Chapter 49 Baby and Xuan Feng

5.5K 1K 17
                                    

Chapter 49 Baby and Xuan Feng

သူ့ရှေ့က ဆတ်ခနဲ ပိတ်သွားတဲ့ တံခါးကို ကလေးလေး မော့ကြည့်လိုက်သည်။ သူ့မျက်လုံးဝိုင်းကြီးတွေက တံခါးကိုပဲ အကြာကြီး ကြည့်နေပြီးတော့မှ သူ့မျက်လုံးတွေကို သူ့ရဲ့ ပန်းရောင်လက်သေးသေးလေးတွေနဲ့ ကွယ်လိုက်သည်။ မေမေရေ မေမေလာတာကို မရပ်တန့်လိုက်နိုင်တာရော မကောင်းတဲ့ ဦးလေးကြီး အနိုင်ကျင့်တာကို မကာကွယ်နိုင်လို့ ကလေးလေး အရမ်းတောင်းပန်ပါတယ်.

ဘေးမှာ ထိုင်နေတဲ့ ရွှမ်ဖုန်ကတော့ ကလေးရဲ့ မျက်နှာပေါ်က ဆုံးရှုံးသွားသလို ခံစားချက်ကို စိုက်ကြည့်နေရင် အမြီးက ဘုတ်ခနဲ ပုတ်လိုက်သေးသည်။ သူ့အမွေးပွပွပါးပြင်ကို သူ့ရှေ့လက်နဲ့ ပွတ်ပြီးမှ ကလေးလေးရဲ့ ခြေထောက်ဆီကို သွားပြီးတော့ ခြေသလုံးကို သူ့ရှေ့ခြေတွေနဲ့ ပုတ်လိုက်သည်။ “ဟေး၊ ဒီဦးလေးကို တံခါးအပြင်မှာ သနားညှာတာမှု မရှိပဲ ပိတ်ထားဖို့ ဘယ်သူက ခွင့်ပြုလို့လဲ အခုတော့ အပြင်မှာ တံခါးပိတ်ခံထားရတာ ဘယ်လိုလဲ ဆိုတာ မင်းသိသွားပြီမလား” မျက်နှာကို မော့ပြီးတော့ သူ့တတ်နိုင်သလောက်တော့ ခန့်ညားထည်ဝါအောင် ဟန်ဖမ်းပြီး ကလေးရဲ့ မျက်လုံးလေးတွေထဲကို  ကြည့်လိုက်သေးသည်။

ဒါပေမယ့် ကလေးက သူ့ဘက်ကို လှည့်လာကာ မျက်ရည်လုံးကြီးတွေ တွဲနေသည့် မျက်လုံးရွဲရွဲကြီးများနဲ့လဲ ကြည့်လိုက်ရော ရွှမ်ဖုန့်အမြီးတောင် အောက်ကို ကုတ်ကျသွားသည်။ “ဟေ့… မင်းဘာဖြစ်နေတာလဲ။ မငိုနဲ့လေ။ ငါက စတာပါကွ။ လုံယွမ်လေးနဲ့ ရီရှောင်လေးက ချစ်ကြည်နူး တစ်တီတူးနေကြတာ။ ငါတို့အတူကစားလို့ ရတယ်လေ။ ငါ မင်းနဲ့ ကစားပေးမှာပေါ့” ရွှမ်ဖုန်က သူ့ရင်ဘတ်လေးကို ပုတ်ကာ ပြောလိုက်သည်။

ကလေးလေးက သူ့နှာခေါင်းလေးထဲကနေ ဟွန့်ခနဲ လေတွေ မှုတ်ထုတ်ပြီးတော့ သူ့ရှေ့က ပိတ်ထားတဲ့ တံခါးကို ကန်မလို့ လုပ်သေးသည် ဒါပေမယ့် လုံယွမ့်ကို ပြန်စဉ်းစားမိတော့ အသာလေး နဲနဲ ကန်ပြီးတာနဲ့ ခြေထောက် ပြန်ရုတ်လိုက်တော့သည်။ ပြီးတော့ လုံယွမ့်အခန်းပြင်က စင်္ကြန်အရှည်ကြီးရဲ့ ဟိုဘက်တစ်ဖက်ဆီကို ထွက်သွားတော့သည်။

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now