါ်ကိုယ်ထည် ပွင့်ထားသည့် လေယာဉ်အဖြူရောင် ခပ်ဝေးဝေးက လမ်းရှည်ကြီးတစ်လျှောက် ပျံလာချိန်တွင် ထိုလွန်းပျံယာဉ်ကို မြင်လိုက်ကျသော စစ်သားအားလုံး မုဆိုးဒူးထောက်ပုံစံနှင့် အကုန်ဒူးထောက်ကြပြီး တရိုတသေနှင့် ဦးညွတ်လိုက်ကြသည်။ သူတို့၏ ညာဖက်လက်ကို ဘယ်ဘက်ရင်အုံတွင် တင်ကာ အင်ပါယာ၏ အမြင့်ဆုံး ဂုဏ်သရေကို ခံစားကြတော့မည့် စုံတွဲအတွက် အကောင်းဆုံး ဆုမွန်များ တောင်းကြလေသည်။

ဒီရှင်းတွင် နေကြသူများမှာလဲ ကံကောင်းလှစွာ အင်ပါယာ၏ အနာဂတ် အချုပ်အချာအာဏာပိုင်မည့် အုပ်ချုပ်သူကို ပထမဆုံးအကြိမ် တွေ့ဆုံလိုက်ကြရသည်။ သို့သော် သူတို့ရှေ့က စစ်သားများနှင့် အတူ ဒူးထောက်ကြကာ ထိုစုံတွဲ ခပ်ဝေးဝေး ရောက်သွားသည်အထိ ဘယ်သူကမျှ မော့မကြည့်ရဲကြပေ။ တစ်ယောက်ယောက်ကသာ လုံယွမ့်ကို အဝေးကနေ မြင်လိုက်မည် ဆိုလျှင်တောင် မှုန်ဝါးဝါးသာ မြင်ရပေလိမ့်မယ်။ အဘယ်ကြောင့် ဆိုသော် ယာဉ်ပေါ်တွင်က လိုက်လံချောင်းမြောင်းကြမည့် ပစ္စည်း လူအားလုံးကို ရှောင်ရှားရန် ပစ္စည်းအချို့ခင်းကျင်းထားလေသည်။ အတင်းကြီး ကြည့်လျှင်တောင် လုံယွမ်နှင့် ရီရှောင်၏ ခပ်ဝါးဝါးမျက်နှာကိုသာ မြင်ရမည် ဖြစ်ပြီး သူတို့၏ အသွင်သဏ္ဍာန်ကို လုံးလုံးမြင်ရလိမ့်မည် မဟုတ်ပေ။ အဲဒါကလဲ တော်ဝင်မိသားစု လုံခြုံရေးကို ကာကွယ်ပေးရန်လည်း ဖြစ်သည်။

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now