Chapter 32 Going Home

5K 1K 4
                                    

Chapter 32 Going Home

အခန်း ၃၂ အိမ်ပြန်မယ်

ဒီလိုင်ရယ် ရှဲရွန်ရယ်နှင့် လမ်းခွဲပြီးနောက် ခန်းမထဲတွင် မူလက ကြပ်ညပ်နေသော စစ်သားများလဲ ခုနှစ်လှမ်း ရှစ်လှမ်းအကွာလောက် ရောက်သွားကြသည်။ ရီရှောင်က ခန်းမ၏ ညာဘက်အခြမ်းဘက်ကို လိုက်သွားကာ မှတ်တိုင်ဆယ်ခု လောက် ဖြတ်လျှောက်ပြီးတော့ လေ့လာလေသည်။ အသေအချာပင် ဝင်ပေါက်မှာ စာလုံးအနက်နှင့် လို့ ရေးထားသော မှတ်တိုင်တစ်ခု တွေ့ရသည်။

ဆိပ်ကမ်းအပြင်ဘက်မှတော့ နက်ပြာရောင် ယူနီဖောင်းများ ဝတ်ဆင်ထားသော စစ်သားဒါဇင်များစွာ အင်ပါယာကြယ်မှ ပြန်လာသော ယာဉ်ကို စောင့်နေကြပုံရသည်။ ဆယ်မိနစ်ကျော်လောက် လိုသေးသည်မို့ အခုလက်ရှိ ဆိပ်ကမ်း၏ စင်္ကြန်က မပွင့်သေးပဲ ဝင်ပေါက်က သံတံခါးကြီးကလည်း တင်းတင်းကြပ်ကြပ် ပိတ်ထားသည်။ စင်္ကြန်၏ ဝင်ပေါက်နှင့် ယာဉ်၏ ဝင်ပေါက်တို့ ချိတ်ဆက်သွားမှသာလျှင် သံတံခါးက ပွင့်လိမ့်မည်။

ရီရှောင်က လူများသော နေရာကိုမူ မသွားပေ။ အဲဒိအစား ဆိပ်ကမ်း၏ အခြေအနေကို တွေ့နိုင်မည့် နေရာတစ်နေရာ သူတွေ့သွားသည်။

သံတံခါးများ ပွင့်သွားပြီးနောက် ယာဉ်ပေါ်တက်ရန် စင်္ကြန်သို့ ဦးတည်သွားသော စစ်သားများ၏ နောက်ဆုံးကနေ လိုက်သွားလိုက်သည်။ အထွေထွေဌာနချုပ်နှင့် အင်ပါယာကြယ် အကြားသွားသော ယာဉ်ဖြစ်တာနှင့်အညီ ဒါက အင်ပါယာမှ စစ်သားများအတွက် အထူးပြင်ဆင်ထားတာမို့ ဒါက အခမဲ့ စီးနင်းနိုင်သည်။

သူ ယာဉ်၏ အတွင်းသို့ ဝင်လိုက်သည်နှင့် သူ့အကြိုက်ဆုံးနေရာကို ရွေးပြီး ထိုင်နိုင်သည်။

ရီရှောင် အထဲလျှောက်သွားကာ တစ်ချက်လောက် ခြုံကြည့်ပြီးတော့ လွတ်နေသော ထောင့်တစ်ထောင့်တွင် ထိုင်လိုက်သည်။ နံရံကို ထိလိုက်တော့ မူလက နို့နှစ်ရောင် နံရံတွင် လေးထော့င်ပြတင်း ပေါ်လာကာ သူ အပြင်က မြင်ကွင်းတွေ ကြည့်နိုင်သွားသည်။

သူ သုံးကြိမ်ဆက်တိုက် တောက်မည်ဆိုလျှင် ကြည့်ရှုချင်သော အကွာအဝေးကို သူချိန်ညှိနိုင်သည်။

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now