Chapter 63 Closer

3.8K 865 2
                                    

Chapter 63 Closer

အစောင့်များ၏ အဆီးအတား မရှိပါပဲ တစ်ရာနီးပါးလောက် ဘုရင့်အစောင့်များ စောင့်ကြပ်ရာ အဝန်းအဝိုင်းထဲကို အမြန်ပြေးဝင်သွားကြသည်။ 

လင်းယွင်က လုံယွမ့်ဘေးတွင် ပြေးလာသည်။ ခပ်ဝေးဝေးက အပင်အရိပ်များ နောက်က အရိပ်အကြီးကြီးကို မျှော်ကြည့်လိုက်ပြီးတော့ သူ(မ)၏ နုနုရွရွ မျက်ခုံးလေးက အနည်းငယ် ကျုံဝင်သွားသည်။ “ဒီလို လှုပ်ရှားမှုကြီး လုပ်လိုက်တာ နောက်ထပ် နောက်ထပ် အစောင့်တွေ လာမှာ စိုးတယ်။ အန်တီက ပြေးတာ မြန်တယ်။ နန်းတော်နားကို အမြန်ပြေးသွားလို့ ရနိုင်မလားဆိုတာ ကြည့်လိုက်ဦးမယ်။ မင်း ဒီမှာ သူတို့ကို အရင် ညွှန်ကြားလိုက်ဦး ဒါပေမယ့် ငါ့ကိုတော့ အစောင့်တွေ မိသွားလို့ မဖြစ်ဘူးနော်” လင်းယွင်က ပြောပြီးတာနှင့် သူ့ခန္ဓာကိုယ်က ဖျတ်ခနဲနင့် လုံယွမ့်ရှေ့ကနေ ပျောက်ကွယ်သွားသည်။

လင်းယွင်၏ စကားများလဲ ကြားရော လုံယွမ့်ကိုယ်က အနည်းငယ် လှုပ်ခတ်သွားလေသည်။ဒါပေမယ့် သိပ်မကြာခင် သူ့ခြေလှမ်းတွေကို သူပြန်ထိန်းလိုက်သည်။ တကယ်ပဲ သူလို ဒီနေရာနှင့် အကျွမ်းတဝင် မရှိတဲ့သူနှင့် ယှဉ်လျှင် လင်းယွင်က ပိုပြီး အလေးသာသည်။ သူ(မ)က နန်းတော်ထဲကို ရောက်နိုင်လျှင် ရီရှောင့်ကိုလဲ တတ်နိုင်သမျှ မြန်မြန် ရှာနိုင်မှာပင်။

သူသာဆိုလျှင် သေချာပေါက် အချိန်တွေ ပိုယူရလိမ့်မည်။ ပြီေးတာ့ ပတ်ဝန်းကျင်စိမ်းမှာ ရီရှောင့်ကို ကယ်ဖို့ အခွင့်ကောင်း ကို သူလွှတ်သွားနိုင်ကာ ရန်သူတွေ ရီရှောင်ကို အခြားတစ်နေရာကို ပို့လိုက်လျှင် ခြေရာခံရတာ ပိုခက်တာ ဒါမှမဟုတ် သူ့ကို ဘုရင်က ပုန်းတဲ့ နေရာကို တန်းခေါ်သွားပြီး နောက်သုံးရက် ကြာရင် လုပ်ရမယ့် လုပ်ဆောင်ချက်တွေ လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ။

ဘယ်နည်းပဲ ဖြစ်ဖြစ် သူ့အတွက် လက်မခံနိုင်စရာ အရှုံးကြီးပဲပင်။

လုံယွမ်က အခြေအနေ အကြောင်းအကျိုးကို ချိန်ဆလိုက်နိုင်သည်။ သူ အခု ရီရှောင့်ကို မကယ်နိုင်သေးရင် လင်းယွင် အတွက် အချိန်လောက်အောင် ဆွဲပေးထားနိုင်ပြီးတော့ သူ(မ)နောက်က အရှုပ်တွေ ရှင်းလို့ ရသေးသည်။ လုံယွမ့်နှုတ်ခမ်းတွေက မျဉ်းဖြောင့်တစ်ကြောင်းလို တင်းနေကာ သူ့ရဲ့ မဟူရာမျက်ဆံများက ဖြည်းဖြည်းချင်းဆီ နက်ပြာရောင် အလင်းများ ဖုံးလွှမ်းလာသည်။ သူ့မျက်လုံးများက ညနက်နက်ကောင်းကင်ယံက အလင်းအစအနများနှင့် အရိပ်များ ရောမွှေထားရာ ဝဲဂယက်နှင့်တောင် ဆင်တူလှသည်။

 ကြယ်တာရာခောတ် လက်မထပ်ခင် ကိုယ်ဝန်ရှိ​ြခင်း ( Myanmar Translation) - CompleteWhere stories live. Discover now