Chapter 44 Metorites

5.1K 1K 20
                                    

Chapter 44 Metorites

အပြာရောင်အလင်းလှိုင်းက အနက်ရောင်ဥက္ကခဲနှင့် ခိုက်မိပြီးတော့ ဥက္ကပျံကြီးက ရပ်သွားသည်။ အဲဒိနောက် ရုတ်တရတ်ကြီး ဥက္ကခဲအလယ်ကနေ အနီရောင် အလင်းတန်းတောက်တောက်ကြီး ထွက်လာကာ ကျောက်စရစ်ခဲရာချီနှင့် အမှုန့်တွေအဖြစ် ပျံ့ကြဲကုန်သည်။

ဥသြစွဲသံ မြည်ချိန်မှာပဲ ထောက်လှမ်းရေးအခန်း တည်ရှိရာ အထပ်မှ တပ်သားသုံးဆယ်ကျော်အဖွဲ့ တစ်ဖွဲ့က စောင့်ကြည့်ရေးအခန်းသို့ ပြေးကြသည်။

အထွေထွေဌာနချုပ်တွင် တပ်သား 100,000 ကျော် ရှိနေပေမယ့် ဥသြသံက ပိုနိမ့်သောအထပ်များက တပ်သားများ ဆီသို့ မရောက်သွားပေ။ စောင့်ကြည့်ရေးအခန်းကနေ ထိန်းချုပ်ထားသည့် အဝေးထိန်းလက်နက်များက ဒီတပ်သားသုံးဆယ်ကျော် အသုံးပြုနိုင်သည်။ ထပ်ဆောင်းပြောရလျှင် အင်ပါယာကို စတင်တည်ထောင်ကတည်းက ဥက္ကာခဲများ ကျရောက်လာသည့် အမြင့်ဆုံးအကြိမ်ရေက ရာဂဏန်း အနည်းငယ် မကျော် ဒီတော့ ဒီလောက်လူအများကြီးက အဲဒါကို အုပ်မိဖို့ လုံလောက်နေပြီ။

ပြီးတော့ အကယ်လို့ အခြေအနေက ပြင်းထန်လာမည်ဆိုလျှင် သူတို့တွေ အခြားအထပ်က တပ်သားတွေကိုပါ ချက်ချင်းခေါ်လို့ ရသည်။ မတော်တဆဖြစ်ရပ် တွေ့သည့်အချိန်မှာလဲ သူက တပ်မှူးရှဲရွန်ကို သတင်းပို့ပြီး ဖြစ်သည်။ သူလဲပဲ ဒီအထပ်ကလွှဲလျှင် အခြားအထပ်က တပ်သားတွေ အနှောင့်အယှက်မပေးဖို့ ပြောလေသည်။ အဲဒိနောက်မှာတော့ သူလဲ ဒီအခြေအနေကို ကြီးကြပ်ပေးရန် လာလိမ့်မည်။

စောင့်ကြည့်ခန်းထဲက တပ်သားက ဥက္ကာခဲကို ဖြိုခွဲလိုက်ချိန်တွင် စစ်ကူ တပ်သားသုံးဆယ်ကျော် က ထောက်လှမ်းရေးခန်းထဲကို ပြေးဝင်လာသည်။ တပ်သားက ဘာမှတောင် ထပ်ပြောစရာမလိုအပ်ပဲ အခြားသူတွေက ထိုင်ခုံတွေမှာ ထိုင်ကာ လက်နက်များကို ခေါ်ရန် အပြာရောင်မီးလင်းနေသည့် ထိန်းချုပ်သည့် မျက်နှာပြင်ကို နှိပ်နေကြပြီ။

အမှောင်ထုထဲတွင်တော့ ဂြိုင်နိုစကုတ်သံမဏိကိရိယာကြီး၏ အပေါ်ပိုင်းမှ အဝိုင်းပေါက် သုံးဆယ်ကျော် ပွင့်သွားကာ ငွေမှင်ရောင် ပြောင်းတွေ ထိုးထွက်လာကာ ကျယ်ပြန့်သော အာကာသထဲကို ချိန်ရွယ်လိုက်သည်။

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now