Chapter 40 Issues

4.9K 1.1K 22
                                    

Chapter 40 Issues

ရီရှောင် သူ့ထိုင်ခုံထဲကို နစ်ဝင်သွားပြီး သူ့မျက်နှာမှာလဲ ချွေးစေးတွေ ဖုံးလွှမ်းနေသည်။ သူ့မျက်စိရှေ့က မြင်ကွင်းက ဝါးတားတားဖြစ်ကာ သူ့မျက်စိရှေ့က ထိန်းချုပ်ရေးမျက်နှာပြင်တစ်ခုလုံးက ပုံရိပ်နှစ်ခုအဖြစ် ခေါက်ချိုးညီနေသည်။ သူ့ဆီကို ဦးတည်ပြီး လာနေသည့် အလင်းဖြူကို ရှောင်တိမ်းရန်အတွက် ညွှန်ကြားချက်တွေ ထည့်ဖို့တောင် ခွန်အားမရှိတော့။

“ဖေ့.. တောင်းပန်ပါတယ်။ ဒါပေမယ့် ကလေးလေးကလည်း နာနေလို့…” သူ့ကိုယ်လုံးကို ပြောင်းချိန်တွင် သူ့ရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်ကို ပုံသဏ္ဍာန်ချဖို့ အချိန်လဲ လိုသေးသည်။ ဒီအချိန်လေးတွင် မရှင်သန်နိုင်ဘူးဆိုပါက သူ့ကိုယ်လုံးက လုံးဝကို ပြောင်းလဲလို့မရ။ သူ့အသက်ဓါတ်က ကျန်ရစ်ကြံခိုင်နေသေးလျှင်တောင် အချိန်အကြာကြီး ပြန်ပြုပြင်ရမည် ဖြစ်ကာ သေတောင် သေသွားနိုင်သည်။

ရီရှောင့်ဗိုက်ထဲတွင် အချိန်အကြာကြီး နေပြီးချိန်မှာ ရီရှောင့် အသွေးအသားတွေနှင့် သူက တစ်သားတည်း ဖြစ်နေသည်။ အခုတော့ ရီရှောင့်ကိုယ်ကနေ သူ့ကိုယ်သူ ဖြည်းဖြည်းချင်း ဆွဲခွာနေသည်။ ရီရှောင် နာကျင်နေတာ အံသြစရာတော့ မဟုတ်။ ကလေးလေးက ရီရှောင့်ကိုယ်ကနေ ဂရုတစိုက် ဆွဲခွာနေကာ ဆက်သွယ်သည်ဆိုယုံလှသော အသွေးအသားလေးသာ ချန်ထားကာ ဘောလုံးတစ်လုံး သဏ္ဍာန်သို့ ဖြည်းဖြည်းချင်း ပုံဖော်ကာ သူ့ကို အထဲမှာ ထားပြီး အပြင်ကနေ အဖြူရောင်ဖောက်ထွင်းမြင်နိုင်သော အလွှာတစ်ခု က ဖုံးကွယ်ထားသည်။

လုံယွမ်က တိုက်ခိုက်ရေးအခန်းတံခါးကို တွန်းဖွင့်လိုက်တော့ သူမြင်လိုက်ရတာက တလက်လက်တောက်နေသည့် အလင်းဖြူက မတ်တပ်ရပ်နေသော မက္ခအဖြူဆီသို့ ဦးတည်နေတာမို့ “အက်ရှ် ။ မင်း သောက်ရူးဖြစ်သွားပြီလား။ ရီရှောင့်ကို လက်နက်အစစ်နဲ့ တိုက်နေတာလား။ မင်းဘာဖြစ်နေတာလဲ။ ရီရှောင် ဘာလို့ မခုခံတာလဲ”

အဲဒိ မက္ခအဖြူထဲမှာ ထိုင်နေတာ ရီရှောင်မလား?

လုံယွမ်က အနက်ရောင်မက္ခကို ဖျတ်ခနဲကြည့်လိုက်သည်။ ဒီမှာများ လက်နက်အစစ်သုံးရဲတယ်ပေါ့လေ။ ပြီးတော့ သူအခုလို လုပ်လိုက်တာက ရီရှောင့်ကို ဖြစ်နေသေးသည်။ သူ သေချာပေါက် အပြစ်ပေးရမည်။ ရီရှောင်က မလွတ်သေးဘူး။ ဘာဖြစ်တာလဲ!

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now